ကျန်းမာ & အလှအပ

ရာသီပေါ်တုပ်ကွေး ကာကွယ်ဖို့ ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ အသီးအနှံ ၆ မျိုး

ယခုလက်ရှိဖြစ်ပွားနေတဲ့ ရာသီပေါ်တုပ်ကွေးများကို သဘာဝနည်းအတိုင်း အသီးအနှံများကို စားသုံးပြီး ကိုယ်ခံအားမြှင့်တင်ပေးတာ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ် ဆိုတဲ့ နည်းအတိုင်း သဘာဝအတိုင်း ကိုယ်ခံအားကောင်းစေတဲ့ အသီးအနှံတွေက ဘယ်လို အသီးအနှံတွေလဲဆိုတာ ဖတ်ရှုနိုင်ပါတယ်။

၁ လိမ္မော်သီး၊ ရှောက်သီး အမျိုးအစားလို အသီးများ
တုပ်ကွေး၊ အဖျားတို့ကို အဓိက ကာကွယ်ပေးတဲ့ အသီးက သံပုရာသီးကဲ့သို့ Vitamin C ဓါတ် အပြည့်အ၀ပါရှိသော အသီးများဖြစ်ပါတယ်။
Vitamin C က ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးဖြူဥထုတ်လွှတ်မှုကို အားပေးပါတယ်။ Vitamin C ဓါတ်ပါတဲ့ ရှောက်သီးအမျိုးအစား အသီးများမှာ
ရှောက်သီး
လိမ္မော်သီး
သံပုရာသီး
သံပုယိုသီး
တို့ပဲဖြစ်ပါတယ်။မြန်မာတို့ရဲ့ နည်းလမ်းအရ သံပုရာသီးကို ရေနွေးနဲ့စိမ်ပြီး နေ့စဉ်သောက်ပေးရင် တုပ်ကွေးအဖျားရောဂါကို ကာကွယ်ပေးတဲ့အပြင် ၀မ်းတစ်လုံးကောင်းလို့ ခေါင်းမခဲနိုင်တော့ပါဘူး

၂ ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းက Vitamin ဓါတ်တွေအများကြီးပါဝင်တဲ့ အသီးအနှံတစ်မျိုးပါ။  
ဖိုက်ဘာဓါတ်တွေအများကြီးပါတဲ့ Vitamin E, A and C ဓါတ်တွေအများကြီးပါလို့ ကျန်းမာရေးကို အများကြီးအထောက်အကူပြုပါတယ်။

၃ ကြက်သွန်ဖြူ
 ကြက်သွန်ဖြူက ဟင်းပွဲတိုင်းမှာ ပါဝင်တဲ့အရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ပြီးတော့ နည်းနည်းစားရင်တောင် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ကြက်သွန်ဖြူက သွေးပေါင်ကျတာကိုလည်းကာကွယ်ပေးပါတယ်။ကြက်သွန်ဖြူကိုတစ်နေ့ နည်းနည်းစီစားပေးမယ်ဆိုရင် ကိုယ်ခံအားကိုတိုးပွားလာစေပါတယ်။

၎ ဂျင်း  
ဂျင်းက လည်ချောင်းနာခြင်း နှင့် တခြားဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။   ဂျင်းပြုတ်ရည်ကိုသောက်ပေးခြင်းကလည်း တုပ်ကွေးဖြစ်ခြင်းကို သက်သာစေပါတယ်။

၅ ဒိန်ချဉ်
ဒိန်ချဉ်မှာ ပါဝင်တဲ့ ဓါတ်တစ်မျိုးက ကိုယ်ခံအားမြှင့်တင်မှုကို လှုံ့ဆော်ပေးပါတယ်။သကြားနဲ့သောက်ရမှာ မကြိုက်တဲ့သူတွေအတွက် ဒိန်ချဉ်ကို အသီးအနှံတစ်မျိုးမျိုးနဲ့ရောစပ်ပြီး သောက်ပေးလို့ရပါတယ်။ ဒိန်ချဉ်မှာ Vitamin D ဓါတ်ပါဝင်တဲ့အပြင် Vitamin D ဓါတ်က ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့အပြင် ရောဂါပိုးကို တိုက်ထုတ်ပေးတဲ့နေရာမှာလည်း အားဖြည့်ပေးပါတယ်။

၆ သင်္ဘောသီး 
သင်္ဘောသီးကလည်း Vitamin C အပြည့်အ၀ပါဝင်တဲ့အသီးအနှံတစ်မျိုးပါ။
သင်္ဘောသီးက အစာခြေဖျက်ပေးတဲ့ အာနိသင်လည်းရှိလို့ ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။   သင်္ဘောသီးမှာဆို ပိုတက်ဆီယမ်ဓါတ်၊ Vitamin B ဓါတ်တွေလည်းပါဝင်လို့ စားသုံးပေးသင့်ပါတယ်။

အထက်ဖော်ပြပါ အသီးအနှံများကိုစားသုံးခြင်းက ကျန်းမာရေးကို အထောက်အကူပြုစေတဲ့အပြင် တုပ်ကွေးကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ သဘာဝ အသီးအနှံတွေဖြစ်လို့ ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။ ဒီအသီးလေးတွေစားပြီး တုပ်ကွေးကာကွယ်လို့ရတယ်ဆိုတာ ကိုယ်လည်း သိသလို တခြားသူတွေလည်း သိအောင် share ပေးခြင်းနဲ့ ကုသိုလ်ယူကြရအောင်….

သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ
YatharDownload link – https://s.yathar.com/apps    

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။