အင်တာဗျူး

ကိုယ်တိုင် Customer နေရာကခံစားပြီး Customer ဘက်က တွေးတယ်

မန္တလေးမှာ နာမည်ကြီးတဲ့ ၁၂ လွှာပေါ်က Music Sky Bar ကို တည်ထောင်ခဲ့ပုံ၊ အောင်မြင်အောင်ကြိုးစားခဲ့ပုံများ၊ အတွေ့အကြုံများနှင့် customer တွေအပေါ် တန်ဖိုးထားပုံများကို ဖတ်ရှုရင်း Music Sky Bar ကို မရောက်ဖူးသူဖြစ်စေ၊ တစ်ခေါက်လောက်သွားခဲ့ဖူးရင်တောင်ဖြစ်စေ နောက်ထပ်သွားချင်စိတ်များ ပေါ်လာမှာ သေချာပါတယ်။

မေး – အစ်ကို့နာမည်လေးနဲ့ ဒီ Music Sky Bar ကို ဘယ်လို စိတ်ကူးမျိုးနဲ့ စတင်တည်ထောင်ဖြစ်တာလဲ။
ဖြေ – အစ်ကို့နာမည်က ကိုဝင်းသိန်းထွန်း တော်တော်များများကတော့ ကိုဂျစ်တူးလို့ခေါ်ကြတယ်။ ဒီမှာ ကျွန်တော်က အကြီးဆုံးတာဝန်ရှိသူတစ်ဦးပါ။  ဒီ Music Sky Bar ကို ပြည်သူလူထု စိတ်ဝင်စားမှုရှိအောင်ရယ် ပြီးတော့ Rooftop လေးရဲ့ စတိုင်လေးကို သဘောကျပြီး ဒါလေးကိုလုပ်မယ်စိတ်ကူးပြီးတော့ ဖြစ်အောင်လုပ်ခဲ့တာပါ။

မေး – ဒီ Music Sky Bar ရဲ့ တည်နေရာက အရမ်းကို အချက်အခြာကျပြီး  View အရမ်းလှတော့ ဒီနေရာလေးကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။
ဖြေ – View တွေကို လိုက်ကြည့်တဲ့အချိန် ဒီ View က သူငယ်ချင်းအိမ်အပေါ်ထပ်မှာ ရောက်သွားတော့ ဒီ View လေးကို အရမ်းကြိုက်သွားတယ်။ ဒီနေရာမှာ Hotel ဆောက်လိုက်တော့ ဒီက တာဝန်ရှိသူတွေ ပိုင်ရှင်တွေကို Request လုပ်ပြီးကမ်းလှမ်းခဲ့တာပါ။ သူတို့ဘက်က ကမ်းလှမ်းတာကို လက်ခံတော့မှ အောင်မြင်အောင် လုပ်ခဲ့တာပါ။

မေး – ဒီ Music Sky Bar ကို လုပ်တုန်းက ဘာတွေအခက်အခဲတွေ တွေ့ရလဲ။
ဖြေ – အခက်အခဲတွေကတော့ အများကြီးပါပဲ။ အရင်ဆုံး ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေပေးရတယ်။ငါဒါမျိုးလုပ်လိုက်ရင် ဒီနေရာမှာ အဆင်ပြေနိုင်မလား တွေးရတယ်။ တခြား အခက်အခဲတွေလည်း အများကြီးပါပဲ။ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။

မေး – Customer တွေကို ဘယ်လို service မျိုးတွေပေးလဲ။
ဖြေ  – Customer တွေကို ကိုယ်လိုပဲ စဉ်းစားလိုက်တယ်။ ကိုယ့်ရဲ့ စိတ်တိုင်းကျက ဘယ်လိုဖြစ်မလဲ။ ကိုယ်တိုင် တာဝန်ရှိသူအနေနဲ့ မတွေးပဲ ကိုယ့်ကိုယ်ကိုယ် customer နေရာကထားပြီး Customer နေရာကနေ သဘောကျတဲ့ပုံစံလေးအတိုင်းလေး ပေါ့ပေါ့ပါးပါးလေးပဲ တွေးပြီး ကိုယ့်စတိုင်လေးအတိုင်းသွားတယ်။ Customer တွေကို စိတ်ကျေနပ်မှုရှိအောင် Promotion လေးတွေ လုပ်ပေးတယ်။ အစားအသောက်ပိုင်းဆိုင်ရာမှာလည်း Customer တွေရဲ့ ပုံစံကိုကြည့်ပြီး ဒီလူက ဘယ်လိုမျိုးကြိုက်တတ်လဲဆိုတာ ကြည့်ပြီး စားဖိုမှူးတွေက Facility လေးကိုကြည့်ပြီးပြောင်းပေးတယ်။ စားဖိုမှူးတွေ အရမ်းတော်တယ်။ချက်တဲ့ အရသာရော ဒီလူက ဒီလိုပုံစံကြိုက်တယ်ဆိုတဲ့ ဖြတ်ထိုးဥာဏ်ရှိတာလေးကို တော်တော်သဘောကျတယ်။ ကိုယ့်ဆီကိုလာတဲ့ Customer တွေ စိတ်ကျေနပ်မှုရှိရမယ်လို့ ယုံကြည်တယ်။

