အင်တာဗျူး

အခက်အခဲကိုကျော်ဖြတ်နိုင်ဖို့ အရေးကြီးပါတယ်

လုပ်ငန်းတစ်ခုကို စလုပ်တယ်ဆိုရင် ဘယ်လိုအခက်အခဲတွေတွေ့နိုင်တယ်။ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်ရလဲဆိုတာ သိဖို့ SKY Food ရဲ့ ပဲ့ကိုင်ရှင် ဒေါ်သဉ္ဇာထွန်း ကိုမေးမြန်းထားပါတယ်။

Q 1 မင်္ဂလာပါ အစ်မ။ အစ်မနာမည်လေးနဲ့ အစ်မ ဒီ SKY Food ကို ဘယ်လိုမျိုးစတင်တည်ထောင်ဖြစ်ခဲ့လဲဆိုတာ ပြောပြပေးပါဦးအစ်မ။

Ans အစ်မနာမည် ဒေါ်သဉ္ဇာထွန်းပါ။ တကယ်တမ်း စားသောက်ဆိုင်က အစ်မလိုင်းမဟုတ်ပါဘူး။ အစ်မက ဒီဇိုင်နာလိုင်းကပါ။ အစ်မနဲ့ အစ်မ partner နှစ်ယောက်ပေါင်းပြီး ဒါလေးလုပ်ကြမယ်ဆိုပြီး အစားအသောက်လုပ်ငန်းပိုင်းကိုလုပ်ဖို့ တိုင်ပင်ခဲ့ကြတာပါ။ အဲ့ဒါနဲ့ သင်စရာရှိတာလေးတွေ သင်ကြတယ်။ မြန်မာအစားအစာ၊ ထိုင်းအစားအစာတွေကို သင်ကြတယ်။ အိမ်မှာလည်း သင်ကြတယ်။ 

အစ်မ partner ကလည်း နေရာရှာပေးတယ်။ သက်ငယ်ပိုင်းတွေအတွက်ဆိုရင် သွားစရာနေရာတွေ bar တွေများပေမဲ့ အသက်လတ်ပိုင်းတွေ( over 30)အတွက် Relax ဖြစ်တဲ့  သွားစရာနဲ့ Budget ပေါ်မူတည်ပြီး စားစရာနေရာ နည်းနည်းရှားတယ်လို့ ခံစားရတယ်။ နောက်ပိုင်း အစ်မ Partner နဲ့တိုင်ပင်ပြီးတော့ စုံတွဲတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေအတွက်ဆိုပြီး ရှုထောင့်မျိုးစုံက မဟုတ်ရင်တောင် အဲ့ဒီ့အချက် ၃ ချက်နဲ့ ကိုက်ညီတဲ့ ဒီနေရာလေးမှာ ဆိုင်လေးလုပ်မယ်ဆိုပြီး လုပ်ဖြစ်တာပါ။

Q 2 အခုလို SKY Food ကို စတည်ထောင်ကတည်း အခုချိန်ထိ ဘယ်လို အခက်အခဲမျိုးတွေကြုံတွေ့ရလဲ။ ဘယ်လိုမျိုးကျော်ဖြတ်ခဲ့ရလဲ။

Ans အစ်မအတွက် ဒီအစားအသောက်ပိုင်းကို တစ်ခုမှ မသိဘူး။ experience မရှိတော့ စစချင်းမှာ challenge လေးတွေတော့ ရှိတယ်။ 

ဘယ်လို Challenge လေးတွေလဲဆိုတော့ ကုန်ကြမ်းအလေအလွင့်မရှိအောင် ထိန်းသိမ်းမှု၊ စက်ပစ္စည်းရွေးချယ်မှု၊ ကုန်ကျစားရိတ် အနည်းဆုံးနဲ့ အရည်အသွေးအကောင်းဆုံးဖြစ်အောင် ပြုလုပ်မှု၊ ငွေအဝင်၊အထွက် စီမံခန့်ခွဲမှု၊ menu ရွေးချယ်မှု၊ ဝန်ထမ်း ထိန်းသိမ်းမှုတွေနဲ့ ပြိုင်ဆိုင်မှု အပိုင်းတွေမှာ challenge ဖြစ်ရတယ်။ 

အကြီးမားဆုံး challenge ကတော့ အစ်မရွေးချယ်ထုတ်လုပ်ထားတဲ့ menu နဲ့ Target Customer တွေ မပြည့်မှီဘူးဆိုတာ တွေ့ပြီး ပြင်ဆင်မှုတွေ အများကြီးပြန်လုပ်ရတယ်။ အစ်မတစ်ခုကံကောင်းတယ်။ အစ်မရတဲ့ chef ကို အစ်မသဘောကျတယ်။ မိန်းကလေးလည်း ဖြစ်တယ် ပြီးတော့ လုပ်သက်ကလည်း ၁၇ နှစ် ၁၈ နှစ်လောက်တောင် ရှိတယ်။ လောလောဆယ်ကတော့ အဲ့လောက်ပဲရှိသေးတယ်။ အရင်ကတော့ အခက်အခဲတွေ အများကြီးပဲ။

Q 3 ဒီဆိုင်လေးမှာဆိုရင် ဘယ်လို ဟင်းပွဲမျိုးတွေရလဲ။

Ans – ဆိုင်မှာ Western food , Thai food နဲ့ Chinese ဆိုပြီး ၃ မျိုးခွဲခြားပြီး menu လုပ်ထားပါတယ်။ Thai အစားအစာပိုများများရပါတယ်။ မြန်မာပါးစပ်နဲ့ အဆင်ပြေလောက်တဲ့ ဟင်းပွဲလေးတွေရပါတယ်။ Western ပိုင်းကတော့ Healthy and full-filled ဖြစ်မယ့် imported အသား၊ငါးတွေ Paster တွေရပါတယ်။ Chinese ဆိုရင်လည်း လူကြိုက်များတဲ့ ဟင်းပွဲတွေထုတ်ထားပါတယ်။  

