ကျန်းမာ & အလှအပ လမ်းကြောင်းသစ် အင်တာဗျူး

ဂျပန်-မြန်မာတွင် အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေသော တေးရေးတေးဆို “ Suwa Junko” ၏ [ငယ်ရွယ်နုပျိုခြင်းရဲ့လျို့ဝှက်ချက်] ဆိုသည်မှာ နှင့် Live မှတ်တမ်း Suwa Junko

Suwa Junko
ဂျပန်နိုင်ငံ၏တေးရေးတေးဆို. အဆိုတော်။ Tochigi ken, otawara-shi ဇာတိ။ဂျပန်သီချင်းကို မြန်မာစာသားဖြင့်ပြောင်းလဲသီဆိုခဲ့သောသီချင်းဗွီဒီယိုသည် ဆိုရှယ်မီဒီယာတွင် တနေ့အတွင်းကြည့်ရှုသူအကြိမ်ရေ ၂သိန်း၅သောင်းကျော်အထိကျော်လွန်ခဲ့သည့်အတွက် ထိုအခွင့်အလမ်းဖြင့် မြန်မာနိုင်ငံ၏အထင်ကရပွဲတော် (သင်္ကြန်ရေသဘင်ပွဲ) တွင်ကြည့်ရှုသူ ၅သောင်းခန့်၏ရှေ့မှောက်ဖျော်ဖြေခွင့်ကိုရရှိခဲ့ပါသည်။ ထိုဖျော်ဖြေမှုကို TV ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသခဲ့သည်နှင့်အညီ မြန်မာနိုင်ငံတွင် လူသိများထင်ရှားလာခဲ့ပါသည်။

Otawara အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးသံအမတ်
၂၀၁၉ခုနှစ်ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ၌ပွဲဦးထွက်အခွေကို ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံတွင်းအနုပညာလှုပ်ရှားမှုကိုစတင်ခဲ့ခြင်း။
၂၀၁၉ခုနှစ်မတ်လမှစတင်၍ yathar၏ဓာတ်ပုံမော်ဒယ်(လ်)အဖြစ် ကြော်ငြာCMကဏ္ဍများတွင် ပါဝင်လှုပ်ရှားခဲ့ခြင်း။
*****

ဂျပန်- မြန်မာချစ်ခင်ရင်းနှီးမှုတိုးပွားစေရန်အတွက်အနုပညာလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေသော Suwa Junko san သည် ယခုမြန်မာနိုင်ငံတွင် ပိုမိုကျော်ကြားထင်ရှားလာလျက်ရှိသောဂျပန်အဆိုတော်တစ်ဦးလို့ပြောရမည်မဟုတ်ပါလား။ဒီနေ့မှာဆိုရင်ဖြင့် ထိုကဲ့သို့သော Suwa Junko san ၏ “ငယ်ရွယ်နုပျိုခြင်းရဲ့လျိုဝှက်ချက်” ကိုစူစမ်းခဲ့ပါသည်။ Suwa Junko san၏ ပရိတ်သတ်များနှင့်ထပ်တူ အလှအပနှင့်ကျန်းမာရေးတွင်စိတ်ဝင်စားသူအမျိုးသမီးများကလည်း သိချင်ကြမည်ထင်ပါသည်။

yathar : ဒီနေ့မှာဆိုရင်Live ဖျော်ဖြေပွဲလဲရှိပြီးအလုပ်ရှုပ်နေတဲ့ကြားကအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Suwa san က yatharရဲ့ image model အဖြစ်လှုပ်ရှားလုပ်ကိုင်နေသည့်အတွက် yathar ၀န်ထမ်းများကလည်း အမြဲတမ်း Suwa san ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးနေသည့်အပြင် ဒီတကြိမ်မှာ Suwa sanနှင့် အင်တာဗျူးလုပ်ကြရအောင် ဆိုပြီး အစည်းအဝေးလုပ်ချိန်မှာ ပြောနေတဲ့အတွင်း မိန်းကလေးဝန်ထမ်းမှ ထွက်ပေါ်လာတဲ့ အကြံဥာဏ်ကတော့ “Suwa san၏juတွေအတွက် အရမ်းကို သိချင်မယ့်မေးခွန်းဖြစ်နိုင်ပါတယ်။သိထားတဲ့အတိုင်း yatharက Dining Platformဖြစ်သည့်အတွက် စားသောက်နေထိုင်မှုပုံစံကို အဓိကထားပြီး “ငယ်ရွယ်နုပျိုခြင်းရဲ့လျို့ဝှက်ချက်”အကြောင်းကိုမေးမြန်းခွင့်ကိုပေးစေချင်ပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးစေလိုပါတယ်။

