ကျန်းမာ & အလှအပ ဗဟုသုတ

Stay at Home ကာလအတွင်း ဘာတွေရှောင်မလဲ

ဒီလို အချိန်အခါမျိုး ( Covid-19 ) ဖြစ်ပွားနေချိန်မှာ လူတိုင်းအိမ်မှာနေပြီး ရောဂါဖြစ်ပွားမှုကို တစ်ဖက်တစ်လမ်းကနေ ထိန်းချုပ်နေကြပါတယ်။ Stay at home အိမ်မှာနေတဲ့ ကာလတွေမှာဆိုရင် အဟာရရှိတဲ့အစားအစာတွေစားပြီး ကိုယ်ခံအားကောင်းအောင် နေကြမယ်ဆိုတာ တော်တော်များများသိပြီးကြပါပြီ။ ဒါပေမဲ့ Stay at Home ကာလအတွင်းမှာရော ဘာတွေ မလုပ်သင့်တာလဲ။

Stay at Home ကာလ အတွင်းမှာ ကိုယ်ခံအားကောင်းအောင် အဟာရရှိတာတွေပဲ စားသင့်တာကြောင့် ဘေးဥပါဒ်ဖြစ်စေနိုင်တဲ့ အပူ၊အစပ်တွေစားတာ လျော့စားပေးပါ။ အပူအစပ်တွေ၊ အချဉ်တွေစားတာအရမ်းများရင် ဝမ်းလျောတတ်ပါတယ်။

အိပ်ရေးဝဝ အိပ်ပါ။ အားလုံးက စိတ်ပူ၊ စိတ်လှုပ်ရှားနေကြတာမှန်ပေမဲ့ ကိုယ်ခံအားကောင်းမွန်ဖို့အတွက် အိပ်ချိန်နောက်ကျတာမျိုး ရှောင်ကျဉ်ပေးပါ။

Stay at Home ကာလမှာ ဖုန်းအသုံးများတာကြောင့် မျက်ရိုးကိုက်တာမျိုးလို အာရုံကြောနဲ့ပတ်သက်ပြီးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဖုန်းသုံးတာလျော့ပြီး မိသားစုနဲ့ အတူတူ အချိန်ပေးပါ။

ဆေးလိပ်သောက်ရင်လည်း လက်ကို ဆပ်ပြာနဲ့ မဆေးပဲ ဆေးလိပ်မသောက်ပါနဲ့။
ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး Covid-19 ကူးစက်ဖို့ အလားအလာပိုများနိုင်ကြောင်း အပြည့်အစုံကို ဒီမှာ ဖတ်ပါ။

အဓိကက လက်ကိုဆပ်ပြာနဲ့ဆေးပါ။
အိမ်ပြင်မထွက်ပါနဲ့။
ကိုယ်ခံအားကောင်းအောင်နေပါ။

Stay at Home ကာလအတွင်း မြိုသိပ်ထားသမျှ ဒီကာလကြီးပြီးရင် ဘာတွေစားမယ်ဆိုတာကိုတော့ https://s.yathar.com/apps ကနေလည်း ဆိုင်တွေရှာပြီး စုထားနိုင်ပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။