ဆေးစာ

မြင်တာနဲ့ အာရုံကိုဖမ်းစားနိုင်တဲ့ အပ်မှိုအစပ်သုပ်

ချဉ်ချဉ်စပ်စပ်ဆိုတာ မြင်တာနဲ့ အာရုံကို အဖမ်းစားနိုင်ဆုံး အစားအစာတစ်မျိုးပါ။ချဉ်ချဉ်စပ်စပ်လုပ်စားလို့ရတဲ့ အစားအစာတွေ အများကြီးထဲက ဝယ်ရလည်းလွယ် လုပ်နည်းလေးလည်း လွယ်ကူတဲ့ အပ်မှိုအစပ်သုပ်လေးလုပ်နည်းလေးကို ပြောပြပါမယ်။

ပါဝင်ပစ္စည်းများ

အပ်မှို
သံပုရာသီး
ထန်းလျက်ခဲ
ငရုတ်သီးစိမ်း
ကြက်သားမှုန့်
ကြက်သွန်ဖြူ
ငံပြာရည်

ပြုလုပ်နည်း

ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ထန်းလျက်ခဲတို့ကို ရောကျိတ်ပေးပါ။
အပ်မှိုကိုရေသေချာဆေးပြီး လိုအပ်တဲ့ အနေအထားရောက်တဲ့အထိ ပြုတ်ပေးပါ။
လိုအပ်တဲ့ အနေအထားရောက်တာနဲ့ အပ်မှိုကိုထုတ်ကာ အအေးခံပါ။
အပ်မှိုအနည်းငယ်အေးပြီဆိုတာနဲ့ ပါဝင်ပစ္စည်းအားလုံးကို အပ်မှိုနဲ့ရောနယ်လိုက်ပါ။
ဒါဆိုရင်တော့ မြင်တာနဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ အပ်မှိုအစပ်သုပ်လေးကို ရရှိပါပြီ။လုပ်နည်းလေးကို ဒီ https://www.facebook.com/YatharGourmet/videos/1672514866177823/ video လေးထဲမှာလည်း ကြည့်ရှုနိုင်ပါတယ်။

ဒီနည်းလေးကို တခြားသူများလည်းသိအောင် share လုပ်ပြီး အလင်းပြကြရအောင်.

သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ Yathar
Download link —> https://s.yathar.com/apps


About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။