ကျန်းမာ & အလှအပ

ဂျင်းစားဘူးကြလား

အခုလို ရာသီဥတုမျိုးမှာ ဂျင်းကို သံပုရာသီးလေးနဲ့ ရေနွေးဖျောပြီး သောက်ပေးရင် ကိုယ်ခံအားကောင်းစေပါတယ်။ ဒါ့အပြင် ဂျင်းကို စားရင်ဘယ်လို အကျိုးကျေးဇူးတွေရလဲ။ ကျန်းမာရေးအတွက် ဘာတွေကောင်းနိုင်လဲ ဆိုတာ ဖော်ပြပေးမှာဖြစ်ပါတယ်

အရေးအကြောင်းတွေကို လျော့ကျစေတယ်
ဂျင်းမှာပါဝင်တဲ့ antioxidants ဓါတ်တွေက collagen ဓါတ်တွေပါလို့ အသားအရည်ကို အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ပိုပြီးကောင်းတဲ့ အကျိုးရလဒ်ကို ရချင်ရင်တော့ ဂျင်းကို ပါးပါးလေးတွေလှီးပြီး တစ်နေ့ကို ၃ ကြိမ်ကပ်ပေးပါ။

ဆံကေသာကျန်းမာရေးအတွက်လည်း ကောင်းတယ်
အရှေ့တောင်အာရှမှာရှိတဲ့သူတော်တော်များများက ဆံကေသာကျန်းမာရေးကောင်းဖို့အတွက် ဂျင်းကိုအသုံးပြုကြတယ်။ ဂျင်းဆီကို ဘယ်လိုလုပ်မလဲဆိုတော့ ကြက်သွန်နီ၊ ဂျင်းနဲ့ olive oil ကိုရောပြီး blend လုပ်ပြီး ပျက်ဆီးနေတဲ့ ဆံကေသာအပေါ်မှာ လိမ်းပေးပါ။

ဝိတ်ကျစေတယ်
ဂျင်းပြုတ်ရည်ကိုသောက်ပေးရင် ၀ိတ်ကျစေပါတယ်။ ဂျင်းမှာပါဝင်တဲ့ ဓါတ်တွေက ၀ိတ်ကျစေနိုင်လို့ ပိန်ချင်တဲ့သူတွေလည်း ဂျင်းပြုတ်ရည်ကို သောက်ပေးလို့ရပါတယ်။

ဒါ့ကြောင့် ဂျင်းကို ဘယ်လို အသုံးပြုရင် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာ သိရင်တော့ အခုပဲ ကိုယ်လိုအပ်တဲ့ နေရာမှာ ဂျင်းကိုသုံးပြီး ကျန်းမာရေးနဲ့ အလှအပကို ထိန်းကြမယ်လေ။

Sharing is caring ဆိုသလို post လေးကို share ပြီး သူများတွေလည်း သိအောင်လုပ်ကြရအောင်..

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။