Q 4 Customer တွေကိုရော အခုနောက်ပိုင်း ဘယ်လို service မျိုးတွေ ပေးနေလဲ။

Ans အရသာပိုင်းဆိုရင်လည်း ဂရုစိုက်ထားတယ်။ Catering ပိုင်းတွေလည်း ဆိုင်က ဝန်ဆောင်မှုပေးပါတယ်။Delivery အတွက်လည်း delivery service တွေနဲ့ ချိတ်ဆက်ထားပါတယ်။။ Tour ပိုင်းအတွက်လည်း အစားအသောက်ပိုင်းမှာ ဝန်ဆောင်မှုပေးတာမျိုးတွေ လက်ခံပါတယ်။ Decoration ပိုင်းဆိုလည်း ကန် View နဲ့ လိုက်အောင် သေသချောချာလေး စီစဉ်ထားပါတယ်။ furniture တွေဆိုရင်လည်း မှာယူတာမဟုတ်ပဲနဲ့ လက်သမားခေါ်ပြီးတော့ ကိုယ်တိုင်ဖန်တီးထားတာပါ။ Event ပွဲတွေအတွက်လည်း အစားအသောက် စီစဉ်ပေးပါတယ်။ ဒီမှာရုပ်ရှင်ရိုက်တာတို့လည်း ရှိတဲ့အတွက် meeting room လည်းထားပေးတယ်။ ကားပါကင်လည်း ရှိတော့ ကားတော်တော်များများလည်း ရပ်ထားလို့ အဆင်ပြေတယ်။ တိတ်ဆိတ်တော့ private ဆန်တယ်။

Q 5 အစ်မတို့အနေနဲ့ Customer တွေကိုရော ဘာတွေပြောပြချင်သေးလဲ။

Ans  ဒီနေရာလာလို့ရှိရင် ၁၀၀% အပြည့် မပြည့်ဝရင်တောင် ၉၀% ကျေနပ်ရပါမယ်။ service ပိုင်းမှာက အစ ကျေနပ်မှု အပြည့်အဝရစေရပါမယ်လို့။ taste ဆိုရင်လည်း အချိုမှုန့်လုံးဝမသုံးပဲ သေချာလေးချက်ထားတာမလို့ အရသာပိုင်းမှာလည်း စိတ်ကျေနပ်မှုရှိရပါစေမယ်လို့။ ဥပမာ အစပ်စားလိုက်လို့ စပ်နေရင်တောင် အစပ်ဖြေစရာ အုန်းရည်တို့ ရေခဲသုပ်ရှိမယ်။ အစ်မတို့ဆီမှာ menu နည်းရင်နည်းနေနိုင်ပေမဲ့ စိတ်ထဲမှာ second-time ပြန်မလာချင်ဘူးဆိုတာ မဖြစ်ရစအောင် စိတ်ကျေနပ်စေဖို့ ဖန်တီးပေးထားပါတယ်။ ကားပါကင်ကောင်းကောင်းလည်းရှိပါတယ်။ ဒီနေရာလေးမှာ snack လေးစားရရုံတင်မဟုတ်ပဲ ဗိုက်ကို ပြည့်ပြည့်ဝဝစားလို့ရနိုင်ပါတယ်လို့ customer တွေကို ပြောပြချင်ပါတယ်။။ Kitchen ပိုင်းရော Front အပိုင်းရော ဘာလုပ်လုပ် ဘာပေးပေး စေတနာထည့်ပေးရမယ် ဆိုတဲ့ ခံယူချက်အတိုင်း လုပ်ဆောင်ပေးသွားမှာပါ။

Q 6 နောက်ဆုံးမေးခွန်းအနေနဲ့ ညီမတို့ Yathar နဲ့ တွဲရတဲ့အပေါ်မှာရော စိတ်ကျေနပ်မှုရှိလား။

Ans ပူးပေါင်းပါဝင်လို့ အရမ်းကောင်းတာကို စိတ်ကျေနပ်ပါတယ်။ ကိုယ်လည်း ကိုယ်ဖြစ်စေချင်တာကို ပွင့်ပွင့်လင်းလင်းပြောလို့ရတာလေးကို အရမ်းကိုကျေနပ်ပါတယ်။ အစ်မအနေနဲ့ ဒါလေး ဖြစ်ချင်တယ်ဆိုလို့ရှိရင် ကိုယ့်ကို respect လေးထားပြီး လုပ်ပေးတာကို အများကြီးကျေနပ်ပါတယ်။

ဒါကတော့ SKY Food ရဲ့ ပဲ့ကိုင်ရှင် ဒေါ်သဉ္ဇာထွန်းကို မေးမြန်းထားတဲ့ အင်တာဗျူးလေးဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးကို ကြည့်ရင်း လုပ်ငန်းတစ်ခုကို စတော့မယ်ဆို ဘယ်လိုအခက်အခဲတွေတွေ့ရလဲ။ ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်သွားကြလဲဆိုတာ ဗဟုသုတအနေနဲ့ရော SKY Food ရဲ့ customer တွေ အပေါ်ဘယ်လောက်ပြည့်ဝတဲ့ စေတနာတွေနဲ့ ဝန်ဆောင်မှုပေးနေလဲဆိုတာကို ကြည့်လို့ရနိုင်ပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။