ဆေးစာ

ရှူးရှူးရှဲရှဲ ထိုင်းစတိုင် ကြက်ကြော်စားကြဖို့…

ရှူးရှူးရှဲရှဲ ထိုင်းစတိုင် ကြက်ကြော်စားကြဖို့…

ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေဖို့က မင်မင့်တာဝန် ချက်ဖို့ပြုတ်ဖို့က Foodie တို့တာဝန်😝

ပိတ်ရက်မှာ ဘာဟင်းချက်ရမလဲ တွေးနေသူတွေအတွက် မင်မင်က ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေမယ့် ဟင်းချက်နည်းတစ်မျိုးပေးမယ်။

ထိုင်းစတိုင်ဆိုတော့ ရှူးရှူးရှဲရှဲလေးဖြစ်နေမှာ အသေအချာပဲနော်။

ပါဝင်ပစ္စည်းတွေက

  • ကြက်ရင်ပုံသား
  • ကြက်ဥ                     ၂ လုံး
  • ပေါင်မုန့်ခြောက်မှုန့်      ၁ ခွက်
  • ငရုပ်သီးမှုန့်                စားပွဲတင်ဇွန်း ၁ ၀က်
  • Vegetable oil           
  • ကြက်သွန်ဖြူ             ၂ မွှာ
  • သကြားညို                ၂ ဇွန်း
  • Soy sauce               ၃ ပုံ ၁ ပုံ
  • ငရုပ်ဆီ                     ၁ ဇွန်းခွဲ( အစပ်သိပ်မကြိုက်ရင် လျော့ထည့်လို့ရပါတယ် )
  • Creamy Peanut Butter  စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်း                          ၁ လက်မခန့်
  • ရေ                          အနည်းငယ်
  • ကော်မှုန့်                  ၁ ဇွန်း
  • နံနံပင်                      ၂ ဇွန်း

လုပ်နည်းလေးကတော့

  • အိုးထဲကို ဆီ ၁ လက်မခွဲလောက်ထိထည့်ပြီး အပူပေးထားပါ။
  • ကြက်ဥကို ပန်းကန်ထဲထည့်ပါ။
  • ပေါင်မုန့်ခြောက် နဲ့ ငရုပ်သီးမှုန့်ကို ရောပြီး နောက်ထပ်ပန်းကန်ပြားတစ်ချပ်ထဲထည့်ပါ။
  • ကြက်သားကို တစ်ချောင်းချင်းဖြစ်အောင်လှီးပြီး ကြက်ဥထဲကို နှစ်ပါ။
  • ပြီးရင် ပေါင်မုန့်ခြောက်နဲ့ ငရုပ်သီးမှုန့်ရောထည့်ထားသော ပန်းကန်ထဲကို ထည့်လိုက်ပါ။
  • ပြီးရင်တော့ ဆီပူပူထဲကို ထည့်ကြော်လိုက်ပါ။
  • Sauce ကို လုပ်ဖို့ ကြက်သွန်ဖြူ၊ သကြားညို၊ soy sauce၊ နံနံပင်၊ peanut butter ၊ ဂျင်း၊ ရေနဲ့

ကော်မှုန့်တို့ကို ရောပြီးသေချာမွှေပါ။

  • Sauce ရရင် နောက်ထပ်အိုးတစ်အိုးနဲ့ sauce ကို မီးအပူနည်းနည်းပေးပြီး ဆူပွက်လာအောင်ထားပြီး ဆူလာရင် မီးအပူရှိန်ကိုလျော့ပါ။ sauce နည်းနည်းပြစ်တယ်ထင်တဲ့အခါ ရေအနည်းငယ်ထပ်ရောပေးပါ။
  • ပြီးရင်တော့ ကြက်သားကြော်ထားတာကို sauce ထဲကိုထည့်ပြီး သေချာမွှေပေးပါ။
  • အားလုံးပြီးရင်တော့ ထမင်းပန်းကန်ထဲကိုထည့်ပြီး တစ်ခါတည်းစားနိုင်ပါပြီနော်။

ထိုင်းစတိုင် ရှူးရှူးစပ်စပ်ကြိုက်တဲ့ ကိုယ်သူငယ်ချင်းတွေကိုလည်း မန်းရှင်းခေါ်ပြီး လုပ်ကျွေးခိုင်းလို့ ရပြီလေ။

အိမ်မှာ ကိုယ်တိုင်ချက်မစားချင်တဲ့သူတွေအတွက် https://s.yathar.com/apps က yathar application ကို download လုပ်ပြီး စားသောက်ဆိုင်တွေကို ရှာဖွေလို့ ရပါတယ်နော်။

သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ YatharDownload link → https://s.yathar.com/apps

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။