ကျန်းမာ & အလှအပ

သဘာဝနည်းတွေနဲ့ skincare ရင်း Diet လုပ်ချင်သူတွေအတွက်

လူတိုင်းအလှအပကြိုက်ကြပါတယ်။ အလှအပအတွက်ဆို skincare လုပ်ဖို့ကလည်း အဓိကကျတယ်နော်။Skincare လုပ်တဲ့နည်းတွေအများကြီးထဲကမှ သဘာဝနည်းလေးတွေနဲ့ skincare လုပ်ရင်း လှပတဲ့ ဘ၀လေးပိုင်ဆိုင်နိုင်ဖို့ ဖတ်ကြည့်လိုက်ကြအောင်။ သဘာဝနည်းအတိုင်း ၀ိတ်ကျနည်းလေးတွေလည်းပါလို့ အကုန်လုံးကို ဖတ်ကြည့်လိုက်ဦးနော်။

72 နာရီအတွင်း ၀ိတ်ကျစေပြီး အသည်းကို သန့်ရှင်းစေဖို့ ဖျော်ရည်
အသည်းဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။ ခန္ဓာကိုယ်တွင်းမှာ အဆိပ်တွေ ရှိနေမယ်ဆိုရင် အသည်းက သူ့အလုပ်တွေကို သေချာမလုပ်တော့ပါဘူး။ အဲ့လိုမျိုးဖြစ်နေပြီဆို ၀ိတ်ပိုတက်လာတတ်ပါတယ်🤗
တစ်ခါတည်း ၀ိတ်လည်းကျ အသည်းလည်း ကျန်းမာလာစေမယ့် နည်းလမ်းရှိတယ်။ ၀ိတ်ကျဖို့ အချိန်ကလည်း ၇၂ နာရီပဲဆိုတော့ အရမ်းကို လန်းနေပြီနော်👌
လုပ်နည်းလေးကလွယ်တဲ့အပြင် ပါဝင်ပစ္စည်းတွေကလည်း ၀ယ်ရလွယ်တော့ ပိုအဆင်ပြေသွားပြီ။
ဘာတွေပါလဲဆိုတော့…..
ရေ – ၆ ခွက်
တရုတ်နံနံပင်ရဲ့ အရိုး – ၅ ခု
လှီးထားပြီးသား နံနံပင် – ၁ ခွက်
သံပုရာသီး – ၃ လုံး

🍀ဘယ်လိုလုပ်ကြမလဲ
ပါဝင်ပစ္စည်းတွေအားလုံးကို သန့်ရှင်းနေအောင်ရေဆေးပေးရပါမယ်
သံပုရာသီးကို အခွံနွှာရပါမယ် ။
အားလုံးပြီးသွားရင် ရေမထည့်သေးပဲ ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ပြီးကြိတ်ရပါမယ် ။
နောက်ဆုံးအနေနဲ့ အားလုံးကြိတ်ပြီးသွားရင် ရေထည့်ပြီးသမအောင်ရောမွှေပေးရပါမယ်။

🍀ဘယ်လိုသောက်ကြမလဲ
ဒီဖျော်ရည်က ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အရင်ဆုံး ၃ရက် စမ်းသောက်ကြည့်ပါ ။အကောင်းဆုံးရလဒ်တွေရဖို့အတွက် ဖန်ခွက် ၂ ခွက်စာ တစ်နေ့ကို ၃ကြိမ်သောက်ပါ။ ဖျော်ရည်သောက်နေတဲ့ အတောအတွင်းမှာ အစားကို နည်းနည်းပဲစားပါ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသားတွေစားပါ၊ အစပ်ရှောင်ပါ ၊ရေများများသောက်ပေးပါ 🥛ကျန်းမာပြီး အလှတိုးတဲ့ဘ၀လေးကို ပိုင်ဆိုင်ကြပါစေနော်

