ကျန်းမာ & အလှအပ

ပိတ်ရက်တွေ အပြီး ရုံးပြန်ဖွင့်ချိန်မှာ အလှဆုံးဖြစ်အောင် ကူညီပေးမယ့် နည်းလမ်းများ

သင်္ကြန်ရုံးပိတ်ရက်တွေလည်းရောက်တော့မယ်နော်… 

ဒါဆို ..ပိတ်ရက်တွေအပြီး ရုံးပြန်တက်တဲ့အခါ လှလှပပလေး ရုံးတက်နိုင်အောင် နည်းလေးတွေပြောပြပေးမယ်

မျက်နှာမှာမိတ်ကပ်တွေ ဘယ်လောက်ပဲ လူးထားထား အောက်ခံ အသားရည်ကမကောင်းဘူးဆို  အလကားပဲဆိုတာ သိကြတယ် ဟုတ်…မိတ်ကပ်တွေလူးထားရင် ပုံမှန်မျက်နှာသစ်နေရုံနဲ့လည်း မလုံလောက်ဘူးလေ… scrub လုပ်ဖို့လဲလိုအပ်သေးတယ်။

အိမ်ထဲမှာပဲနေရင်း ဈေးကနေ အလွယ်ဝယ်လို့ရတဲ့ အသီးလေးတွေနဲ့ လုပ်လို့ရတဲ့ Scrubလုပ်နည်းလေးအကြောင်းပြောပြမယ်နော်…

Lemon Scrub

လီမွန်ဆိုတာကတော့ ဘယ်ဈေးဘယ်နေရာမှာပဲဖြစ်ဖြစ် အလွယ်တကူဝယ်လို့ရတဲ့ အသီးလေးနော်..တစ်ချို့ဆို အိမ်မှာတောင် အပင်စိုက်ထားကြသေးတာ။အများကြီးလုပ်ပြီးမှ အလေအလွင့်မဖြစ်ရအောင် မျက်နှာကို Scrub တစ်ခါ လုပ်စာ ပြောပြပေးပါမယ်။
ပထမဆုံး လီမွန်တစ်ဇွန်း ၊ ပျားရည် တစ်ဇွန်း ၊ သကြား တစ်ဇွန်းထည့်ပြီး ခွက်တစ်ခုထဲရောမွှေပေးနော်။ရလာတဲ့ အနှစ်လေးကို  သကြားအရည်ပျော်သွားတဲ့အထိ မျက်နှာအနှံ့သေချာလေး နှိပ်နယ်ပြီးလူးပေးပါ… လီမွန်နံ့မွှေးမွှေးလေးနဲ့မို့ စိတ်လဲလန်းဆန်းသွားမှာ အသေချာပဲနော်… သူက အဓိက မျက်နှာညိုညစ်နေတာတွေ အစက်အပျောက်ဖြစ်နေတာတွေကို သက်သာစေပြီးတော့ တစ်ပတ်ကို ၂ခါလောက်ပြုလုပ်ပေးမယ်ဆိုရင် သိသာတဲ့အကျိုးအာနိသင်ကို ရရှိမှာ အသေချာပဲ။

Banana Scrub

ငှက်ပျောသီးဆိုတာကလဲ အလွယ်တကူဝယ်လို့ရတဲ့အသီးပဲနော်။သူကကျတော့ ထိလွယ်ရှလွယ်တဲ့ အသားရည် ပိုင်ရှင်တွေအတွက် တကယ်ထိရောက်တဲ့ scrub    လုပ်နည်းလေးပါ။လိုအပ်တဲ့ပစ္စည်းတွေကတော့  ကြိတ်ထားတဲ့ ငှက်ပျောသီး ၃ဇွန်း ၊နွားနို့ ၁ဇွန်း  ၊ ချေထားတဲ့ oat တစ်ဇွန်း ၊ ပျားရည် အလွယ်တကူရှိတယ်ဆိုရင်တော့ ပျားရည်လေးပါ  ၁ဇွန်းထည့်ပေးနော်။  ပြီးရင် အားလုံးရောနယ်ပြီး ရလာတဲ့ အနှစ်တွေကို မျက်နှာပေါ်ထူထူလေးကပ်ထားပေးပါ ၁၀မိနစ်လောက်ထိ မျက်နှာပေါ်ထားပြီးမှ ရေနဲ့မျက်နှာသစ်ပေးပါ.. ဒါဆို မျက်နှာလေး သိသိသာသာသန့်ရှင်းပြီးနူးညံ့နေတာကို ခံစားရပါလိမ့်မယ်…       

WaterMelon Scrub 

အသားရည်တင်းတင်းရင်းရင်းလေးနဲ့ လှပနေဖို့ အတွက်ဆိုရင်  မျက်နှာမှာရေဓာတ်ပြည့်နေဖို့လိုတယ်နော်… ရေဓာတ်ပြည့်ဖို့အတွက် ရေသောက်နေရုံနဲ့လုံလောက်ပြီလား ဆိုရင်လည်း မလုံလောက်သေးပါဘူး… နွေရာသီကရောက်ပြီ ရာသီဥတုကလည်းပူလာတာ ဆိုတော့ ဖရဲသီးနဲ့ 
Scrub လုပ်လို့ရတဲ့နည်းလမ်းကို ပြောပြပေးအုန်းမယ်.
ဖရဲသီးအေးအေးလေးတွေက နွေရာသီအတွက်အကောင်းဆုံးပဲနော်…

ဖရဲသီးscrub လုပ်ဖို့လိုအပ်တာတွေက ဖရဲသီးတစ်စိတ်ဝယ် … ဖရဲသီးကိုအနှစ်ဖြစ်အောင်ချေပြီး ဂျုံမှုန့်တစ်ဇွန်းထည့်ပြီး နယ်.. ရလာတဲ့ အနှစ်ကို မျက်နှာပေါ်၁၅မိနစ်လောက်တင်ပေးထားရုံပဲ…

ကဲ ..ဘယ်လောက်လွယ်လိုက်လဲနော်… လွယ်လွယ်လေးဆိုပြီး အထင်တော့မသေးနဲ့အုန်း…

မျက်နှာညိုညစ်နေတာတွေ ပျောက်ပြီး Glow လာမှာ… 

အခုပြောပြပေးခဲ့တာတွေက လွယ်ကူပြီး ပြုလုပ်ရတာလည်းမြန်တယ်…ဘက်ဂျက်လဲသိပ်မကုန်ပဲ တကယ်ထိရောက်တဲ့နည်းလမ်းလေးတွေမို့ လက်တွေ့စမ်းပြီး လုပ်ကြည့်ကြနော်…

အခုလိုနည်းလမ်းလေးတွေရှိတာကို အချင်းချင်းလက်တို့ပြီး Sharing လုပ်လိုက်ကြရအောင်..