Suwa Junko : ကျွန်မကလည်း ဒီလိုလှပပြီးတန်ဖိုးရှိလှတဲ့အချိန်တွေကို ပြုလုပ်ပေးတဲ့အတွက်ဂုဏ်ယူမိပါတယ်။ ကျေးဇူးတင်ပါတယ်။ ငယ်ရွယ်နုပျိုတယ်လို့ပြောတဲ့အတွက်အရမ်းကို ၀မ်းနဲဝမ်းသာဖြစ်မိပါတယ်။ ဒီနေ့ သာမာန်ကျွန်မသတိထားလုပ်ဆောင်တဲ့အရာတွေကို ပြောပြပေးပြီး အနည်းငယ်ပဲဖြစ်ဖြစ်အားလုံးအတွက်နမူနာပေးခွင့်ရနိုင်ခဲ့လျှင် ကောင်းမယ်လို့ထင်တဲ့အတွက် ဆက်လက်ကြိုးစားပေးပါ။

Yathar : ဒါဆိုရင်ဖြင့် အမြဲတမ်းလှုပ်ရှားမှုတွေနှင့်ပြည့်နေတဲ့ နေထိုင်မှုဘ၀လို့ ထင်ပေမယ့် သာမာန်နေထိုင်မှုစတိုင်မှာ အလှအပကိုထိန်းသိမ်းနိုင်ဖို့ သတိထားတဲ့အချက်လေးတွေရှိပါသလား။

Suwa Junko : သတိထားတဲ့အချက်တွေကအများကြီးရှိတဲ့အထဲကမှ အဓိကသတိထားတဲ့အချက်တချက်ကတော့ “ခန္ဓာကိုယ်ကို မအေးအောင်သတိထားတဲ့အချက်”ဖြစ်ပါတယ်။ ရေနွေးကြမ်း၊ ရေ တို့ကိုသောက်တဲ့အချိန်မှာလည်း ရေခဲမပါဘဲ သာမာန်အပူချိန်မှာရှိတဲ့ပစ္စည်းတွေကိုပဲသောက်ဖို့ကိုအမြဲသတိထားလုပ်ဆောင်ပါတယ်။ သဘာဝတရားမှာ နဂိုတည်းက အအေးဓာတ်က ရှိနေတဲ့အတွက် ခန္ဓာကိုယ်ကအေးနေမယ်ဆိုရင် အသားအရေခြောက်သွေ့ခြင်း၊ အကြောတက်ခြင်း၊ နေထိုင်မကောင်ဖြစ်ခြင်းစတဲ့ လက္ခဏာတွေဖြစ်ပေါ်စေတဲ့အတွက်ပူအိုက်သောမြန်မာနိုင်ငံမှာ အအေးခံထားသော ပစ္စည်းတွေကိုသောက်ချင်စိတ်ကိုထိန်းချုပ်ပြီး သာမာန်အအေး၊ ရေ တို့ကိုပဲသောက်ဖို့ ကိုယ့်ကိုကိုယ်အမြဲသတိထားလုပ်ဆောင်ပါတယ်။

Yathar : ခန္ဓာကိုယ်ကိုအအေးမခံဖို့ဆိုတဲ့အချက်က အရေးကြီးတဲ့အရာတခုပဲနော်။ ဒါဆိုရင်ဖြင့် အစားအစာနှင့်ပတ်သက်တဲ့အပိုင်းမှာဆိုရင်ရော? မြန်မာနိုင်ငံမှာဆို အဆီများတဲ့ဟင်းလျာကများတဲ့အတွက်ကျန်းမာရေးနှင့်ညီတဲ့ အစားအစာတွေကို စားသုံးနိုင်ဖို့ အခက်အခဲတွေ့မယ်လို့ထင်တယ်။ ဘယ်လိုဖြေရှင်းလဲပြောပြပေးနိုင်မလား။

