ကျန်းမာ & အလှအပ

နနွင်းဖြင့်ပြုလုပ်လို့ရနိုင်သော Mask ၉ မျိုး

နနွင်းဆိုတာ အိမ်ရှင်မတွေနဲ့ မစိမ်းတဲ့အပြင် အလှအပကြိုက်တဲ့သူတွေနဲ့လည်း ရင်းနှီးတဲ့ အရာတစ်ခုပါ။ အခုနနွင်းကို အသုံးပြုပြီး ပြုလုပ်လို့ရတဲ့ Mask ၉ မျိုးကိုပြောပြပါရစေ။

ပထမဆုံး Glowing Skin လေးရရှိဖို့အတွက်..
နနွင်းမှုန့်  —————————– လက်ဖက်ရည်ဇွန်း တစ်ဝက်
ငှက်ပျော်သီးကိုချေထားတဲ့အနှစ်—လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပျားရည်——————————- လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြုလုပ်ပုံ
အားလုံးကိုရောပြီးမွှေပါ။ မွှေထားပြီးသားအနှစ်ကို မျက်နှာနှင့် လည်ပင်းကိုလိမ်းပြီး မိနစ် ၃၀ ထားပေးပါ။
ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပါ။

၂ Lighting ဖြစ်တဲ့ skin လေးကို ရရှိဖို့အတွက်
နနွင်းမှုန့် —————————— လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Lemon/Orange Juice ———— လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် ——————————- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအားလုံးကိုရောပါ။ ရောပြီးသားအနှစ်ကို မျက်နှာနှင့် လည်ပင်းပေါ်သို့လိမ်းပါ။
မိနစ် ၃၀ ကြာအောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။

၃ ၀က်ခြံကင်းစင်တဲ့ မျက်နှာလေးဖြစ်ဖို့အတွက်
နနွင်းမှုန့် ——————————-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဒိန်ချဉ်  ——————————— လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Lemon Juice ————————  လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအားလုံးကိုရောပြီး မျက်နှာနှင့် လည်ပင်းကို လိမ်းပါ။
မိနစ် ၃၀ ထားပြီး ရေနှင့် ညှင်သာစွာ ဆေးချပါ။

၎ နေလောင်ထားသော အသားအရည်အတွက်
နနွင်း ———————————–  လက်ဖက်ရည်ဇွန်း တစ်ဝက်
ခရမ်းချဉ်သီးအနှစ် ——————–  လက်ဖက်ရည်ဇွန်း တစ်ဝက်
ဒိန်ချဉ် ———————————-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
အားလုံးကိုရောပြီး အနှစ်ပြုလုပ်ပါ။
ရရှိလာသော အနှစ်ကို မျက်နှာနှင့် လည်ပင်းပေါ်သို့လိမ်းပြီး မိနစ် ၃၀ ထားပါ။
မိနစ် ၃၀ ကြာသောအခါ ရေနွေးနွေးလေးနှင့်ဆေးချပါ။

၅ အရေးအကြောင်းများကို သက်သာစေဖို့အတွက်
နနွင်း ——————————– လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြားညို ————————– လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပျားရည် —————————– လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး အနှစ်ဖြစ်အောင်ပြုလုပ်ပါ။
အနှစ်လေးတွေကို မျက်နှာနှင့် လည်ပင်းကိုလိမ်းပါ။
မိနစ် ၃၀ ထားပြီိး ရေဆေးချပါ။

၆ မျက်နှာအဆီပြန်တဲ့သူများအတွက်
နနွင်း ——————————— လက်ဖက်ရည်ဇွန်း တစ်ဝက်
လိမ္မော်သီးအရည် ——————- လက်ဖက်ရည်ဇွန်း ၁  ဇွန်း
ဒိန်ချဉ် ——————————– လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Lemon Juice ———————– လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပါ။
အနှစ်လေးတွေကို မျက်နှာကို လိမ်းပါ။
မိနစ် ၂၀ ထားပြီးတာနဲ့ ရေဆေးချလို့ရပါပြီ။

၇ မျက်နှာခြောက်သွေ့တတ်သူများအတွက်
နနွင်း —————————– လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Heavy milk cream ———– လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် ————————- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပြီး အနှစ်ဖြစ်အောင် ပြုလုပ်ပါ။
အနှစ်များကို မျက်နှာကိုလိမ်းပြီး မိနစ် ၂၀ ကြာတာနဲ့ ရေအေးလေးနဲ့ ဆေးလို့ရပါပြီ။

၈ နနွင်းကို သဘာဝ cleanser အနေနဲ့ အသုံးပြုချင်သူများအတွက်
နွားနိုနှင့် နနွင်းမှုန့်ကိုရောပြီး မျက်နှာကိုလိမ်းကာ ၂ မိနစ် ၃ မိနစ်လောက် နှိပ်နယ်ပေးပါ။

၉ မျက်နှာမှာ Dark Circle ရှိသူများအတွက်
နနွင်း ————————— လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ခရမ်းချဉ်သီးဖျော်ရည် ——— အနည်းငယ်
Almond oil ——————– အနည်းငယ်
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအားလုံးကို ရောပြီး Dark Circle ရှိတဲ့နေရာများကို လိမ်းပါ။
၁၀မိနစ် သို့မဟုတ် မိနစ် ၂၀ ထားပြီး ရေဆေးချလိုက်ပါ။

ကျန်းမာလှပတဲ့ ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ပျိုမေလေးတို့ရေ။
စားသောက်ဆိုင်တွေကို လွယ်လွယ်ကူကူရှာဖွေချင်တယ်ဆိုရင်တော့ Yathar ရှိတယ်။သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ YatharDownload Link → https://s.yathar.com/apps







About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။