ဗဟုသုတ

သူတို့ကို ထပ်ပြီး မလွှင့်ပစ်ပါနဲ့တော့

အိတ်တစ်လုံးအသစ်ဝယ်ပြီဆိုတာနဲ့ အတွင်းထဲမှာ Silica Gel လို့ခေါ်တဲ့အဖြူရောင် အထုပ်လေးကို တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို မလွှင့်ပစ်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ အထဲမှာ Silica Gel သေးသေးလေးတွေအများကြီးပါလို့ပါ။ ဆက်ဖတ်ကြည့်လိုက်ရအောင်..

သူတို့ကို recycle အနေနဲ့ ပြန်လည်အသုံးပြုလို့ရပါတယ်။ အရင်တုန်းကရော အဲ့ Silica Gel အိတ်လေးရဲ့ အသုံးဝင်ပုံတွေကို သိလား။ Silica Gel အိတ်လေးကို အိတ်တို့ ဖိနပ်တို့ဝယ်တိုင်းပါ ဘူးထဲမှာ ပါလာတာ တွေ့ရမှာပါ။ သူတို့ကို လျှပ်စစ်ပစ္စည်းတွေရဲ့ ဘူးတွေမှာလည်း တွေ့ရနိုင်ပါတယ်။ အဲ့တော့ အားလုံးသိချင်တဲ့မေးခွန်းလေးနှစ်ခု ရှိပါလိမ့်မယ်။ အဲ့ဒါက Silica gel အိတ်လေးရဲ့ အသုံးဝင်ပုံတွေကဘာလဲ နဲ့ သူတို့က အန္တရာယ်မရှိနိုင်ဘူးလား ဆိုတာရယ်ပါပဲ။ 

သူတို့ရဲ့ အသုံးဝင်ပုံတွေက ဘာလဲ။
၁ Silica Gel အိတ်လေးတွေကို သုံးပြီး Bacteria တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
   အိတ်နဲ့ ဖိနပ်တွေမှာဆိုရင် Bacteria လေးတွေရှိနေတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ကို ဗူးထဲမှာ အကြာကြီးထားမယ်ဆိုရင် Bacteria လေးတွေရှိတတ်လို့ Silica Gel အိတ်လေးကို ဗူးထဲမှာ ထားပေးမယ်ဆိုရင်တော့ Bacteria လေးတွေမရှိနိုင်တော့ပါဘူး။

၂ ကားထဲမှာရှိတဲ့ အနံ့အသက်တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။
   အဖြူရောင် Silica Gel လေးရဲ့ အဓိက အကျဆုံး အသုံးဝင်ပုံတစ်ခုက ကားထဲမှာရှိတဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးနိုင်တာပါ။ 

၃ ဖုန်းဒါမှမဟုတ် တခြားတစ်ခုခု ရေထဲကျသွားရင်လည်း Silica Gel ကိုအသုံးပြုနိုင်ပါသေးတယ်။
   တကယ်လို့ ဖုန်း ဒါမှမဟုတ် တခြားတစ်ခုခု ရေထဲကျသွားရင်လည်း ဖုန်းကို သဘက်နဲ့သုတ်မယ်။ ပြီးရင် Battery ဖြုတ်၊ SD Card တွေပါဖြုတ်ပြီးရင် Silica အိတ်တွေထည့်ထားတဲ့ ပန်းကန်တစ်ခုခုထဲကို ထည့်လိုက်ပါ။

၎ ဓါတ်ပုံတွေကိုလည်း ပိုပြီး ကြာရှည်ခံနိုင်စေပါတယ်။
  ဓါတ်ပုံတွေတော်တော်များများက ကြာလာရင် ရေဓါတ်ကြောင့် ပျက်ဆိးတတ်ပါတယ်။ ဒါ့ကြောင့် ဓါတ်ပုံတွေထည့်ထားတဲ့ ဘူးထဲမှာ Silica အိတ်လေးတွေကို ထည့်ပြီး ကာကွယ်နိုင်ပါတယ်။

၅ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။
   အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဥပမာ လက်ထပ်စာချုပ်လို၊ မွေးစာရင်းတို့ ၊ အိမ်ထောင်စုစာရင်းတို့လို အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို Silica gel အိတ်လေးတွေနဲ့ အတူတူ ထားပေးနိုင်ပါတယ်။

၆ leather နဲ့ပြုလုပ်ထားတဲ့ အရာတွေကို ထိန်းသိမ်းထားနိုင်ပါတယ်။
   အိတ်၊ ဖိနပ်၊ ပိုက်ဆံအိတ်နဲ့ leather အိတ်တွေကို သိမ်းထားတဲ့အခါ ရေဓါတ်ကိုဖယ်ရှားပေးနိုင်တဲ့ Silica Gel အိတ်လေးတွေနဲ့ အတူတူ သိမ်းထားသင့်ပါတယ်။

၇ မိတ်ကပ်တွေမှာဖြစ်တတ်တဲ့ မှိုစွဲခြင်းမှလည်း ထိန်းသိမ်းထားနိုင်ပါတယ်။
   မိတ်ကပ်၊ eyeshadow၊  eyeliner နဲ့ တခြား Cosmetics တွေမှာ ရေဓါတ်ကြောင့်ဖြစ်တတ်တဲ့ မှိုစွဲခြင်းကိုလည်း Silica Gel အိတ်လေးနဲ့ အတူတူထားခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။

၈ စာအုပ်တွေကိုလည်း ထိန်းသိမ်းထားနိုင်ပါတယ်။
   စာအုပ်တွေမှာ စာရွက်တွေ အစိုဓါတ်ကြောင့်ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် Silica အိတ်လေးနဲ့ အတူတူထားပေးမယ်ဆိုရင်တော့ ဒါမျိုးမဖြစ်နိုင်ပါဘူး။

ဒါတွေအားလုံးက အကုန်လုံးအတွက်လည်း အရမ်းအသုံးဝင်တဲ့ အရာလေးတွေဖြစ်သလို့ မိန်းကလေးတိုင်း ခေါင်းကိုက်ရတဲ့ မိတ်ကပ်တွေ မှိုစွဲတတ်တာကိုလည်း ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းလေးတွေလည်း ပါတယ်ဆိုတော့ sharing is caring ဆိုသလို တခြားသူတွေလည်း သိအောင် ပြောပြလိုက်ပါဦးနော်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။