Suwa Junko : ဟုတ်ကဲ့၊ အစားအစာတွေစားတဲ့အချိန်မှာတော့ ကြိုးစားပြီး အသီးအနှံတွေကိုပဲစားဖြစ်အောင် ဂရုစိုက်စားသုံးပါတယ်။ရိုက်ကူးရေး၊ Liveပွဲနှင့်အခြားအလုပ်အစည်းအဝေးတွေကိုသွားနေရတာများတဲ့အတွက် အပြင်အစားအစာစားတဲ့အကြိမ်ရေကများပါတယ်။ စားသောက်ဆိုင်တွေစားဖြစ်တဲ့အခါမှာအရင်ဆုံး အသားနဲ့ အဆီများတဲ့ ဟင်းလျာအမျိုးအစားရှေ့မှာ ဟင်းရွက်ကိုအဓိကထားချက်တဲ့ ဟင်းချိုနှင့် စွပ်ပြုတ်၊ အသီးအရွက်အစိမ်း စသော ဟင်းလျာတွေကို အရင်စားတဲ့အလေ့အထကိုလုပ်ဆောင်ပါတယ်။ မြန်မာဟင်းလျာမှာ ငပိရည်နဲ့တွဲဖက်စားသုံးရတဲ့ ဟင်းသီးဟင်းရွက်(တို့စရာ) ရှိတယ်လေ။ အဲ့ဒီလို ဟင်းသီးဟင်းရွက်အမျိုးအစားတွေက အရေးကြီးပါတယ်။ သင်္ဘောသီးသုပ်နဲ့ အအေးခံထားတဲ့ ခရမ်းချဉ်သီးတွေကလည်းစားသုံးဖို့သင့်တော်ပါတယ်။

Yathar : အံ့သြစရာပါပဲ။ စားသောက်ပုံအစီအစဉ်ကလည်းအရေးကြီးတဲ့အချက်ပဲနော်။ မှတ်သားအသုံးချပါမယ်။ အပြင်အစားအစာတွေစားတာများတယ်လို့ပြောတဲ့အတွက် ရန်ကုန်က ဂျပန်စားသောက်ဆိုင်တွေကိုရော သွားလေ့ရှိပါသလား။

Suwa Junko : ဂျပန်လူမျိုးဖြစ်တာကြောင့်မကြာခဏဆိုသလို သွားဖြစ်တယ်။ မြန်မာအစားအစာကိုကြိုက်ပေမယ့် ဂျပန်အစားအစားကို စားလိုက်ရင် စိတ်သက်သာရာရစေတယ်။ yatharမှာလည်း ဂျပန်စားသောက်ဆိုင်တွေကို ထည့်ပေးထားတယ်နော်။ ကူပွန်တွေ ဘိုကင်စနစ်တွေကို အသုံးပြုနိုင်လို့ အရမ်းလွယ်ကူတဲ့အတွက် အမြဲအသုံးပြုဖြစ်ပါတယ်။

Yathar : ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းစားသောက်ဆိုင်တွေကိုရော သွားဖြစ်ပါသလား။

Suwa Junko : သွားဖြစ်ပါတယ်။ အရမ်းလဲကြိုက်ပါတယ်။ အထူးသဖြင့် ချဉ်စပ်စွပ်ပြုတ်ဟင်းလျာတွေကိုကြိုက်နှစ်သက်ပါတယ်။ အများအားဖြင့် ချဉ်တာကိုကြိုက်တာလဲပါတယ်J ။ စွပ်ပြုတ်ဟင်းရည်တွေမှာကောင်းတဲ့ဆေးဘက်ဝင်အပင်တွေကိုအသုံးပြုထားတဲ့အတွက် ဟင်းသီးဟင်းရွက်ကိုလည်းစားသုံးရသလို ခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းညှိပေးတဲ့အတွက် အမြဲစားသုံးဖြစ်ပါတယ်။မြန်မာပြည်တွင်းကိုပြောရမယ်ဆိုရင် အခုတလောရှမ်းလူမျိုးဝန်ထမ်းကပေးတဲ့လက်ဆောင် ချဉ်စော်ခါးသီးဖျော်ရည်ကို အမြဲလိုလိုသောက်ဖြစ်နေပါတယ်။ အူလမ်းကြောင်းအားကောင်းစေခြင်း၊ ဇီဝဖြစ်စဉ်ကောင်းမွန်စေခြင်းတို့ကြောင့်သောက်သုံးခြင်းဖြင့်ခန္ဓာကိုယ်ကျန်းမာစေပါတယ်။ ရန်ကုန်မှာလည်းရရှိနိုင်တယ်လို့ပြောတဲ့အတွက် ၀ယ်သောက်စေချင်ပါတယ်။ ၁: ၅ ဆလောက်ကိုရေ၊ ဆော်ဒါ နှင့်ရောပြီးချိုချဉ်အရသာ သောက်ရလွယ်ကူတဲ့အတွက် မိန်းကလေး အကြိုက်အရသာဖြစ်မယ်လို့ ထင်ပါတယ်။