Beer ဆိုတာကို သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ပဲ သောက်ပြီး အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်နိုင်တယ်လို့ထင်နေရင်တော့ မှားပါမယ်။ Beer မှာ သင်ကိုယ်တိုင်တောင် မထင်မှတ်နိုင်လောက်တဲ့ အစွမ်းသတ္တိတွေရှိနေပါသေးတယ်။ Beer မှာ အလှအပကို အထောက်အကူပြုနိုင်တဲ့ဓါတ်တွေပါတယ် ဆိုတာသိပါသလား???
ဟုတ်ကဲ့ Beer မှာ အလှအပကိုအထောက်အကူပြုနိုင်တဲ့ဓါတ်တွေပါပါတယ်။
Beer ကို Hair Care အတွက်လည်း အသုံးပြုနိုင်ပါတယ်။
အံ့သြသွားမလား မသိဘူး။ Beer ကို ဘယ်လို Hair Care လုပ်နိုင်လဲဆိုတော့..
1  A natural conditioner အဖြစ် အသုံးပြုနိုင်ပါတယ်။
Beer က ဆံပင်တွေကို ကြံ့ခိုင်စေပြီး ဆံပင်ထူလာစေပါတယ်။
Beer ကိုခေါင်းလျှော်ရည်အဖြစ်အသုံးပြုပေးမယ်ဆိုရင် ဆံပင်တွေကို ထူလာစေပြီး ဆံသားကြံ့ခိုင်စေလို့ ပါးလွှာနေတဲ့ ဆံပင်တွေကို ဘိုင့်ဘိုင်သာပြလိုက်ပါ။

2  ဆံပင်က Protein ဓါတ်နဲ့အများဆုံးပါဝင်တာဆိုတော့ မုယောစပါးနဲ့လုပ်ထားတဲ့ Beer က Protein ဓါတ်ကို ဖြည့်စွက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို Beer နဲ့ခေါင်းလျှော်ပေးခြင်းအားဖြင့် Protein ဓါတ်ကိုဖြည့်ပေးနိုင်ပါတယ်။

3 Beer မှာ ပါဝင်တဲ့ Vitamin B နဲ့ အမြှပ်တွေက ဦးရေပြားဗောက်ထတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ပတ်မှာ ၂ ကြိမ်သို့ ၃ ကြိမ် Beer နဲ့ခေါင်းလျှော်ပေးတာနဲ့ ဗောက်လုံးဝကင်းစင်စေမှာပါ။

Beer က အသားအရည်အတွက်လည်း အကျိုးရှိသေးတယ်တဲ့..
ဘာများပါလိမ့်…
1 Beer မှာ ပါဝင်တဲ့ Vitamin က ၀က်ခြံထွက်တာကိုလည်းသက်သာစေပြီး မျက်နှာအသားအရည်ကို Glow စေပါတယ်။ အိမ်မှာ Beer ကို face pack လုပ်ပြီး သုံးကြည့်မှာ ထူးခြားမှုကိုတွေ့စေမှာပါ။

2 Beer ကို cleanser အနေနဲ့လည်း အသုံးပြုလို့ရနိုင်ပါတယ်။ အသားအရည်ပေါ်မှာရှိတဲ့ dead cells တွေကိုတောင် ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရည်ကိုလည်း ph balance ညီစပေါတယ်။

3 Beer ကို Lemon Juice နဲ့ရောပြီး သုံးပေးမယ်ဆို ချွေးပေါက်တာနဲ့ black spot တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် အသားအရည်က နုဖတ်နေပြီးတော့ လန်းဆန်းမှုကို ခံစားရမှာပါ။

သောက်လည်းသောက်လို့ရတယ် အလှအပအတွက်လည်း အသုံးပြုလို့ရတဲ့ Beer ရဲ့ ကောင်းကျိုးတွေကို သိပြီဆိုတော့ အခုပဲ Beer တစ်ဗူးပြေးဝယ်ပြီး skin care ကြတော့မလား။
Beer ကြိုက်တဲ့ကိုယ့်သူငယ်ချင်းတွေကိုလည်း သောက်ပဲသောက်မနေသင့်ကြောင်းနဲ့ skin care လည်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးတွေကိုလည်း ပြောပြဖို့ အခုပဲ မန်းရှင်းကြမယ်လေ…

