ဗဟုသုတ

ဘာ့ကြောင့် Beer သောက်သင့်လဲ?

Beer ကို  ကြိုက်လို့သောက်တယ်၊ သောက်လို့ကြိုက်တယ်။ သူငယ်ချင်းတွေခေါ်လို့လိုက်သောက်တယ်၊ စိတ်ညစ်လို့သောက်တယ်၊ အသည်းကွဲလို့သောက်တယ် စတဲ့အကြောင်းပြချက်အမျိုးမျိုးသာ စုံသွားမယ် Beer ကတော့ အမြဲတမ်းသောက်နေကြပဲ။ ဒါပေမယ့် Beer သာသောက်နေကြတယ်။ ဘာ့ကြောင့် Beer ကို နေ့စဉ်သောက်သင့်သလဲဆိုတာ သိတဲ့သူအနည်းငယ်ရှားပါတယ်။ ဒါကြောင့် ဘာ့လို့ Beer ကို သောက်သင့်လဲ  ဆိုတာ သိချင်နေတဲ့ Beer ကြိုက်တဲ့သူတွေအတွက်…………….

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတယ်။
Red Wine နဲ့ Beer ( အမဲရောင် ဘီယာ) က နှလုံးသွေးလည်ပတ်မှုကိုကောင်းစေတယ်။ကိုလက်စတောနဲ့ လေဖြတ်ခြင်းကိုလည်း လျော့ပါးစေတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်က အလွန်အကျွံမဖြစ်အောင် ထိန်းသောက်တာကတော့ အကောင်းဆုံးပါ။   တန်လေး လွန်ဘေးဆိုသလို Beer များများသောက်မိရင်လည်း နှလုံးရောဂါကို တိုးပွားစေပါတယ်။

အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနှုန်းကိုလည်း ကာကွယ်ပေးတယ်
Beer မှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက အယ်လ်ဇိုင်းမားကိုဖြစ်ပေါ်စေတဲ့ အလူမီနီယံ အမြောက်အများပါဝင်မှုကို ဦးနှောက်စီမရောက်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် Beer သောက်တဲ့သူတွေအတွက် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနှုန်းကို 23% အထိ လျော့ချပေးနိုင်ပါတယ်။ Beer သောက်ပေးကြနော်။

အရိုးကိုလည်းသန်မာစေတယ်
Beer က အရိုးပွခြင်းကိုကာကွယ်ပေးပြီး အရိုးအဆစ်တွေကို သန်မာစေပါတယ်။   ဒါကြောင့် နွားနို့ကို မေ့လိုက်ပါ။ Beer သောက်ပါ။

ကျောက်ကပ်မှာ ကျောက်တည်တာကိုလည်း လျော့ကျစေတယ်
Beer သောက်တဲ့သူတွေအတွက် Beer သောက်ပြီးရင် အယ်လ်ကိုဟောက ဆီး အဖြစ်နဲ့ output ပြန်ထုတ်တာဆိုတော့ ကျောက်ကပ်မှာ ကျောက်တည်တာကို 41% လောက်အထိ လျော့ချပေးနိုင်ပါတယ်။ Beer သောက်ခြင်းက ကျောက်ကပ်ကို အလုပ်ပိုလုပ်စေတာကြောင့် ကျောက်ကပ်သန့်ရှင်းရေးလည်း ဖြစ်စေပါတယ်။

Beer က သင့်ကိုပျော်စေပါတယ်
ဒါကတော့ သင့်လည်းသိသလို Beer သောက်တဲ့သူတော်တော်များများသိတဲ့ တစ်ချက်ပါ။ တစ်နေကုန်အလုပ်လုပ်လို့ ထိုင်းမှိုင်းနေသမျှ Beer သောက်ပြီးတဲ့အခါတိုင်း သင့်စိတ်ကို လွတ်လတ်ပေါ့ပါးစေပြီး ပျော်ရွှင်စေမှာပါ။ ဘာ့ကြောင့်လဲဆိုရင် Beer မှာပါဝင်တဲ့ ဓါတ်တွေက ဦးနှောက်ထဲမှာ ရှိတဲ့ ဒိုပါမိုင်းဓါတ်နဲ့ အန်ဒေါ်ဖင်ဓါတ်ကို ထုတ်လွှတ်ပေးလို့ Beer သောက်တိုင်းပျော်ရွှင်စေပါတယ်။

ဒါ့ကြောင့် သင်ဒီနေ့ပင်ပန်းနေပြီလား?
ဒါဆို ကျန်းမာဖို့နဲ့ ပျော်ရွှင်ဖို့အတွက် Beer သောက်ဖို့ သူငယ်ချင်းတွေကို ခေါ်လိုက်ကြတော့မယ်လေ။Beer ကြိုက်တဲ့သူငယ်ချင်းတွေကို မန်းရှင်းခေါ်ခြင်းဖြင့် သူငယ်ချင်းအချင်းချင်း ပိုပြီးချစ်ခင်နိုင်ကြပါစေ။

Beer ဆိုင်တွေကို ရှာဖွေဖို့အတွက် https://s.yathar.com/apps မှာ Yathar Application ကို Download လုပ်ထားဦးနော်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။