yathar : အရက်နဲ့ရောသောက်ရင် အရသာရှိမှာပဲနော်။ ဒါဆိုရင် Suwa san က အရက်သောက်နိုင်လား။

Suwa Junko : အများကြီးမသောက်နိုင်လို့ အတူတူသွားတဲ့သူက သောက်ခိုင်းတဲ့အချိန် နည်းနည်းပါးပါးသောက်လေ့ရှိပါတယ်။ ဘီယာကတော့မသောက်နိုင်လို့ မက်မန်းဆော်ဒါနှင့် ၀ိုင် ကိုသောက်လေ့ရှိတယ်။ ၀ိုင်နီက အရက်အမျိုးအစားထဲမှာဆို ဆိုးကျိုးနည်းတဲ့အပြင် သွေးလွှတ်ကြောတင်းမာမှုကိုကြိုတင်ကာကွယ်စေပါတယ်။ သောက်ရလွယ်အောင် ဆော်ဒါနဲ့ရောပြီးသောက်ရတာကို အခုတလောကြိုက်နေမိတယ်။

yathar : ၀ိုင်နီနှင့်ဆော်ဒါ။ မိန်းကလေးအကြိုက်သောက်ပုံသောက်နည်းပဲနော်။ အရက်သောက်ပြီး အနားယူတဲ့အချိန်ကလည်း မရှိမဖြစ်လိုအပ်တယ်နော်။

Suwa Junko : ဟုတ်ကဲ့၊ တကယ်တော့ဒီနေ့ ပြောပြချင်ဆုံးတစ်ခုရှိတယ်။ အလှအပကျန်းမာရေးနည်းလမ်းတစ်ခုက စိတ်ဖိစီးမှုကို စုစည်းမထားခြင်းလို့ထင်တယ်။ ကျွန်မက အမြဲတမ်း ကိုယ့်ကိုကိုယ်နားလည်အောင်ကြိုးစားတယ်။ အမြဲတက်ကြွနေဖို့ အာရုံထားပြီး ကြိုးစားနေထိုင်တယ်။ တနည်းအားဖြင့်တခုခုမှားယွင်းနေတယ်လို့ထင်တာနဲ့ မလုပ်ဖြစ်အောင်ကြိုးစားပြီး စိတ်ဖိစီးမှု မရှိအောင်နေထိုင်ပါတယ်။နောက်ထပ် အဆောက်အဦးတွေအစား အစိမ်းရောင်တွေကိုပိုကြည့်ပေးခြင်း၊ ပင်ပန်းနေပြီလို့ခံစားရတာနဲ့ အလုပ်တွေကိုအလောတကြီးမလုပ်ဘဲတခုပြီးတခုအေးအေးဆေးဆေးလုပ်ဆောင်သင့်ပါတယ်။မြန်မာလူမျိုးတွေနဲ့ အဆင်ပြေမပြေဆိုတာ မသိပေမယ့် ရေနွေးနွေးလေးနဲ့ အေးအေးဆေးဆေးရေချိုးပေးခြင်းကလည်း ခန္ဓာကိုယ်ကိုနွေးထွေးစေပြီး စိတ်ဖိစီးမှုကိုလျော့ပါးစေတဲ့နည်းလမ်းတစ်ခုပါ။

yathar : စိတ်ဖိစီးမှုလျော့စေခြင်းဆိုတဲ့နေရာမှာ အိပ်ရေးဝအောင်အိပ်စက်ခြင်းကလည်းအရေးကြီးတဲ့အချက်တစ်ခုလို့ထင်တယ်နော်။