မေး – ဒီမှာဆို လူငယ်ပိုင်းလာတာ များတဲ့အပြင် Customer တွေရဲ့ Feedback တွေကို အရမ်းဂရုစိုက်တာတွေ့တယ်နော်။
ဖြေ – ကျောင်းနယ်နိမိတ်ပုံစံမျိုးလေးနဲ့ လူနေမှုကလည်း ထူထပ်တော့ လူငယ်ပိုင်းများတယ်။ ဒီနေရာမှာ ဒီ Sky Bar လေးရှိတော့ အဆင်ပြေတယ်။ Customer ကို ကျွန်တော်တို့က အရမ်းအလေးထားတယ်။ သူတို့ရဲ့ Feedback က ကျွန်တော့အတွက် အောင်မြင်မှုပဲ။ Customer တွေ comment ပေးပြီး feedback ပေးလေ ကျွန်တော်တို့ အတွက် အောင်မြင်လေပါပဲ။ ကျွန်တော်တောင်းဆိုချင်တာက comment များများပေးပြီး feedback များများပေးပါ။ Customer တွေစိတ်ကျေနပ်ရင် ကျွန်တော်လည်း ကုသိုလ်လည်းရ ၀မ်းလည်းဝပါတယ်။

မေး – နောက်ထပ်လုပ်ငန်းတိုးချဲ့ဖို့တွေရော ရှိသေးလား။ နောက်ရော ဘာတွေလုပ်ဖို့ရှိလဲ။
ဖြေ – နောက်ထပ်လုပ်ငန်းတိုးချဲ့ဖို့ဆိုတာထက် လောလောဆယ် ဒါကို အောင်မြင်အောင်လုပ်လိုက်ပါဦးမယ်။ အောင်မြင်သွားရင် တိုးချဲ့ဖို့တော့ရှိပါတယ်။

မေး – Customer တွေကိုရော ဘာတွေပြောချင်ပါသေးလဲ။
ဖြေ – customer တွေအတွက် စိတ်ကျေနပ်မှုရှိအောင် Unplugged တို့ဘာတို့က အစ ကောင်းကောင်းသုံးပေးထားပါတယ်။ Customer တွေ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်သွားဖို့အတွက် service ပိုင်းကို သေချာလုပ်ပေးထားတယ်။ Customer တွေအားလုံးအတွက် စိတ်ကျေနပ်မှုရှိအောင် လုပ်ပေးပါမယ်။ comment ပေးပြီး ဝေဖန်ပေးပါ။ ဝေဖန်ပေးမှ အောင်မြင်မှုရှိမှာပါ။ အောင်မြင်အောင်လည်း ကြိုးစားမယ်။Customer တွေအတွက် Romantic ဆန်ဆန် surprise လေးတွေလည်းလုပ်ဖို့ရှိပါတယ်။

မေး – ကျွန်မတို့ Yathar နဲ့ ချိတ်ဆက်ပြီး အသုံးပြုခဲ့တဲ့အပေါ်မှာ အစ်ကို့ရဲ့ စိတ်ကျေနပ်မှုရှိရဲ့လား။
ဖြေ – Yathar နဲ့တွဲလိုက်တာ ကောင်းတယ်လို့ထင်တယ်။ မတူတဲ့အချက်အလက်လေးတွေ စိတ်ရောကိုယ်ပါလာပြီး ကြိုးစားပေးတယ်၊ အပင်ပန်းခံပေးတဲ့အတွက် ကျွန်တော့အနေနဲ့ အရမ်းကို စိတ်ကျေနပ်ပါတယ်။ တိုးတက်မှုလည်းရှိပါတယ်။ အားလည်းအားကိုးတယ်။ ဒါမျိုးကြေငြာအားလည်း ရှိမှဖြစ်မယ်။ ရွက်ပုန်သီးလိုပေါ့။ ရွက်ပုန်းသီးဆိုတာ အပြင်ပေါ်လို့ မရဘူး။ ရွက်ပုန်းသီးကို ပြည်သူလူထုသိဖို့ လိုပါတယ်။ ပြည်သူလူထုသိအောင်လုပ်ပေးတဲ့သူက Yathar လုပ်ပေးတာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ Yathar ကိုလည်း အခုလိုမျိုးလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့ အစ်ကို ကိုဝင်းသိန်းထွန်း ခေါ် ကိုဂျစ်တူးကိုလည်း ညီမတို့ Yathar Team မှ ကျေးဇူးအထူးတင်ရှိပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။