ဗဟုသုတ

အစားတလိုင်းတို့ရဲ့ Stress ဖြေနည်း

လူတိုင်း လူတိုင်းမှာ အလုပ်၊ပညာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်သက်ရင် psychology stress တွေရှိတတ်ကြပါတယ်။ လူတစ်ချို့က stress တွေကို တရားမှတ်ပြီး ဖြေလျော့ကြသလို တစ်ချို့ကလည်း ငွေနဲ့ဝယ်ပြီး ဖြေလျော့ကြပါတယ်။ တစ်ဦးနှင့်တစ်ဦး Stress ဖြေလျော့နည်းမတူကြသလို အစားတလိုင်းလေးတို့ရဲ့ Yathar ကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး psychology Stress တွေေဖြေလျာ့နည်းကို ပြောပြပေးပါမယ်။

Protein ဓါတ် များများစားပေးပါ
လူတစ်ယောက်ဟာ stress တွေပိလာပြီဆိုရင် ခန္ဓာကိုယ်က Protein ဓါတ်တွေလိုအပ်လာပါပြီ။Stress တွေကြောင့် ဆဲလ်သေတွေဖြစ်လာတတ်ပြီးတော့ ထိုဆဲလ်သေတွေကို တိုက်ဖျက်ဖို့ Protein ဓါတ်များများလိုအပ်ပါတယ်။ Protein ဓါတ်တွေရရှိဖို့ ဘာတွေစားရမလဲ ဆိုတာပြောပြပေးပါမယ်။ကြက်ရင်ပုံသား၊ ကြက်ဥ၊ almonds၊ Oats၊ ဂရိဒိန်ချဉ်၊ နို့၊ ပန်းဂေါ်ဖီစိမ်း၊ အမဲသား၊ တူနာငါး၊ ငါးအမျိုးမျိုးတို့ကို စားသုံးပေးလို့ရပါတယ်။

Carbohydrate ပါတဲ့ အသီးအနှံများများစားပေးပါ
ကာဘိုဟိုက်ဒရိတ်ဆိုတာ ဘာလဲ။ ကာဘိုဟိုက်ဒရိတ်ပါတဲ့ အသီးအနှံတွေက ဘာတွေလဲ။ကာဘိုဟိုင်ဒရိတ်ဆိုတာ အသီးအနှံ၊ စပါးနှံနှင့် နို့များတွင်တွေ့ရတတ်သော သကြားဓါတ်၊ ဂလူးကို့နဲ့ fibers ဓါတ်ဖြစ်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ဓါတ်ပါဝင်သော အသီးများအားလူး၊ ပြောင်းဖူး၊ ဆန်လုံးညို၊ oats၊ ငှက်ပျောသီး၊ ပန်းသီး၊ သရက်သီး၊ တရုပ်ဆီးသီး၊ စပျစ်သီးခြောက်၊ Goji Berries၊ ဗိုလ်ကိတ်ပဲ၊ ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေး တို့ဖြစ်ပါတယ်။

တစ်နေ့တာ ကဖိန်းဓါတ်ကို သတ်မှတ်ပါ
ကဖိန်းဓါတ်ကို Tea, coffee, cola နဲ့ ချောကလက်တွေမှာ တွေ့ရနိုင်ပါတယ်။ တစ်နေ့ကို coffee ၄ ခွက်ကနေ ၅ ခွက်အတွင်းသောက်တဲ့ သူတစ်ယောက်က Stress level ကို 32% အထိ မြင့်တက်လာစေနိုင်ပါတယ်။ အဲ့ဒါကြောင့် တစ်နေ့ကို coffee 3 ခွက်သာ သောက်သုံးသင့်ပြီးတော့ နေ့လည် ၂ နာရီကျော်ရင် မသောက်ပဲ နေတာ အကောင်းဆုံးပါ။ 

အစားတလိုင်းလေးတွေဆိုတော့ Stress ကို အစားနဲ့ ဖျောက်ဖို့ ကြိုးစားကြမယ်လေ။ အစားနဲ့ဖျောက်တယ်ဆိုပေမယ့် စားချင်တာတွေစားပြီး ဖျောက်တာထက် သတ်မှတ်ထားတဲ့ အစားအသောက်တွေကို စားပြီး Psychology stress တွေကို ဖြေဖျောက်ကြမယ်လေ။