Suwa Junko : ဟုတ်ပါတယ်။ တကယ်တော့ကျွန်မအတွက်လည်းအခြားအရာထက်အရေးကြီးတဲ့အချိန်ကအိပ်ချိန်ပါ။လှုပ်ရှားသွားလာနေရတာများပြီး Live ထုတ်လွှင့်မှုရှိတဲ့ရက်တွေရှိတော့ ညဘက်နောက်ကျတဲ့ရက်တွေကများတယ်။ ကြိုးစားပြီးအိပ်ချိန်ကိုဂရုစိုက်ထိန်းညှိနေထိုင်ပါတယ်။ နားချိန်တွေကိုသေချာစီစဉ်ပြီး ထည့်ထားခြင်း၊ နားရက်တွေမှာ သီချင်းရေးခြင်း၊ သီချင်းဆိုလေ့ကျင့်တာတွေလုပ်ရင်း အချိန်ရရင်ရသလို အိပ်လေ့ရှိပါတယ်။

Yathar : အိပ်စက်ခြင်း တကယ့်ကိုအရေးကြီးဆုံးအချက်ပဲနော်။ ပြီးတော့ မိန်းကလေးစာဖတ်ပရိသတ်များအတွက်ကိုယ်စားမေးချင်တာက မိတ်ကပ်နှင့် အသားအရေအတွက်ဘယ်လိုစောင့်ရှောက်ပါသလဲ။

Suwa Junko : ရေချိုး၊ မျက်နှာသစ်ပြီးချိန်မှာ Toner ကိုcotton နှင့်လိမ်းထားပြီး ၁၀မိနစ်ခန့် လိမ်းပေးထားရပါမယ်။ ထိုသို့လုပ်ခြင်းဖြင့် အသားအရေခြောက်သွေ့ခြင်းကို စောင့်ရှောက်ပြီးသားဖြစ်ပါလိမ့်မယ်။

Yathar : အလုပ်များတယ်လို့ထင်ပေမယ့် အားကစားရောလုပ်လေ့ရှိပါသလား။

Suwa Junko : ယခုတလော ရန်ကုန်မှာနေထိုင်တဲ့ဂျပန်လူမျိုးအသိများနဲ့ ကြက်တောင်ရိုက်နေပါတယ်။ အာရုံစိုက်ပြီးအားကစားလုပ်ရင် စိတ်ကျန်းမာစေပါတယ်။ အားကစားလုပ်ပြီးချွေးထွက်သွားတာကြောင့် အရမ်းလန်းဆန်းစေပါတယ်။

Ms.Suwa, who carefully checks the sound during the rehearsal .

 Yathar : ဒီနေ့ Live ပွဲအစမ်းကျင့်ချိန်မတိုင်ခင် အင်တာဗျူးအချိန်ပေးခဲ့သလို ပုံမှန်Live ပွဲရက်တွေမှာဘယ်လိုမျိုး ကျန်းမာရေးစီမံခန့်ခွဲမှုတွေရှိလုပ်လေ့ရှိပါသလဲ။ ဘယ်လိုအစားအသောက်ပုံစံကိုသတိထားလေ့ရှိပါသလား။

Suwa Junko : ထူးထူးခြားခြားလုပ်ဆောင်တဲ့အရာကိုမေးချင်တာများလား။ ပွဲမစခင် ၁ နာရီအလိုကစပြီး စိတ်သက်သောင့်သက်သာအပန်းဖြေလေ့ရှိပြီး သွက်လက်တဲ့ပုံသဏ္ဍန်ဖြစ်အောင်ပြင်ဆင်လေ့ရှိပါတယ်။ အဲ့ဒီအချိန်ထဲက Live ခံစားချက်ကိုစတင်စိတ်သွင်းထားလေ့ရှိပါတယ်။အစားအသောက်ဆိုရင် စပ်တဲ့အစားအစာတွေကိုရှောင်ပြီး ခန္ဓာကိုယ်အတွက်သက်တောင့်သက်သာဖြစ်စေမယ့်အစားအစာတွေကိုရွေးချယ်စားသုံးလေ့ရှိတယ်။