Black Coffee နေ့စဉ်သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ
လူတိုင်းနီးပါး Coffee ကြိုက်ကြပါတယ်။ Coffee အမျိုးအစားအများကြီးထဲကမှ Black Coffee ကိုနေ့စဉ်သောက်ရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပါမယ်။
၁ မှတ်ဥာဏ်ကောင်းစေတယ်
အသက်တွေကြီးလာတဲ့နှင့်အမျှ မှတ်ဥာဏ်တွေ လျော့ပါးလာပြီးတော့ Dementia , Parkinson နဲ့ Alzheimer ရောဂါတွေ ပိုဖြစ်လာနိုင်ပါတယ်။မနက်ခင်းမှာ Black Coffee သောက်မယ်ဆိုရင် ဦးနှောက်ကို နိုးကြားစေပါတယ်။ Black Coffee ကိုနေ့စဉ်သောက်ရင် Alzheimer ရောဂါကို ၆၅% လျော့ချစေနိုင်ပြီးတော့ Parkinson ရောဂါကို ၆၀% လျော့ချစေနိုင်ပါတယ်။

၂ အားကစားပိုလုပ်နိုင်တယ်
Black Coffee ရဲ့ နောက်ထပ် အကြီးမားဆုံးအကျိုးကျေးဇူးတစ်ခုက Black Coffee ကို GYM မလာခင်သောက်ထားမယ်ဆိုရင် အားကစားလုပ်တဲ့အခါ ပိုပြီးခံနိုင်ရည်ရှိပါတယ်တဲ့။

၃ အသည်းအတွက်လည်း အကျိုးရှိတယ်
ခန္ဓာကိုယ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုအလုပ်လုပ်ပေးနေတဲ့ အသည်းက Black Coffee ကိုကြိုက်တာ သိပြီးပြီလား။ Black Coffee က အသည်းကင်ဆာ၊ အသည်းအဆီဖုံးတာနဲ့ အရက်သောက်လို့ အသည်းပျက်ဆီးတာကိုလည်း ကာကွယ်ပေးပါတယ်။ လူတစ်ယောက်က တစ်နေ့မှာ Black coffee 4 ခွက်နဲ့အထက်သောက်ရင် အသည်းရောဂါဖြစ်ပွားနှုန်းကို ၈၀% အထိလျော့ချပေးနိုင်ပါတယ်။

၎ အစာအိမ်ကို သန့်ရှင်းပေးတယ်
Black Coffee ကို သကြားမပါပဲသောက်ပေးမယ်ဆိုရင် ဘက်တီးရီးယားနဲ့ အဆိပ်တွေကို ဖယ်ရှားပေးလို့ အစာအိမ်ကို သန့်ရှင်းစေပါတယ်။

၅ နုပျိုစေတယ်
Black Coffee ကို သကြားမပါပဲ သောက်မယ်ဆိုရင် စိတ်နဲ့ခန္ဓာ ကို နုပျိုစေပါတယ်။
Black Coffee ကို သောက်ရင်ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖတ်ပြီးတော့ နောက်ပိုင်း Coffee သောက်ရင် Black Coffee ကိုပဲသောက်လိုက်ကြစို့။

၇ ရက်နဲ့ ၁၅ ပေါင်ချပေးမယ့် သခွားသီး
သခွားသီးက အသားအရည်လှစေတဲ့အပြင် ၀ိတ်ချဖို့အတွက် အကောင်းဆုံး သဘာဝအသီးတစ်ခုပါ။ သခွားသီးကိုစားပေးခြင်းဖြင့် ၀မ်းတွင်းအေးစေပါတယ်။ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါကောင်းမွန်တဲ့ သခွားသီးကို ၇ ရက်အတွင်းစားပြီး အလေးချိန် ၁၅ ပေါင် လျော့ချပေးစေနိုင်ပါတယ်။ ၇ ရက်အတွင်း ၁၅ ပေါင်တောင် လျော့ကျအောင် သခွားသီးကို ဘယ်လိုစားပေးသင့်လဲဆိုတဲ့ နည်းလမ်းလေးကို အားလုံးသိအောင် မျှဝေပေးလိုက်ပါတယ်။

