ကျန်းမာ & အလှအပ

Covid-19 ကာလအတွင်းမှာ ကလေးတွေဖျားနာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ?

မေမေတို့ရေ 

အခုလို အပြင်မှာ ရောဂါပိုးမွှားတွေ ပေါများနေတဲ့အချိန်မှာ သားသားမီးမီးလေးတွေကိုဆေးရုံဆေးခန်းတွေ ခေါ်သွားတာမျိုးတွေကို အတတ်နိုင်ဆုံးရှောင်ရှားကြပါနော် ။ လုံးဝကိုမတတ်သာနိုင်တဲ့အခြေနေမျိုးဆိုရင်တော့ ကလေးရောမိခင်ရော ရောဂါပိုးမွှားတွေမ၀င်နိုင်အောင် အကာအကွယ်လေးတွေနဲ့ သေချာဂရုတစိုက်သွားကြပါနော်။
အတတ်နိုင်ဆုံးမဖျားအောင် ဂရုစိုက်ရမှာဖြစ်ပြီးတော့ တကယ်လို့ဖျားနာခဲ့မယ်ဆိုရင်လည်း အိမ်မှာပဲသက်သာအောင် ပြုလုပ်တဲ့နည်းလမ်းလေးတွေလည်း ရှိပါတယ်။ 

ကလေးရှိတဲ့အိမ်တိုင်းမှာ ဆောင်ထားရမယ့် အရာလေးတွေကိုပြောပြပေးသွားပါမယ်။

သာမိုမီတာ

လက်နဲ့ပဲ အဖျားတိုင်းတာထက် သာမိုမီတာနဲ့အဖျားတိုင်းကပိုပြီး တိကျပါတယ်။ ကိုယ့်ကလေး အဖျားရှိလား မရှိလားကို အလွယ်တကူသိနိုင်ပြီးတော့ ကာကွယ်မှုတွေကိုကြိုတင်ပြီးလုပ်ဆောင်နိုင်ပါတယ်။ 

ပါရာစီတမော ဆေးရည်

ကလေးအသက်အရွယ်အလိုက် သောက်ရမယ့် အရည် ၊ အခဲ ပုံစံအမျိုးမျိုးရှိပါတယ်။ ကလေးအထူးကုဆရာဝန်တွေက ညွန်ကြားထားတဲ့ ဆေးကိုပဲဝယ်ပြီးဆောင်ထားတာ ပိုကောင်းပါတယ်။တိုက်ရိုက်မယ့်ဆေးညွှန်းကိုလည်း သေချာစွာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးထားပါ။ဆေးတိုက်ရခက်ခဲတဲ့ကလေးတွေ အတွက်လည်း စအိုဝကနေထည့်ရတဲ့ ဒုံးကြည်(ခေါ်) ဆေးတောင့်လေးတွေလည်းရှိပါတယ်။ 

Vit C

ကလေးတွေကို ကိုယ်ခံအားကောင်းအောင် Vit C ဆေးလုံးလေးတွေ တိုက်လို့ရပါတယ်။ ဆေးလုံး ဆေးရည် အမျိုးမျိုးရှိပါတယ်။ ချဉ်ချိုချို အရသာလေးမို့ ကလေးတိုင်းကြိုက်နှစ်သက်ကြပါတယ်။ ကလေးရှိတဲ့ အိမ်တိုင်းမှာတော့ Vit C ဆေးလုံး ဆေးရည် တစ်မျိုးမျိုးကတော့ဆောင်ထားသင့်ပါတယ်။

နှာခေါင်းအစက်ချဆေးရည်

ကလေးတွေ အအေးပတ်ပြီး နှာစေးတော့မယ်ဆိုရင် အဲ့ဒီဆေးရည်လေးက တကယ်ကိုအသုံးဝင်တာမို့ အိမ်တိုင်းဆောင်ထားသင့်ပါတယ်။ နှာခေါင်းမှာ ပိတ်နေတဲ့အချွဲတွေကိုပျော်စေပြီးတော့ ကလေးငယ်ကိုသက်သက်သာသာ အိပ်ပျော်စေပါတယ်။ 

Wet tissue 

Wet tissue ကအနားမှာအမြဲတမ်းထားပါ။ လက်သန့်ရှင်းရေး တစ်ကိုယ်ရည်သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ 

သက်တောင့်သက်သာထားပါ

ကလေးဖျားနေပြီဆိုရင် ထူထဲတဲ့အနွေးထည်တွေ အကျီင်္အထူကြီးတွေဝတ်ပေးထားကိုရှောင်ကြဉ်ပါ။  ပွပွချောင်ချောင်လေ၀င်လေထွက်ကောင်းပြီးတော့ အေးမြတဲ့ချည်သား အကျီင်္မျိုးကိုပဲ ၀တ်ဆင်ပေးပါ။ကလေးငယ်လေးကို သက်တောင့်သက်သာအိပ်စက်နိုင်အောင် ပြုလုပ်ပေးပါ ။အိပ်ယာခင်းကိုလည်းအေးမြနေအောင် ချည်သားအိပ်ယာခင်းကိုပဲအသုံးပြုပေးပါ။ အရမ်းအပူကြီးနေတဲ့ ကလေးတွေဆိုရင်တော့ ရေပတ်နိုင်နိုင်တိုက်ပေးတာကအကောင်းဆုံးပါ။ အပူကျ gel လေးတွေဆောင်ထားတာကလဲ မမှားပါဘူး။ အပူကိုစုပ်ယူပေးတဲ့ Gel padလေးတွေကြောင့် ကလေးက သက်သာသွားမှာအသေချာပါပဲ။

အခုပြောပြပေးခဲ့တဲ့နည်းလေးတွေကို အသုံးပြုပြီး ပုံမှန်အအေးမိပြီးဖျားနာနေတဲ့ကလေးလေးတွေကို ဆေးရုံဆေးခန်းမသွားစေပဲ အိမ်မှာပဲသက်သာအောင်ပြုလုပ်ပေးလို့ရပါတယ်။ မိမိကလေး ဘယ်လိုအခြေအနေနဲ့ဖျားနေလည်းဆိုတာကို မိဘတွေက အတတ်နိုင်ဆုံးသိအောင်လုပ်ကြပါ။ လုံးဝမတတ်သာတဲ့အခြေအနေမှသာ ဆေးရုံဆေးခန်းသွားတာက အကောင်းဆုံးမို့ အားလုံးပဲ သားသားမီးမီးလေးတွေကို ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပြီးတော့ ဖျားနာခြင်းကင်းဝေးအောင် အတတ်နိုင်ဆုံးဂရုစိုက်ကြပါနော်။

သားသားမီးမီးလေးတွေအကုန်လုံး ဖျားနိုင်ခြင်းကနေ ကင်းဝေးပြီး အမြဲ ပြုံးပျော်နိုင်ကြရပါစေ။