Yathar : မှတ်သားစရာပါပဲ။ များသောအားဖြင့်သဘာဝအတိုင်း ထူးထူးခြားခြားဖြစ်မနေအောင်စိတ်ကိုထားရှိတာကစပြီး ထူးခြားလှပတဲ့Liveပွဲတစ်ခုဖြစ်အောင်ကြိုတင်ပြင်ဆင်လာခဲ့တာပဲ။ Live အကြောင်းစကားပြောင်းမေးရမယ်ဆိုရင် Suwa san ရဲ့ အဓိကအလုပ်ဖြစ်တဲ့သီချင်းတွေနဲ့ပတ်သက်ပြီးမေးချင်ပါတယ်။ ပုံမှန်အားဖြင့် သီချင်းစာသားနှင့်သံစဉ်တွေကိုဘယ်လိုဖန်တီးလေ့ရှိပါသလဲ။

Suwa Junko : သံစဉ်တွေကတော့စိတ်ထဲမှာပေါ်လာတဲ့အချိန်မှာ ရေးလေ့ရှိတယ်။ အဖြစ်မနေလုပ်ယူပြီး ရေးလေ့မရှိပါဘူး။ အနားယူနေတဲ့အချိန်စိတ်ထဲပေါ်လာရင်ရေးတာများပါတယ်။ အဲ့လိုအချိန်တွေမှာ ချက်ချင်းဖုန်းမှာအသံသွင်းပြီးမှတ်ထားလေ့ရှိတယ်။ စာသားရေးတဲ့နေရာမှာအားနည်းလို့ သေချာ[ရေးရမယ်]လို့ စိတ်ဆုံးဖြတ်ပြီးတာနဲ့ စားရေးစားပွဲကိုသွားထိုင်ရေးတဲ့အကျင့်ကိုလုပ်ထားရတယ်။ခံစားချက်တွေကို ဘယ်လိုစာသားနဲ့ဖော်ပြရမလဲစဉ်းစားတဲ့အချိန်ကလိုအပ်တဲ့အတွက်ကြောင့်ပါနော်။ဖြစ်နိုင်သမျှ ကောင်းကောင်းအိပ်၊ အနားယူ၊ အပန်းဖြေတဲ့အချိန်တွေမှာ အကောင်းဆုံး သံစဉ်တွေကိုရေးနိုင်လို့ မဖြစ်မနေ အဲ့လိုအချိန်တွေကို ဖယ်ထားလေ့ရှိတယ်။

Live starts around 18:00 when the sunset is bright

Yathar : ဒီနေ့က Sakura Tower အထပ် ၂၀မှာရှိတဲ့ Sky Bistroမှာ Live ပွဲရှိတယ်ဆိုတော့ ဘယ်လိုLive ပွဲအမျိုးအစားလဲ။

Suwa Junko : အရင်ထဲက Sky Bistro ကနေ အပတ်တိုင်း ဆိုင်နဲ့ လိုက်ဖက်မယ့်သီချင်းတွေလိုချင်တယ်လို့ တောင်းဆိုဖူးတဲ့အတွက် အပတ်စဉ်သောကြာနေ့တိုင်း အချိန်သတ်မှတ်ဖျော်ဖြေဖို့ဖြစ်လာခဲ့တာပါ။အဲ့ဒါကြောင့် Live House ပုံစံဖျော်ဖြေပွဲလို့ ပြောလို့ရပါတယ်။ ကိုယ်ပိုင်သံစဉ်တစ်ခုတည်းမဟုတ်ပဲအားလုံးကသိတဲ့ Standard Number မြန်မာသံစဉ် cover သီချင်းစတဲ့ သီချင်းတွေကို Live မှာ ဖျော်ဖြေပေးလေ့ရှိပါတယ်။ အခကြေးငွေမပေးရဘဲ free Live ဖြစ်တာကြောင့် အချိန်ရှိရင် သောကြာနေ့ညမှာ yathar magazine စားရေးဆရာများလည်း Sky Bistro ကိုလာရောက်ပြီး အတူတူ ပျော်ရွှင်စရာအချိန်တွေကို ကုန်ဆုံးပေးမယ်ဆိုရင် ၀မ်းသာပျော်ရွှင်မိမှာပါ။

Yathar : ပရိသတ်များနှင့်လည်းတိုက်ရိုက်တွေ့ဆုံခွင့်ရပြီး စကားတွေပြောနိုင်မယ့် အချိန်တစ်ခုဖြစ်နိုင်တယ်နော်။

Suwa Junko : ကြိမ်းသေ အားလုံးနဲ့ တိုက်ရိုက်တွေ့ဆုံပြီး စကားပြောခွင့်ရချင်ပါတယ်။ အဲ့လိုအချိန်လေးတွေရနိုင်ကြောင်းကို တဆင့်ပြောပေးမယ်ဆို တတိုင်းမသိဝမ်းသာမိမှာပါ။

She will interact with customers at a friendly live MC.

