အင်တာဗျူး

ကိုယ်တိုင်စားသလိုမျိုး Customer တွေအတွက် ပြင်ဆင်ပေးတယ်

မြောက်ဥက္ကလာမှာ နာမည်ကြီးတဲ့ First Step Bar ရဲ့ customer တွေ အပေါ်ဘယ်လိုဂရုစိုက်လဲ? Customer တွေအပေါ် ဘယ်လိုစေတနာတွေနဲ့ ရောင်းချပေးနေလဲဆိုတာ ဖော်ပြပေးထားပါတယ်။

မေး- အစ်ကို့နာမည်လေးနဲ့ အစ်ကို ဒီFirst Step Bar and restaurant ကို ဘယ်လိုစိတ်ကူးမျိုးလေးနဲ့ စတင်ဖွင့်ဖြစ်တာလဲ။
ဖြေ- ကျွန်တော့နာမည်က ပြည့်ဖြိုးပါ။ လူတိုင်းမှာ ပထမခြေလှမ်းဆိုတာ ရှိကြတာချည်းပဲ။ ပထမခြေလှမ်းကနေမှ ဒုတိယခြေလှမ်းတွေ၊ တတိယခြေလှမ်းတွေ ထပ်လာမယ်။ အဲ့ဒါကြောင့် Logo လေးကိုတောင် လှေကားထစ်ပုံလေးလုပ်ထားတာပါ။

မေး- ဒီဆိုင်မှာ ဘယ်လိုအစားအစားမျိုး အဓိကရလဲ။
ဖြေ- ဒီဆိုင်မှာ တရုတ်၊ထိုင်းအစားအစာနဲ့ ထူးခြားတာက ရခိုင်အစားအစာနဲ့ ကချင်စတိုင်လည်းရပါတယ်။BBQ ကိုတောင် ကချင်စတိုင်လည်းရတယ်။ ထိုင်းစတိုင်လည်းရပါတယ်။

မေး- ဒီဆိုင်ကို စတင်တည်ထောင်ကတည်းက အခုချိန်ထိ ဘယ်လိုအခက်ခဲမျိုးတွေတွေ့ရလဲ။
ဖြေ- အမှတ်တရတွေကလည်း အများကြီးပဲ။ ကျွန်တော်တို့ဆိုင်ကို ဧည့်သည်တွေက ဟိတ်ဟန်ကြီးပြီး ဈေးကြီးမယ်ထင်ထားကြတာ။ တကယ်တမ်းတော့ ကျွန်တော်တို့ဆိုင်မှာ လုံးဝအချိုမှုန့်မသုံးဘူး။ ဆီကိုလည်း vegetable ပဲအဓိကသုံးတယ်။ customer တွေက အချိုမှုန့်သုံးတာလားဘာလား အဲ့လို အခက်အခဲမျိုးတွေတွေ့ရပါတယ်။ ဒါကိုလည်း Customer တွေကို ရှင်းပြတယ်။ တကယ်လည်း ဒီလိုသုံးတာပါ ဆိုတာကို လက်တွေ့ကျကျရှင်းပြတယ်။ အဓိက ကျန်းမာရေးနဲ့ ညီညွတ်အောင်ရောင်းတယ်။ ကိုယ်တိုင်စားသလိုမျိုး Customer တွေကိုလည်း ပြင်ဆင်ပေးတယ်။ Customer တွေကို ကိုယ်တိုင်လို့တွေးပြီး ရောင်းပါတယ်။

