ဆေးစာ

အသည်းယားချင်ရင် လုပ်စားသင့်တဲ့ အိစိ Mochi

Mochi ဆိုတာ ဂျပန်ရိုးရာ အစားအစာတစ်ခုဖြစ်တဲ့အပြင် စားလိုက်တိုင်း အိစိ အိစိ ကလေးမလို့ ကလေးရော လူကြီးပါ ကြိုက်နိုင်ပါတယ်။ လုပ်နည်းလေးကလည်း လွယ်ကူတဲ့အပြင် အိမ်မှာရှိတဲ့ သားသားမီးမီးတွေအကြိုက်မလို့ Mochi လုပ်နည်းလေးကို ကြည့်လိုက်ကြရအောင်..

လိုအပ်သည့်ပစ္စည်းများ
ဆန်မှုန့် ၂ ခွက်
သကြား ၂ ခွက်
ရေ ၃ ခွက်
ဆား
Red Bean Paste

ပြုလုပ်နည်း
ဆန်မှုန့်ကို ရေနည်းနည်းစီ နှင့် ဆားအနည်းငယ် ထည့်ပြီး အလုံးလေးလုံးလို့ရသည်အထိ နယ်ပါ။ပြီးလျှင် နယ်ထားသော မုန့်နှစ်ကို ပေါင်းပါ။ မုန့်နှစ်ပူနေတုန်း သကြားကို ထည့်ပါ။ လုံးဝပြစ်နှစ်ပြီး အလုံးလေးတွေ ရလောက်တဲ့ အနေအထားဆိုရင် သကြားထည့်တာ ရပ်လိုက်ပါ။ပြီးလျှင် ဆန်မှုန့်များထဲသို့ မုန့်နှစ်များကို ထည့်လိုက်ပါ။သင့်တင့်တဲ့ အလုံးအနေအထားအတိုင်း Red Bean Paste ထည့်ပြီးလုံးလိုက်ပါ။ပြီးလျှင်တော့ အိစိ အိစိနဲ့ စားချင်စဖွယ် Mochi လေးရရှိလာပါပြီ။

ဒီနည်းလမ်းလေးကို လုပ်ပြီး ကလေးရော လူကြီးရောကြိုက်တဲ့ အရသာရှိတဲ့ Mochi လေးကို စားသုံးနိုင်ပါပြီ။

Download Now                               –  https://s.yathar.com/apps 

Booking လုပ်နည်း                            –  https://youtu.be/y9Qirlq-6D4?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o  

Coupon Discount အသုံးပြုနည်း –    https://youtu.be/hWifk6dF2qw?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o

About the author

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။