ကျန်းမာ & အလှအပ

Covid-19 ကာလမှာ သားသားမီးမီးလေးတွေ မွေးဖွားရမယ့် မေမေတို့အတွက် သတိထားစရာအချက်များ

Covid-19 ကာလမှာ သားသားမီးမီးလေးတွေ မွေးဖွားရမယ့် မေမေတို့အတွက် သထိထားစရာအချက်တွေ မှတ်သားထားသင့်တာလေးတွေကို ပြောပြပေးသွားပါမယ်။အခုလို အခြေအနေမျိုးမှာ အခက်အခဲဆုံးက ကိုယ်ဝန်ဆောင်မိခင်တွေပါ။

၁။ ကိုယ်ခံအားကောင်းအောင်နေပါ။

ကိုယ်ခံအားကောင်းအောင် အဓိကထားဂရုစိုက်ပါ။ လတ်ဆတ်သန့်ရှင်းတဲ့ အသီးဖျော်ရည်တွေ အရွက်တွေကိုပိုစားပါ။ ဒီရက်ပိုင်းမှာ အသားတွေကို ပုံမှန်ထက်ပိုပြီးကျက်အောင် ချက်ပြုတ်စားသောက်ပါ။ မကျက်တကျက် ကင်စားတာမျိုးတွေကို အတတ်နိုင်ဆုံးရှောင်လိုက်ပါ။ဗီတာမင်စီကိုပုံမှန်စားပေးပါ။

၂။ ကိုယ်ဝန်ဆောင်နေစဉ်ဂရုစိုက်ပါ။

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ တတ်နိုင်သမျှဆေးရုံ ဆေးခန်းသွားတာ ကိုရှောင်ကျဉ်ပါ။ ကျန်းမာရေးစစ်ဆေးမှုကို Video Call တွေနဲ့ပဲဖြစ်ဖြစ် တတ်နိုင်သမျှ လုပ်လို့ရအောင် ကိုယ်ဝန်အပ်ထားတဲ့ OGနဲ့သေချာစွာတိုင်ပင်ပါ။

၃။မျက်နှာခြင်းဆိုင် စစ်ဆေးမှုများ

ကလေးနှလုံးခုန်သံစမ်းသပ်ရမယ့်နေ့တွေ ကလေးကြီးထွားမှုစမ်းသပ်တာတွေ အတွက်ကတော့ ဆေးရုံဆေးခန်းကို မဖြစ်မနေသွားရမှာပါ။ အဲ့ဒီနေ့တွေဆိုရင် ဆရာမတွေက အတတ်နိုင်ဆုံး သန့်ရှင်းတဲ့နေရာမှာ အမြန်ဆုံးပြုလုပ်ပေးပါလိမ့်မယ်။ ဆေးရုံဆေးခန်းကအပြန် အိမ်ရောက်ရင်တော့ လက်ကိုသေချာဆေးပြီး တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားပြီးသေချာဂရုစိုက်ပေးပါ။အတတ်နိုင်ဆုံး မျက်နှာခြင်းဆိုင် စစ်ဆေးမှုတွေကိုလျော့ချပါ။အပြင်သွားတဲ့အခါ Mask ကိုစနစ်တကျ အုပ်ထားပြီး လက်သန့်ဆေးရည်ဘူးကိုလဲ ကိုယ်နဲ့မကွာဆောင်ထားပေးပါ။

၎။သားဖွားဆောင်တွေ ဆေးရုံတွေမှာပဲ သားဖွားခြင်းပြုလုပ်ပါ။

အိမ်မှာကလေးမွေးဖွားခြင်းကိုအတတ်နိုင်ဆုံးဒီကာလမှာရှောင်ကြည်လိုက်ပါ။ သားဖွားဆရာမ အများဆုံးရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ ကလေးမွေးဖွားတာက လူကြီးရော ကလေးကိုပါ ပိုပြီး အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်စေပါတယ်။

၅။ကလေးမွေးဖွားစဉ်နှင့်ကလေးငယ်များ၏စောင့်ရှောက်မှု

လူတိုင်းက အိမ်မှာပဲနေပြီး အိမ်ပြင်ပရှိသူများနှင့်အပြန်အလှန်ဆက်သွယ်မှုကိုရပ်တန့်ရန်လိုအပ်ပါသည်။ဖုန်းနဲ့ပဲပြောပါ။ ဒါပေမယ့် သင့်မှာ အခြားကလေးများရှိပါကသင်ကလေးမွေးဖွားချိန်တွင်အထူးဂရုစိုက်ရန်လိုအပ်လိမ့်မည်။ ၎င်းကိုသင့်ရဲ့ စိတ်ချရသောသူသာ ထိန်းပေးသင့်ပါသည်။ကလေးတွေကိုလဲ အိမ်အပြင်ဘက်ကိုထွက်မဆော့ခိုင်းပဲနဲ့ အိမ်ထဲမှာပဲ ကစားစရာနေရာလေးကို ဖန်တီးပေးထားပါ။ ကလေးကူထိန်းပေးသူသည် အားနည်းတဲ့သက်ကြီးရွယ်အိုတွေတော့ မဖြစ်သင့်ပါဘူး ။ ကိုယ်ခံအားကောင်းပြီး ကျန်းမာနေတဲ့သူပဲဖြစ်ရပါမယ်။

၆။ အိမ်ကိုဧည့်သည်အ၀င်လက်မခံပါနဲ့။

ကလေးမွေးဖွားပြီးတဲ့ အချိန်ပဲဖြစ်ဖြစ် မမွေးခင်အချိန်ပဲဖြစ်ဖြစ် သတင်းလာမေးတဲ့သူတွေ လက်ဆောင်လာပေးတဲ့သူတွေရှိကြပါတယ်။ အခုလို အချိန်အခါမျိုးဆိုရင် ဧည့်သည်လုံးဝလက်မခံပါနဲ့။ အားမနာပါနဲ့။ ကိုယ့်မိသားစုကျန်းမာရေးကသာပထမအဓိကအကျဆုံးပါ။

၇။သင်ကိုယ်တိုင်ရောဂါရှိနေတယ်ဆိုရင်

တကယ်လို့ သင့်ဆီမှာ ရောဂါပိုးရှိနေပြီဆိုရင်တော့ ကိုယ်ဝန်အပ်ထားတဲ့ သက်ဆိုင်ရာ သားဖွားဆရာမကို အရင်ဆုံးအကြောင်းကြားပါ။ ကိုယ်ခံအားကောင်းအောင်နေပါ။ စိတ်ထောင်းလို့ကိုယ်ကြေဆိုတဲ့ စကားပုံလည်းရှိပါတယ်။ စိတ်ကိုမာအောင်ထားပါ။

မေမေတို့ရေ ဒီကာလဒီလိုရောဂါပိုးတွေပေါများနေတဲ့ အခြေအနေတစ်ခုမှာ သူများထက်ပိုပြီး ဂရုစိုက်နိုင်မှာ တော်ကာကျမှာမို့ အသေချာလေးကို ဂရုစိုက်ကြပါနော်။ အဓိကက ကိုယ်ခံအားကောင်းအောင်နေပြီး လက်ကိုပုံမှန်လေးဆေးပေးပါ။တစ်ကိုယ်ရည် သန့်ရှင်းမှုကိုလဲ အလေးထားပြီး လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။
မေမေတွေအားလုံး ကျန်းမာပြီးရောဂါဘယကင်းဝေးတဲ့ သားသားမီးမီးလေးတွေကို အဆင်ပြေချောမွေ့စွာနဲ့အလွယ်တကူမွေးဖွားနိုင်ကြပါစေ။