ကျန်းမာ & အလှအပ

၁၅ ရက်အတွင်း ဆံပင်နက်မှောင်သန်စွမ်းလာစေမယ့် နတ်ဆေး

ဆံကေသာတွေကို နက်မှောင်ပြီးတော့ သန်စွမ်းချင်ပါသလား။
၁၅ ရက်အတွင်း ဆံကေသာကို နက်မှောင်ပြီးတော့ သဘာဝအတိုင်း သန်စွမ်းစေမယ့် နည်းတစ်မျိုးရှိတယ်။
အိမ်မှာလည်း ကိုယ်တိုင်လုပ်နိုင်တယ်။ လုပ်နည်းကလည်း လွယ်ကူတယ်ဆိုတော့ ….ဘယ်လိုလဲ….အခုပဲလုပ်ဖို့ နည်းလမ်းလေးကို ကြည့်လိုက်ကြမယ်လေ။

ပါဝင်ပစ္စည်းများ
ခ၀ဲသီး          ၁ တောင့်
Coconut oil ၁ ခွက်

ပြုလုပ်နည်း
ခ၀ဲသီး တစ်တောင့်ကို ယူပြီး အပိုင်းသေးသေးလေးများဖြစ်အောင် လှီးပါ။
လှီးထားသော ခ၀ဲသီးများကို နေပူထဲတွင် ၂ ရက် နေလှန်းပါ။
နေလှန်းပြီး ရလာသော ခ၀ဲသီးစိတ်ကလေးများကို ရေခွက် တစ်ခုထဲကို ထည့်ပါ။
ပြီးလျှင် coconut oil များကို အပေါ်မှ ထပ်ထည့်ပါ။ ပြီးလျှင် ယခုပုံစံအတိုင်း ၄ ရက်ထားပါ။
၎ ရက်ကြာပြီးနောက် ရရှိလာသော oil mixture ကို အိုးတစ်အိုးထဲထည့်ပြီး ခ၀ဲသီးများ အမဲရောင်သမ်းလာသည်အထိ အပူပေးပါ။ ပြီးလျှင် မီးကိုပိတ်ပြီး အအေးခံလိုက်ပါ။
ဆီများကို ပုလင်းတစ်လုံးထဲ ထည့်ပြီး သိမ်းထားပါ။ ထိုဆီများကို ဗောက်ထနေသော ဦးရေပြား သို့မဟုတ် ဆံကေသာပေါ်သို့ လိမ်းပြီး ၂ မိနစ်ခန့် နှိပ်ပေးပါ။ ပြီးလျှင် ၂-၃ နာရီထားလိုက်ပါ။
ပြီးလျှင် shampoo နှင့် ရေဆေးချလိုက်ပါ။

ထိုနည်းလမ်းလေးကို သုံးပြီး ဆံကေသာလှပချင်တဲ့ သူတိုင်း သဘာဝအတိုင်းလှပတဲ့ ဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။

နောက်ထပ် ဘယ်လို အကြောင်းအရာမျိုးတွေကို ပြောပြပေးဦးမလဲဆိုတာ သိဖို့ Yathar page လေးကို like လုပ်ထားပေးဦးနော်။

Application download link
https://s.yathar.com/apps

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။