ဗဟုသုတ

ကိုယ်ဝန်ဆောင်ချိန် လုံးဝမစားသင့်သော အစားအစာများ

မိန်းကလေးတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အရေးကြီးဆုံး အချိန်တစ်ခုလည်း ဖြစ်ပါတယ်။မိမိရင်သွေးလေး မွေးဖွားဖို့အတွက် ၉လ လွယ် ၁၀လဖွားဆိုသလို ၉ လလောက် ကိုယ်ဝန်ဆောင်ရတဲ့အခါ စားချင်တာတွေစားမိတာ ရှိသလို လုံးဝမစားသင့်တဲ့ အစားအစာတွေကို စားမိနိုင်တာလည်း ရှိပါတယ်။မစားသင့်တာတွေကို စားမိတဲ့အခါ မိခင်ရော ကလေးကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေလျော့စားသင့်တယ်၊ ဘာတွေကိုတော့ ရှောင်သင့်တယ်ဆိုတာကို ဒီ article လေးကို ဖတ်ကြည့်လိုက်ဦးနော်။

Cheese အချို့
brie( ပြင်သစ် ဒိန်ခဲ အပျော့စား)၊ camembert ( အနံ့ပြင်းသော ပြင်သစ် ဒိန်ခဲပျော့)၊ chevre( some type of goat cheese ) ကဲ့သို့ cheese အပျော့စားတွေကို မစားပါနဲ့။ Danish blue or gorgonzola ကဲ့သို့soft blue-veined cheeses တွေကိုလည်း မစားသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ကို မှို( မြေဆွေး) တွေကနေ ပြုလုပ်ထားလို့ သူတို့မှာ listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲ့ ဘက်တီးရီးယားတွေက မမွေးသေးတဲ့ ကလေးလေးအတွက် အန္တရာယ်ရှိပါတယ်။ 

ဒါပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ hard cheese ဖြစ်တဲ့ cheddar, parmesan and stilton တို့လို Cheese တွေကို စားလို့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထို cheese တွေက နွားနို့ကို အပူပေး ပိုးသတ်ပြီးမှ လုပ်ထားတဲ့ cheese တွေမလို့ပါ။ 

အသား၊ငါး ညက်ညက်ကြိတ်ထားသော အီဆိမ့်သည့် အနှစ်
အသား၊ငါးတို့ကို ညက်ညက်ကြိတ်ထားသော အနှစ်များကိုလည်း မစားသုံးသင့်ပါဘူး။ သူတို့မှာလည်း listeria လို့ခေါ်တဲ့ bacteria တွေလည်း ပါဝင်ပါတယ်။

ကြက်ဥအစိမ်း ( သို့မဟုတ် ) မကျက်တကျက် ကြက်ဥတွေကို မစားပါနဲ့
ကြက်ဥများကို အကာကို ဖြူတဲ့အထိ (သို့မဟုတ်) အနှစ်ကို ကျက်တဲ့အထိ သေချာအောင်လုပ်ထားပါ။ 

မကျက်သေးတဲ့ အသားတွေကို မစားပါနဲ့
ပန်းရောင် ဒါမှမဟုတ် သွေးပါနေတဲ့ အသားတွေကို မစားပါနဲ့။ 

အရက်
ဒါကတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ ကိုယ်ဝန်သည်တွေ အရက်လုံးဝမသောက်သင့်ပါဘူး။

Energy drinks တွေလည်း မသောက်သင့်ပါဘူး
Energy drinks တွေမှာ ကဖိန်းဓါတ်တွေ အများကြီးပါလို့ ကိုယ်ဝန်ဆောင်မိခင်တွေ လုံးဝမသောက်သင့်ပါဘူးနော်။

အခုလို ဗဟုသုတရနိုင်တဲ့ စာတွေကို အပတ်စဉ်တင်ပေးနေမှာဖြစ်လို့ Yathar Page လေးကို Like လုပ်ထားဖို့ မမေ့နဲ့ဦးနော်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။