မနက်စာ
မနက်စာဆိုတာ တစ်နေ့လုံး လှုပ်ရှားရုံးကန်နိုင်ဖို့အတွက် အရေးအကြီးဆုံးအရာတစ်ခုပါ။၇ ရက်အတွင်း ၁၅ ပေါင်ကျဖို့အတွက် မနက်စာမှာလည်း သခွားသီးစားပေးဖို့ လိုအပ်ပါတယ်။မနက်စာ တစ်ခါစားတိုင်း သခွားသီးသုပ်( cucumber salad) တစ်ပွဲ နဲ့ ကြက်ဥပြုတ် ၂-၃ လုံး အတူတူ စားပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ဗိုက်မ၀သေးပါက ပန်းသီး ဒါမှမဟုတ် မက်မွန်သီးကို စားပေးလို့ရပါတယ်။
Snacks
ဗိုက်ဆာလို့ snack တွေဘာတွေစားချင်တဲ့အချိန်ဆိုရင် ဇီးသီး ၅ လုံး၊ ပန်းသီးကြီးကြီး ၁ လုံး သို့မဟုတ် မက်မွန်သီး ၁ လုံးကို စားပေးလို့ရပါတယ်။
နေ့လည်စာ
အရသာရှိတဲ့ နေ့လည်စာတစ်ခုဖြစ်ဖို့ဆိုရင် ဂျုံပေါင်မုန့်မီးကင် တစ်ခုနဲ့ cucumber salad တစ်ပွဲ လိုအပ်ပါတယ်။Cucumber Salad ပြုလုပ်ဖို့ဆိုရင် သခွားသီးကို အစိတ်သေးသေးလေးတွေဖြစ်အောင် စိတ်ဖို့လိုပါတယ်။ ပြီးမှ olive oil ကို cucumber salad ထဲထည့်ပေးရပါမယ်။
အရသာရှိတဲ့ နေ့လည်စာရအောင် ဘယ်လိုလုပ်မလဲ
ပထမနည်း-
သခွားသီး
ကော်ဖီ သို့မဟုတ် Tea ( with no sugar)
လတ်ဆတ်တဲ့အသီးအနှံ  300 grams
အာလူး ၂ လုံး
တို့ လိုအပ်ပါတယ်။
အာလူးကို ကိုယ်ကြိုက်နှစ်သက်သလို မီးဖုတ်ပါ သို့မဟုတ် ပြုတ်ပါ။ပေါင်မုန့်ကို အချောင်းလေးတွေဖြစ်အောင်လှီးလိုက်ပါ။ အာလူးကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးလိုက်ပါ။ နေ့လည်စာစားပြီးတဲ့အခါ နှစ်သက်ရာ အသီးအနှံကိုစားလို့ရပါတယ်။ သကြားမပါတဲ့ ကော်ဖီ သို့မဟုတ် tea ကိုလည်း သောက်လို့ရပါတယ်။

ဒုတိယနည်း –
သခွားသီး
ကြက်ဥ ၂ လုံး သို့မဟုတ် ပေါင်မုန့် 15 grams 
tuna ငါး 150 grams 
အာလူး ၂ လုံး
ပေါင်မုန့်အကြီး ၃ လုံး
အာလူးကိုပဲရွေးရွေး ပေါင်မုန့်ကိုပဲ ရွေးရွေးအရေးမကြီးပါဘူး။ အဓိကက အာလူး သို့မဟုတ် ပေါင်မုန့်ကို သခွားသီးစိတ်လေးတွေနဲ့ Tuna ငါးနဲ့ကို ရောစားဖို့က အရေးကြီးပါတယ်။ အသားကို ဆီမပါပဲ grill လုပ်နိုင်ပါတယ်။ တကယ်လို့ Tuna မကြိုက်ပါက Tuna ကိုမထည့်ပဲလည်း စားသုံးနိုင်ပါတယ်။ 