မေး- Customer တွေကိုရော ဘယ်လို service မျိုးတွေပေးလဲ။
ဖြေ – Wedding Party တွေ၊ Birthday Party တွေလည်း လုပ်လို့ရပါတယ်။ company meeting room တွေလည်းရှိတယ်။ ကျွန်တော်တို့က အပြင်ကို catering လည်းလုပ်ပေးတယ်။ အနီးတ၀ိုက်ကိုလည်း Delivery free ပို့ပေးပါတယ်။ catering ကိုလည်း လူဦးရေ ၂၀ ကနေ ၈၀၀၊ ၁၀၀၀၀ အထိ Catering လုပ်ပေးပါတယ်။ miss show ပွဲတွေလည်းလုပ်လို့ရမယ်။ ကျွန်တော်တို့ဆိုင်မှာ wedding လာလုပ်ကြတာများတယ်။ အခမ်းအနားကို ကျွန်တော်ကိုယ်တိုင်လုပ်ပေးတယ်။ လုပ်ပေးချင်တာတော့ အများကြီးပါပဲ။ ကျွန်တော်နောက်ထပ် အများကြီးလုပ်ပေးချင်ပါတယ်။ ဈေးနှုန်းလည်းချိုချိုသာသာနဲ့လုပ်ပေးတယ်။ ပွဲလာလုပ်မယ်ဆို Customer တွေကို ပွင့်ပွင့်လင်းလင်းမေးတယ်။ သူတို့သုံးချင်တဲ့ amount ပေါ်မူတည်ပြီး ပွဲသေချာစီစဉ်ပေးတယ်။

မေး- နောက်ထပ်ရော ဘာတွေဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။
ဖြေ- မျှော်လင့်ချက်တွေအများကြီးရှိပါတယ်။ ပထမခြေလှမ်းပြီးရင် နောက်ထပ်ခြေလှမ်းတွေအများကြီး လှမ်းဖို့ရှိပါတယ်။ ဆိုင်ပေါင်းများစွာလည်း လှမ်းဖို့ရှိပါတယ်။  customer တွေကိုလည်း ပြုံးပျော်ပြီးပြန်သွားတာပဲလိုချင်တယ်။ 

မေး- Customer တွေကိုရော ဘာတွေပြောပြချင်သေးလဲ။
ဖြေ- ကျွန်တော့်ဆိုင်လေးကို လာစားကြည့်ပါ။ ဈေးလည်းမများပါဘူး။ ကချင်အစားအစာလေးတွေလည်း ရှိပါတယ်။Customer တွေပျော်စဖို့လည်း အမြဲတမ်းဖန်တီးတယ်။ ကျွန်တော့်ဆိုင်မှာထူးခြားတာ တစ်ပတ်မှာ ၄ ရက် String Music Band ရှိတယ်။ မိုးရာသီမှာလည်း promotion တွေလုပ်ဖို့ရှိတယ်။ ကျွန်တော် promotion တွေကို yathar ကနေလည်း ကြေငြာမယ်။ ဟိုးအရင်ကတည်းက Yathar ကိုသိတယ်။ ကျွန်တော့ သူငယ်ချင်းတွေလည်း မေးတယ်။ သူတို့လည်း အဆင်ပြေတယ်ကောင်းတယ် ပြောကြတယ်။ ကျွန်တော်က Ladies night ကို Friday မှာ လုပ်တယ်။ Gentleman’s Night ကို Monday မှာလုပ်တယ်။ 

မေး-  နောက်ဆုံးမေးခွန်းအနေနဲ့ Yathar နဲ့ လက်တွဲဖို့ ဘယ်လိုစိတ်ကူးမျိုးလေးနဲ့ လက်တွဲဖြစ်တာလဲ။
ဖြေ – Yathar ကို သိတာကြာပြီဗျ။ Yathar က restaurant only သွားတာဆိုတော့ အဆင်လည်းပြေတယ်။ နောက်ဆိုင်တွေလည်း လက်တွဲဦးမယ်။မတွဲရသေးတဲ့ဆိုင်တွေဆိုရင်လည်း လက်တွဲကြည့်ဖို့ တိုက်တွန်းပါတယ်။ကျွန်တော်ဒီ Yathar နဲ့လက်မတွဲခင် customer တွေ recommend တွေတွေ့တယ်။ အားရတယ်။ အားသာချက်တွေတွေ့ရတယ်။ ကျွန်တော့်ဆိုင်လည်း Join သင့်တယ်ဆိုပြီး လက်တွဲဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရောင်းချပေးနေတဲ့ First Step Bar and Restaurant မှာ စားသုံးရင်း customer များအားလုံး ကျန်းမာချမ်းသာကြပါစေ။
ဒီလိုကောင်းတဲ့ဆိုင်မျိုးကို တခြားသူတွေလည်းသိအောင် ပြောပြလိုက်ပါဦးနော်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။