Healthy & Beauty

မိုးရာသီရောက်တော့မယ်ဆိုရင်…

မိုးရာသီရောက်တော့မယ်ဆိုတော့ အဓိကထားကာကွယ်ရမှာကတော့ ခြင်ကျားပါ။ သွေးလွန်တုပ်ကွေးရောဂါရဲ့အဓိက တရားခံကတော့ ခြင်ကျားတွေပါပဲ။ ရေကြည်ရေသန့်မှာပဲပေါက်ဖွားပြီးတော့ နေ့လည်ဘက်တွေမှာ ကိုက်တတ်ကြပါတယ်။ခြင်အကိုက်မခံရအောင် အတတ်နိုင်ဆုံးနေထိုင်သင့်ပါတယ်။

ပတ်ဝန်းကျင်မှာ ခြင်ကျားတွေတတ်နိုင်သမျှ မပေါက်ဖွားနိုင်အောင် ကြိုတင်ပြီးကာကွယ်ထားကြဖို့အတွက်လိုအပ်ပါတယ်။ ဒါဆို ဘယ်လိုကာကွယ်ကြမလဲ ခြင်မကိုက်အောင် ဘယ်လိုတွေနေထိုင်ရမလဲဆိုတာလေး ကိုပြောပြပေးချင်ပါတယ်။

၁။ ရေအိုင်တွေကိုရှင်းပါ

မိုးတွေရွာပြီးတဲ့အခါ ကျန်ခဲ့တဲ့ရေအိုင်တွေမှာ ခြင်တွေအများဆုံးပေါက်ဖွားတတ်ပါတယ်။နောက်ပြီးတော့ ရေသွားမြောင်းတွေကို အမြဲရေစီးရေလာကောင်းမွန်အောင် ပြုလုပ်ပေးပါ။ခြင်တွေမပေါက်ဖွားနိုင်အောင် ဂရုစိုက်ပါ။

၂။ရေသိုလှောင်ကန်တွေကို အမြဲဂရုစိုက်ပါ

ရေသိုလှောင်ထားတဲ့ ရေကန်တွေထဲမှာ ခြင်ဥတွေ မရှိရလေအောင် ဂရုစိုက်ပေးပါ။ မိုးရေခံထားတဲ့စည်တွေကို လဲ သေချာစွာပိတ်လှောင်ထားပါ။ ခြင်ကျား အဓိကပေါက်ဖွားတဲ့နေရာတွေကတော့ ရေကြည်ရေသန့်နေရာတွေဖြစ်တဲ့ သိုလှောင်ထားတဲ့ရေစည်တွေ ရေကန်တွေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံအောင် အဖုံးများသေချာစွာအုပ်ပြီး ဂရုစိုက်သင့်ပါတယ်။

၃။အိမ်ထဲကို ခြင်တွေမ၀င်လာနိုင်အောင် အမြဲကာကွယ်ပါ

အခန်းတံခါးပေါက်တွေကို ခြင်လုံသံဇကာတပ်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ကလေးတွေအတွက်ဆိုရင် ကလေးတွေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ ခြင်ပြေးကပ်ခွာ စတေကာလေးတွေ ခြင်မကိုက်ဆေးလေးတွေကို အသုံးပြုသင့်ပါတယ်။နေ့လည်ဘက်မှာ ကလေးတွေအိပ်တဲ့အခါမှာလည်း ခြင်ထောင်ထောင်ပြီး ပေးအိပ်သင့်ပါတယ်။

၎။ခြံဝန်းထဲကရေ၀ပ်နိုင်တဲ့အရာတွေရှင်းပါ

ဥပမာ- ကားတာယာတွေ ၊ ရေပုံး ၊ ကလေးကစားစရာတွေ ၊ပန်းအိုးအကွဲတွေ ၊ ဘူးခွံ့တွေစတာတွေထဲမှာလဲ ရေ၀ပ်တဲ့အခါ ခြင်တွေပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် သေချာစွာဂရုစိုက်ပြီး ရှင်းလင်းပေးပါ။

၅။ခြင်မကိုက်အောင်နေပါ

ခြင်တွေ အကိုက်ခံရအောင် အတတ်နိုင်ဆုံးနေပါ။အင်္ကျီအရှည် ဘောင်းဘီအရှည်လိုမျိုးတွေ ၀တ်ဆင်ပါ။ အရောင်အနုလေးတွေကို ၀တ်ဆင်ပါ ။အမဲရောင်လို အရောင်အနက်တွေဝတ်ဆင်ထားတဲ့သူက ခြင်ပိုအကိုက်ခံရတာကို သတိထားမိကြမှာပါ။ အထူးသထိထားရမှာတစ်ခုကတော့ အဲကွန်းဖွင့်ထားတဲ့အခန်းထဲမှာ ခြင်ဆေးခွေမထွန်းမိအောင် အထူးသတိထားပြီး ဆင်ခြင်ရမှာပါ။

ခြင်ကျားအကိုက်ခံရတဲ့အခါမှာ နောက်ဆက်တွဲအကျိုးတွေကတော့ သွေးလွန်တုပ်ကွေးဖြစ်လာပြီးတော့ ကလေးတွေမှာ အသက်အန္တရာယ်အထိဖြစ်ပေါ်စေနိုင်တာမို့ အထူးသတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ဒါဆို နောက်ထပ် ဗဟုသုတရစေမယ့်အကြောင်းအရာတွေ ၊ ကျန်းမာရေး အလှအပ ၊ဟင်းချက်နည်းတွေ စသဖြင့် အများကြီးတင်ဆက်ပေးဖို့ ရှိနေသေးတဲ့အတွက်ကြောင့် yathar ကို see first လေးလုပ်ထားပါအုန်းနော်။ဒါဆို အခုနည်းလမ်းလေးတွေကို သူငယ်ချင်းတွေကိုလဲ shareလေးနှိပ်ပြီး မျှဝေလိုက်ကြပါအုန်း။

About the author

Yadanar Hsu Khin

Yadanar Hsu Khin