Rose Tea ကို စားလို့ရသော နှင်းဆီပန်းအခြောက်ဖြင့်ပြုလုပ်ထားတဲ့အပြင် အရသာလည်းရှိပါတယ်။Rose Tea က ကျန်းမာရေးနှင့်ညီညွတ်သော Tea တစ်မျိုးလည်း ဖြစ်ပါတယ်။ပန်းသွေးရောင်ခြယ်နေတဲ့ Rose Tea လေးက အရသာလည်းရှိတယ်၊ အရောင်အသွေးလည်းလှတဲ့အပြင် ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။အထူးသဖြင့် မိန်းကလေးများအတွက် Rose Tea ရဲ့ အကျိုးအာနိသင်က ပိုကောင်းပါတယ်။
Rose Tea က Menstrual Pain တွေကို လျော့ချပေးတယ်
မိန်းကလေးများ လစဉ်ခံစားကြုံတွေ့နေကျ Menstrual Pain တွေကို သက်သာစေပါတယ်။Rose Tea ကို ပျားရည်နှင့် ငရုပ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး ရောသောက်ပေးမယ်ဆိုရင် Rose Tea၊ ပျားရည်နှင့် ငရုပ်ကောင်းတို့၏ အကျိုးအာနိသင်ကြောင့် သွေးဆင်းမှုကို ပုံမှန်ပြန်ဖြစ်စေပါတယ်။
ဆံပင်နှင့် အသားအရည်အတွက် အထူးအကျိုးရှိစေပါတယ်
Rose Tea မှာ Vitamin A,C,E တို့ပါဝင်တဲ့အတွက် အသားအရည်ကို ရေဓါတ်ပြည့်ဝစေတယ်၊ အရေးအကြောင်းနှင့် အမဲစက်များကို လျော့ချပေးပါတယ်။ Rose Tea မှာ collagen လည်းပါဝင်တဲ့အတွက် အသားအရည်နှင့် ဆံပင်ကိုလည်း အားဖြည့်ပေးပါတယ်။
ကိုယ်ခံစွမ်းအားကိုလည်း တိုးမြင့်ပေးစေတယ်
Rose Tea မှာ Vitamin C ပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပါတယ်။
တစ်နေ့ကို Rose Tea တစ်ခွက် သို့မဟုတ်နှစ်ခွက် သောက်ပေးပါက ကိုယ်ခံအားတိုးလာပြီး အအေးပတ်ခြင်းတွေကဲ့သို့ ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Stress တွေကိုလည်း လျော့ချပေးပါတယ်
Rose Tea နွေးနွေးလေးကို တစ်နေ့လုံးသောက်ပေးပါက စိတ်ကိုငြိမ်းချမ်းစေပါတယ်။ Stress တွေကို လျော့ချပေးပြီး တက်ကြွလန်းဆန်းစေပါတယ်။

အစာခြေလွယ်စေတယ်
Rose Tea မှာ ပါဝင်တဲ့ ဓါတ်တွေကြောင့် ၀မ်းတွင်းကိုလည်း ကျန်းမာစေပါတယ်။ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲနိုင်ဘူး ဆိုသကဲ့သို့ Rose Tea ကိုနေ့စဉ်သောက်ပေးပါက ၀မ်းတွင်းသန့်ရှင်းစေတဲ့အပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုရှိစေတဲ့ Rose Tea လေးကို သောက်ရင်း ချစ်ရတဲ့ပျိုမေတဲ့ လှပကြပါစေ။

အပေါ်မှာပြထားတဲ့နည်းလေးတွေကို သုံးပြီး ကျန်းမာလှပတဲ့ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Application Download link –
Android = https://play.google.com/store/apps/details?id=net.yathar
iOS = https://apps.apple.com/us/app/yathar-restaurant-gourmet/id1249613189

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။