Yathar : နောက်ဆုံးမေးခွန်းကတော့ အားပေးနေတဲ့ ပရိသတ်များကို စကားလက်ဆောင်လေးပြောပေးပါအုံး။

Suwa Junko : အမြဲအားပေးနေတဲ့ ပရိသတ်များကို အထူးကျေးဇူးတင်ရှိပါတယ်။ ၁လပိုင်းမှာပွဲဦးထွက်အခွေထွက်ရှိခဲ့ပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံမှာ အခြေချ လှုပ်ရှားမှုတွေပြုလုပ်မှာဖြစ်လို့၆လပိုင်းမှာ တိုကျိုကနေ ရန်ကုန်ကို လာရောက်ခဲ့ပါတယ်။ မိုးရာသီ ဖြစ်တဲ့ ရန်ကုန်မှာ ကိုယ်ပိုင်သံစဉ်တွေကို ထပ်ရေးဖို့ စီစဉ်နေပြီး ပွင့်လင်းရာသီပွဲများအတွက်ကြိုတင်ပြင်ဆင်နေပါတယ်။ ပွင့်လင်းရာသီဝင်တာနဲ့ ပြုလုပ်တဲ့လှုပ်ရှားမှုပွဲတွေမှာလည်း ဆက်လက်အားပေးကြပါအုံးလို့ ပြောချင်ပါတယ်။“yathar ne sha-ya-me!” *မြန်မာဘာသာဖြင့် “yatharနဲ့ ရှာရမယ်!” ရဲ့အဓိပ္ပာယ်. နောက်ဆုံးမှာ CM ထဲကစာသားလေးတွေပြောရင်း လှပတဲ့အပြုံးလေးတွေနဲ့ တွေ့ဆုံးမှုပြီးဆုံးခဲ့ပါတယ်။

Live မှတ်တမ်း

ယနေ့သီချင်းစာရင်း

ပထမပိုင်း
၁။ THE ROSE ( Bettle Midler cover )
၂။ Time After Time ( Cyndi Lauper cover )
၃။ Moon River ( Andy Williams cover )
၎။ A Whole New World ( Regina Belle & Peabo Bryson cover )
၅။ Miraie ( Kiroro cover )
၆။ I Love you ( Ozaki Yutaka cover )
၇။ kokoro no furusato ( Suwa Junko original song )

ဒုတိယပိုင်း
၁။ No One ( Alicia Keys cover )
၂။ Close to you ( Carpenters cover )
၃။ You Raise Me up ( Celtic Woman cover )
၎။ Cover song
၅။ Cover song
၆။ Cover song
၇။ Arigato ( Suwa Junko original song )
၈။ Yesterday Once More ( Carpenters cover )

အထက်ပါဖော်ပြတဲ့အတိုင်း သီဆိုသွားတဲ့သီချင်းများ၊ မူရင်းသီချင်းများကို နားထောင်နေချိန်မှာ အရမ်းကိုတန်ဖိုးရှိတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ yatharကရိုက်ကူးရေးကိုမေ့သွားလောက်အောင် Suwa san ရဲ့ အသံကအရမ်းကို နားထောင်လို့ကောင်းပါတယ်။ ဂျပန်သံစဉ်တွေဆိုရင် စာသားနားမလည်ပေမယ့် မျက်ရည်ဝဲပြီးခံစားချက်တွေဖြစ်ပေါ်လာအောင်စွဲဆောင်မှုရှိလှပါတယ်။ အရမ်းကို တန်ဖိုးရှိလှတဲ့ ညတညဖြစ်ခဲ့ပါတယ်။

Suwa Junko Offical site

「Arigato」Music Video of Japanese version
(Full MV)အရီဂတို Arigato/စုဝါဂျွန်ကို SUWA JUNKO すわじゅんこ
yathar CM / Native Kitchen 30sec ver.

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။