ကျန်းမာ & အလှအပ

ဒူးခေါင်းနဲ့ဂျိုင်းမဲနေလို့ စိတ်ညစ်နေသူတွေဖတ်သင့်ပါတယ်

ဒူးခေါင်းတို့ တံတောင်ဆစ်တို့ဆိုတာ အနည်းနဲ့ အများတော့ မဲတတ်ကြပါတယ်။အဲ့နေရာတွေ မဲနေလို့ ကိုယ့်ကိုကိုယ် confident နည်းနေသူများအတွက် အိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်တဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်။

၁ ရေနွေးငွေ့
ဒီနည်းလမ်းလေးက အရမ်းကို လွယ်ကူတဲ့နည်းလေးဖြစ်ပါတယ်။ ရေပူပူထဲကို Towel နှစ်ပြီး ရေညှစ်ချပါ။ ပြီးလျှင်တော့ မဲနေတဲ့နေရာပေါ်မှာတင်ထားပေးပါ။ ၅ မိနစ်လောက်ကြာရင် ပြန်ခွာလိုက်ပါ၊ Towel ကို ကပ်ထားတဲ့နေရာကို ညှင်သာစွာ ပွတ်ပေးခြင်းဖြင့် ဆဲလ်သေများကိုဖယ်ရှားပေးပြီး  မဲနေတာတွေကို လျော့ချပေးနိုင်ပါတယ်။

၂ Mask
ဒီ Mask လေးက အရမ်းကိုရိုးရှင်းတဲ့ Mask လေးတစ်ခုပြီးတော့ အသားအရည်ကို ပိုမိုကောင်းမွန်လာစေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲ့တော့ နည်းလမ်းလေးက ဘာများဖြစ်မလဲ။
ပါဝင်ပစ္စည်းလေးတွေကရော ဘာလဲ ဆိုတာ သိဖို့ ဖတ်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ
ပင်လယ်ဆား စားပွဲတင်ဇွန်း ၁ ဇွန်း
Virgin Olive Oil  စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
ပါဝင်ပစ္စည်းများကို Bowl တစ်ခုထဲထည့်ပြီး သေချာမွှေပေးပါ။ ပြီးရင်အဲ့အနှစ်လေးကို မဲနေသောနေရာများကို လိမ်းပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေသေချာဆေးပေးပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်ကို တစ်ခါလုပ်ပေးပါ။ 

ဒီနည်းလမ်းလေးက အရမ်းကို အကျိုးရှိတဲ့နည်းလမ်းဖြစ်ပြီးတော့ အသားအရည်ကိုအထောက်အကူပေးနိုင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။ oil က အသားအရည်ကို အစိုဓါတ်၊ တင်းရင်းစေတဲ့ဓါတ်အပြင်  အသားအရည်ကာလာကိုလည်း အထောက်အကူပြုစေပါတယ်။

၃ အသားအရည်ဝင်းလက်စေတဲ့ Mask
ပါဝင်ပစ္စည်း
နနွင်းမှုန့်  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည်   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Coconut Milk လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းများကို အနှစ်ဖြစ်တဲ့အထိ  ရောမွှေလိုက်ပါ။ အဲ့အနှစ်ကို မဲနေသောနေရာများကို လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ သေချာဆေးပေးပါ။ နနွင်းက အသားအရည်ကို အစိုဓါတ်ထိန်းပေးပြီး နူးညံ့စေပါတယ်။ Coconut Milk မှာလည်း အသားအရည်အတွက်လိုအပ်တဲ့ အစိုဓါတ်နဲ့ အားဖြစ်စေတဲ့ ဗီတာမင်ဓါတ်တွေပါဝင်ပါတယ်။

အပေါ်မှာ ပြောပြထားတဲ့ နည်းလမ်း ၃ မျိုးထဲက မိမိကြိုက်နှစ်သက်တဲ့နည်းလမ်းကို အသုံးပြုလို့ရတဲ့အပြင် ဒီနည်းလမ်းလေးတွေကို တခြားသူများလည်း အသုံးပြုနိုင်အောင် sharing လုပ်ပေးကြရအောင်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။