ကျန်းမာ & အလှအပ

ပန်းသွေးရောင်နှုတ်ခမ်းလေးကိုပိုင်ဆိုင်ဖို့ Homemade နည်းများ

နှုတ်ခမ်းမှာရှိတဲ့ အသားအရည်က အရမ်းကိုပါးလွှာတာကြောင့် နှုတ်ခမ်းခြောက်တာနဲ့ ညိုမဲတာတွေကို ဖြစ်ပေါ်စေတတ်တာပါ။ ဒါ့ကြောင့် နှုတ်ခမ်းသား ပန်းရောင်သမ်းဖို့ကို မိန်းကလေးများသာမက ယောက်ျားလေးများလည်း ဂရုစိုက်တတ်ကြပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းသားကို ပန်းရောင်သမ်းစေဖို့ Homemade နည်းလမ်းတွေက ဘာတွေများပါလိမ့်….

Coconut and Brown Sugar Scrub
သကြားညိုနဲ့ coconut oil scrub ကို အသုံးပြုပြီး ဆဲလ်သေတွေကို ဖယ်ရှားလို့ရပါတယ်။သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ coconut oil လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောမွှေလိုက်ပါ။မွှေထားတဲ့ဟာ အနည်းငယ်ကို နှုတ်ခမ်းပေါ်ကို လိမ်းပြီး ၅ မိနစ်ခန့် ထားပေးပါ။ ပြီးလျှင် ရေဆေးချလိုက်ပါ။ဒီနည်းလမ်းကို တစ်နေ့တစ်ကြိမ်ပြုလုပ်ပြီး ပန်းသွေးရောင် နှုတ်ခမ်းပိုင်ရှင်လေးဖြစ်နိုင်ပါပြီနော်။

Aloe Vera Gel
အားလုံးပဲသိထားကြသလို Aloe Vera Gel မှာ ရေဓါတ်ပါဝင်တဲ့ အာနိသင်တွေရှိပါတယ်။
Aloe Vera Gel က ထိခိုက်လွယ်တဲ့ အသားအရည်အတွက်လည်း အရမ်းအသုံးဝင်ပါတယ်။Aloe Vera Gelကို lip mask အနေနဲ့ အသုံးပြုပြီး နှုတ်ခမ်းသားကို နူးညံ့စေပါတယ်။Aloe Vera Gel ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ coconut oil လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောစပ်ပါ။ရရှိလာသော gel ကို နှုတ်ခမ်းသားပေါ်တင်ပြီး ၅ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးလျှင် ၁၀ မိနစ်ခန့် နှုတ်ခမ်းပေါ်မှာထားပြီး wet tissue နဲ့ သုတ်လိုက်ပါ။ ဒီနည်းလမ်းကို တစ်နေ့တစ်ကြိမ်ပြုလုပ်ပေးပါ။

သံပုရာရည်
သံပုရာရည်ဆိုတာ နှုတ်ခမ်းသားမဲခြင်းကို အကောင်းဆုံးကုသပေးနိုင်တဲ့ အရာတစ်ခုပါ။နှုတ်ခမ်းသားပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဂွမ်းစလေးမှာစွတ်ပြီး နှုတ်ခမ်းမှာလိမ်းပေးပါ။သံပုရာရည်ခြောက်သွားအောင်ထားပါ။ ပြီးလျှင် ၅ မိနစ်ခန့်ထားပါ။ ၅ မိနစ်ကြာလျှင်ရေဆေးလိုက်ပါ။ဒီနည်းလမ်းလေးကို တစ်ပတ်မှာ နှစ်ကြိမ် သို့ သုံးကြိမ်ပြုလုပ်ပေးပါ။ 

အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး ပန်းသွေးရောင်သမ်းတဲ့ နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်နိုင်ပါစေနော်။

Application download link
Android – https://play.google.com/store/apps/details?id=net.yathar
iOS – https://apps.apple.com/us/app/yathar-restaurant-gourmet/id1249613189

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။