ဆေးစာ

ဆီလုံးဝမလိုတဲ့ ကြက်တောင်ပံကြော်နည်း

ဆီလုံးဝမသုံးပဲ ကြက်တောင်ပံကြော်လို့ရတယ်ဆိုတာ ယုံပါသလား။ တကယ်ကို ဆီလုံးဝမသုံးပဲ ကြက်တောင်ပံကိုကြော်လို့ရပါတယ်။ ဒီလို ဆီမသုံးပဲ ကြက်တောင်ပံကြော်နည်းက သာမာန်ကြက်ကြော်တွေနဲ့ မတူပဲ အရေခွံနဲ့ အသားလေးကလည်း အိအိလေးဖြစ်နေတာပါပဲ။ စားလိုက်ရင်လည်း အရသာက တမူထူးခြားကွဲပြားလို့ အမြဲတမ်းကြိုက်နေရတာပါ။ ကြက်တောင်ပံကိုမကြိုက်လို့ ပေါင်သားနဲ့အစားထိုး ကြော်ချင်တယ်ဆိုရင်လည်း ကြော်လို့ရပါတယ်။ အဓိကက ကြော်နည်းလေးကိုသိရုံနဲ့တင် ကိုယ်ကြိုက်တဲ့အသားကို အစားထိုးကြော်လို့ရပါတယ်။ ဒါဆိုရင်တော့ ကြက်တောင်ပံကြော်နည်းလေးကို ဘယ်လိုကြော်မလဲ သိချင်နေပြီ ထင်ပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်တောင်ပံ – ၃၀ ကျပ်သား( လိုသလောက် )
ပဲငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း
ခရုဆီ – ထမင်းစားဇွန်း ၁ ဇွန်း
ဂျင်းမှုန့် – ကွမ်းသီးဝက်ခန့် ( ကြက်သားများလျှင် များများပိုထည့်ပါ )
Sprite – ၂ ဗူး

ကြက်တောင်ပံကြော်ကို ဆီမလိုပဲ ကြော်မယ့်နည်းလမ်းက Sprite နဲ့ကြော်တာပါ။ကြက်သားကို ဂျင်း၊ ငံပြာရည်၊ ခရုဆီ နဲ့ နှံ့အောင် နယ်ပါ။နယ်ပြီးပါက တစ်ခုခုနှင့်အုပ်ပြီး ရေခဲသေတ္တာထဲမှာ ၂ နာရီခန့်နှပ်ထားပါ။ကြော်မယ့်အိုးကို မီးဖိုပေါ်အရင်တင်ပြီး အပူနည်းနည်းပေးလိုက်ပါ။ပြီးရင် ကြက်သားကို ထည့်လိုက်ပါ။နောက်ဆုံးမှာ Sprite များကို လောင်းထည့်လိုက်ပါ။ထည့်ထည့်ချင်းမှာ အမြုပ်လေးများတက်လာပါလိမ့်မယ်။Sprite များ ခမ်းတဲ့အထိ ကြော်ပါ။အိုးမကပ်အောင်တော့ ဂရုစိုက်ပေးဖို့ လိုပါမယ်။မီးအေးအေးနဲ့ကြော်ရင် ပိုကောင်းပါတယ်။Sprite များခမ်းသွားရင် ကြက်သားများကို ပန်းကန်ထဲထည့်ပြီးMayonnaise ( မရောနိစ့် ) သို့မဟုတ် ကြိုက်နှစ်သက်ရာ Sauce နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

အခုဆို ဆီမသုံးပဲ ဘာနဲ့ကြော်လိုက်လဲ ဆိုတာ သိနေကြပြီထင်ပါတယ်။ Sprite နဲ့ မကြော်ချင်လို့ Cola နဲ့ ကြော်လည်းရပါတယ်။ ကြော်နည်းလေးကိုလည်း သိပြီးပြီ ဘာနဲ့ကြော်ထားလဲဆိုတာလည်း သိပြီးပြီဆိုရင်တော့ကိုယ်တိုင်လုပ်စားမလား ဒါမှမဟုတ် ဘယ်သူ့ကို လုပ်ကျွေးခိုင်းစေချင်လဲဆိုတာ comment လေးမှာ မန့်ပြီး ပြောပြကြရအောင်…

တစ်ပတ်နဲ့ တစ်ပတ် မတူညီတဲ့ အကြောင်းအရာတွေကို Foodie တို့အတွက် အကျိုးရှိအောင် ပြောပြပေးနေတဲ့ Yathar Page လေးကို see first လုပ်ထားပေးဦးနော်။

သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ Yathar
Download link –> https://s.yathar.com/apps



About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။