ကျန်းမာ & အလှအပ ဆေးစာ

နွေရာသီမှာ ဒါတွေများများစားပါ

ဆောင်းကုန်လို့ နွေရာသီရောက်လာတဲ့အခါ ရာသီဥတုက အရင်ကထက် အမျာကြီးပူအိုက်ပါတယ်။ချွေးထွက်များလို့ အားအင်ကုန်ခမ်းတာမျိုးမဖြစ်ရအောင် အစားအသောက်လေးတွေနဲ့ ထိန်းသိမ်းတာက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဘယ်လိုအစားအသောက်လေးတွေစားပြီး ကျန်းမာရေးကိုစောင့်ရှောက်ကြမလဲ။ အကောင်းဆုံးက သဘာဝအသီးအနှံလေးတွေကို စားသင့်ပါတယ်။နွေရာသီမှာ စားသင့်တဲ့ သဘာဝအသီးအနှံလေးတွေကတော့…

၁ ခရမ်းချဉ်သီးကို စားပေးပါ
ခရမ်းချဉ်သီးမှာ သဘာဝက ပေးထားတဲ့ antioxidants နဲ့ Vitamin C တွေပါဝင်ပါတယ်။
ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဓါတ်တွေက နာတာရှည်ရောဂါဖြစ်တဲ့ ကင်ဆာကိုတောင် သက်သာစေပါတယ်။

၂ ဖရဲသီးစားပါ
Hydration hero လို့ဆိုရလောက်အောင် ရေဓါတ်ပါဝင်နှုန်းများတဲ့ ဖရဲသီးက နွေရာသီမှာ အစားသင့်ဆုံး အသီးအနှံတစ်ခုပါ။ ဖရဲသီးမှာ နေလောင်ဒဏ်ကို ကာကွယ်ပေးတဲ့ lycopene ဓါတ်လည်းပါဝင်ပါတယ်။

၃ လိမ္မော်သီးလည်း စားပေးပါ
ရေဓါတ် ၈၀% အထိ ပါဝင်တဲ့ လိမ္မော်သီးကလည်း ချွေးထွက်ရင်း ကုန်ဆုံးသွားတဲ့ ရေဓါတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးပါတယ်။

၎ ဒိန်ချဉ်စားပေးပါ
ဒိန်ချဉ်ဆိုတာ နွေရာသီမှာ စားဖို့လား ထင်ရလောက်အောင် နွေရာသီမှာ အစားသင့်ဆုံး အစားအစာတစ်ခုလည်းဖြစ်ပါတယ်။

၅ ပန်းသီး
ပန်းသီးက fiber အမျှင်ဓါတ်ပါဝင်နှုန်းများတဲ့ အသီးတစ်မျိုးပါ။
ပန်းသီးရဲ့ အပေါ်ခွံမှာ သဘာဝကပေးတဲ့ အကောင်းဆုံးဓါတ်တွေပါဝင်ပါတယ်။

၆ Green Tea ကိုသောက်ပေးပါ
ရေထက်ပိုပြီး ရေဓါတ်ပါတဲ့အရာကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ Green Tea ကိုသောက်ပေးပါ။
Green Tea မှာ ကင်ဆာကိုခုခံပေးနိုင်တဲ့ ဓါတ်တွေ၊ နှလုံးရောဂါကို ကာကွယ်ပေးတဲ့ ဓါတ်တွေ အများကြီးပါဝင်ပါတယ်။

နွေရာသီမှာ သဘာဝအသီးအနှံလေးတွေစားပြီး ပျော်ရွှင်ကျန်းမာကြပါစေ။
သင့်အတွက်စားသောက်ဆိုင်ကောင်းများ စုဝေးရာ yathar
Download Link –> https://s.yathar.com/apps


About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။