ဆေးစာ

အရသာမှာထူးကဲတဲ့ ပုစွန်ကြွပ်ကြော်မွှေးဘယ်လိုလုပ်မလဲ

ရာသီဥတုကပူ၊ နေကပြင်းပြင်းမှာ စားရသောက်ရတာ ခံတွင်းမတွေ့သူတွေအတွက် ခံတွင်းမြိန်စေမယ့် ပုစွန်ကြွပ်ကြော်မွှေးလုပ်နည်းပြောပြမယ်။
ပုစွန်ဆိုတာ တော်တော်များများကြိုက်ကြတဲ့အပြင် စားရတာအရမ်းကောင်းလို့ ချက်စားဖို့အတွက် သိမ်းထားသင့်တဲ့ ဟင်းချက်နည်းတစ်မျိုးပါ။

ဟင်းချက်နည်းမပြောပြခင် သတိထားသင့်တဲ့အချက်က
– ပုစွန်ကြွပ်ကြော်မွှေးလုပ်ဖို့အတွက် coarse salt လို့ခေါ်တဲ့ ဆားတစ်မျိုးကို သုံးပေးသင့်ပါတယ်။
– Sichuan peppercorn  လို့ခေါ်တဲ့ ၀ှားကျောင်းစေ့(အထုံစေ့) အစား ငြုပ်ကောင်းမှုန့်ကို အသုံးပြုနိုင်ပါတယ်။သဘာဝအရသာအတိုင်းရချင်ပါက ၀ှားကျောင်းစေ့(အထုံစေ့) ကို အသုံးပြုတာပိုကောင်းပါတယ်။

ပုစွန်ကြွပ်ကြော်မွှေးထဲမှာ ဘာတွေပါလဲ…

ချီးချောင်းထုတ်ပြီးသား ပုစွန်– 300 g
ဆား —————————– ½ Tsp
ဂျင်း —————————— တစ် တက်
ဆန်မှုန့် ————————– ¼ cup
အထုံစေ့ ———————— 1 tsp ( City Mart မှာ ၀ှားကျောင်းစေ့ဆိုပြီး ၀ယ်လို့ရပါတယ်)
ဆီ
ကြက်သွန်ဖြူ ——————- 2 မွှာ(နုတ်နုတ်စင်း)
ကြက်သွန်မြိတ် —————– ၁ စီး( အဖြူပိုင်းကို နုတ်နုတ်စင်းပါ)
ငြုပ်သီးစိမ်း ——————— ¼
ငြုပ်သီးအနီ ——————— ¼

ပြုလုပ်နည်း

– ပုစွန်ကို ဆား၊ လှီးထားသောဂျင်းတို့ဖြင့်နယ်ပြီး ၁၅ မိနစ်ခန့်ထားပါ။
– ဆားနှင့် ၀ှားကျောင်းစေ့( အထုံစေ့) တို့ကို မီးအေးအေးဖြင့် ၁ မိနစ်ခန့်လှော်ပါ။
– ပြီးလျှင် အမှုန့်ဖြစ်အောင် ကြိတ်ပါ။
– ဆန်မှုန့်နှင့် လှော်ထားသော အမှုန့်ကို ရောလိုက်ပါ။
-ရောထားသော အမှုန့်ထဲသို့ ပုစွန်ကိုထည့်ပြီး နယ်ပေးပါ။
– ဆီကို အပူပေးပြီး ပုစွန်ကို အိုးထဲထည့်ကာ တစ်ဖက်ကို ၁ မိနစ်ခန့်ကြော်ပါ။
– ပုစွန်ကြော်ပြီးလျှင် အိုးထဲမှ ဆီနည်းနည်းခပ်ထုတ်ပါ။
– ဆီအနည်းငယ်ကျန်တဲ့အိုးထဲသို့ ကြက်သွန်ဖြူ၊ ငြုပ်သီး အစိမ်း၊အနီ၊ ကြက်သွန်မြိတ်လှီးထားသော အပိုင်းများကို ထည့်ပါ။
– ပုစွန်ကို အိုးထဲသို့ပြန်ထည့်ပြီး ဆားအနည်းငယ်၊ ငြုပ်ကောင်းမှုန့်အနည်းငယ်တို့ကိုထည့်ပြီး ရောလိုက်ပါ။
-ေ နာက်ဆုံးမှာတော့ အနံ့အရသာပြည့်စုံတဲ့ ပုစွန်ကြွပ်ကြော်မွှေးကို သုံးဆောင်နိုင်ပါပြီ။

အိမ်မှာကိုယ်တိုင်လုပ်မစားချင်တဲ့သူတွေလည်း အပြင်မှာစားသောက်ကြမယ်ဆို https://s.yathar.com/apps ထဲက စားသောက်ဆိုင်တွေကို ရှာဖွေလို့ရပါတယ်။

သင့်အတွက်စားသောက်ဆိုင်ကောင်းများ စုဝေးရာ Yathar
Download link → https://s.yathar.com/apps                             


About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။