Rose Tea ကို စားလို့ရသော နှင်းဆီပန်းအခြောက်ဖြင့်ပြုလုပ်ထားတဲ့အပြင် အရသာလည်းရှိပါတယ်။Rose Tea က ကျန်းမာရေးနှင့်ညီညွတ်သော Tea တစ်မျိုးလည်း ဖြစ်ပါတယ်။
ပန်းသွေးရောင်ခြယ်နေတဲ့ Rose Tea လေးက အရသာလည်းရှိတယ်၊ အရောင်အသွေးလည်းလှတဲ့အပြင် ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။အထူးသဖြင့် မိန်းကလေးများအတွက် Rose Tea ရဲ့ အကျိုးအာနိသင်က ပိုကောင်းပါတယ်။
Rose Tea က Menstrual Pain တွေကို လျော့ချပေးတယ်
မိန်းကလေးများ လစဉ်ခံစားကြုံတွေ့နေကျ Menstrual Pain တွေကို သက်သာစေပါတယ်။Rose Tea ကို ပျားရည်နှင့် ငရုပ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး ရောသောက်ပေးမယ်ဆိုရင် Rose Tea၊ ပျားရည်နှင့် ငရုပ်ကောင်းတို့၏ အကျိုးအာနိသင်ကြောင့် သွေးဆင်းမှုကို ပုံမှန်ပြန်ဖြစ်စေပါတယ်။
ဆံပင်နှင့် အသားအရည်အတွက် အထူးအကျိုးရှိစေပါတယ်
Rose Tea မှာ Vitamin A,C,E တို့ပါဝင်တဲ့အတွက် အသားအရည်ကို ရေဓါတ်ပြည့်ဝစေတယ်၊ အရေးအကြောင်းနှင့် အမဲစက်များကို လျော့ချပေးပါတယ်။ Rose Tea မှာ collagen လည်းပါဝင်တဲ့အတွက် အသားအရည်နှင့် ဆံပင်ကိုလည်း အားဖြည့်ပေးပါတယ်။
ကိုယ်ခံစွမ်းအားကိုလည်း တိုးမြင့်ပေးစေတယ်
Rose Tea မှာ Vitamin C ပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပါတယ်။တစ်နေ့ကို Rose Tea တစ်ခွက် သို့မဟုတ်နှစ်ခွက် သောက်ပေးပါက ကိုယ်ခံအားတိုးလာပြီး အအေးပတ်ခြင်းတွေကဲ့သို့ ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Stress တွေကိုလည်း လျော့ချပေးပါတယ်
Rose Tea နွေးနွေးလေးကို တစ်နေ့လုံးသောက်ပေးပါက စိတ်ကိုငြိမ်းချမ်းစေပါတယ်။ Stress တွေကို လျော့ချပေးပြီး တက်ကြွလန်းဆန်းစေပါတယ်။
အစာခြေလွယ်စေတယ်
Rose Tea မှာ ပါဝင်တဲ့ ဓါတ်တွေကြောင့် ၀မ်းတွင်းကိုလည်း ကျန်းမာစေပါတယ်။ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲနိုင်ဘူး ဆိုသကဲ့သို့ Rose Tea ကိုနေ့စဉ်သောက်ပေးပါက ၀မ်းတွင်းသန့်ရှင်းစေတဲ့အပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။
ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုရှိစေတဲ့ Rose Tea လေးကို သောက်ရင်း ချစ်ရတဲ့ပျိုမေတဲ့ လှပကြပါစေ။
အလှအပအတွက်ပြီးရင် စားသောက်ဖို့ ဆိုင်ရှာနေရင်တော့ Yathar Application ထဲမှာ ရှာဖွေလို့ရပါတယ်။
Download link → https://s.yathar.com/apps