ခရီးသှား

ဂျပန်ကို ရောက်တုန်းဘယ်နေရာမှာ ဘာတွေစားသင့်လဲ

ဂျပန်ရောက်တုန်းဘာတွေစားကြမလဲ။ ဂျပန်ကိုခဏတဖြုတ် အလည်သွားလို့ပဲဖြစ်စေ၊ အလုပ်သွားလုပ်ရင်း နားရက်ရလို့ပဲဖြစ်ဖြစ် ဘယ်သွားပြီး ဘာစားရမလဲ စဉ်းစားနေသူတွေအတွက် ဘယ်နေရာမှာဆို ဘာတွေကို စားသင့်တယ်ဆိုတာလေး ပြောပြပေးထားပါတယ်။ ဂျပန်ရောက်တုန်း အိမ်တွင်းမပုန်းပဲ ဒီမှာပြောထားတဲ့နေရာလေးတွေကိုသွားရင်း ဒီအစားအသောက်လေးတွေကို စားကြည့်လို့ရပါတယ်။

1)    Kiyomizu- Dera Temple (Kyoto Prefecture) ခိယော့မိဇု-ဒဲလ ဘုရားကျောင်း(ကျိုတိုမြို့နယ်)
  Kiyomizu- Dera  ဘုရားကျောင်းက ဂျပန်မှာနာမည်ကြီးတဲ့ ဘုရားကျောင်းတွေထဲက တစ်ခုပါ။ ဘုရားကျောင်းထဲမှာ ကြေးဘုရားကြီးလည်းရှိပါတယ်။ တခြားနေရာတွေမှာ တို့ဖူးပေါက်စီနဲ့ တို့ဖူးရေခဲမုန့်တွေရှိပေမဲ့ ဒီနေရာက တို့ဖူးပေါက်စီနဲ့ တို့ဖူးရေခဲမုန့်ကို လုံးဝမမှီပါဘူး။ ဒါ့ကြောင့်   Kiyomizu- Dera ဘုရားကျောင်းရောက်တိုင်း ဒီမုန့်လေးတွေကို စားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Tofu soft cream တိုဖူးရေခဲမုန့်

Tofu man တိုဖူးပေါက်စီ

2)    Nanzoin Temple (Fukuoka Prefecture)
၁၉၉၅ ခုနှစ်မှာ တည်ထားခဲ့တဲ့ Nanzoin ဘုရားက 41m ရှည်ပြီး 11mမြင့်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး လျောင်းတော်မူဘုရားထဲမှာလည်း ပါဝင်တဲ့အပြင် ဒီဘုရားကိုရောက်ဖို့ဆိုရင် Hakata ဘူတာကနေ ၂၁ မိနစ်ပဲကြာပါတယ်။ 
Address – 1035 Sasaguri, Kasuya-gun, Fukuoka 811-2405, Japan

Fukuoka မြို့ရဲ့နာမည်ကြီး Innards Japanese Hot Pot (Motsunabe) ကိုလည်း Fukuoka ရောက်တိုင်းစားကြည့်သင့်ပါတယ်။

Fukuoka ကနေလက်ဆောင်ဝယ်ချင်ရင်တော့ Torimon Hakata (လမုန့်) ကိုလည်း နေရာတော်တော်များများမှာတွေ့ရတဲ့အတွက် လက်ဆောင်ဝယ်သွားလို့လည်း အရမ်းကောင်းပါတယ်။

3)    Miyajima (city of water) – Itsukushima ကျွန်း (Hiroshima Prefecture)
Hiroshima မြို့ရဲ့ Itsukushima ကျွန်းမှာတည်ရှိတဲ့ ဂျပန်မြို့ဟောင်းတစ်ခုပါ။
ဒီမြို့လေးမှာ မြို့ဟောင်းပုံစံမျိုးဖြစ်တဲ့အပြင် သဘာဝဘေးမဲ့တောအနေနဲ့ သမင်လေးတွေကိုလည်း တွေ့ရတယ်။ ကျွန်းကိုရောက်ဖို့ သင်္ဘောနဲ့ကူးတဲ့အချိန် တွေ့ရတဲ့ မုဒ်ဦးလေးက အဲ့ကျွန်းရဲ့ ထူးခြားချက်တစ်ခုပါ။ 

Momiji Manju (ဆိုင်မှာ ချက်ချင်းမှာ ချက်ချင်းလုပ်ပေးပြီး ပူပူနွေးနွေး ပဲမုန့်)နဲ့

Momiji Takokushi ( မိုမိဂျိရွက်ပုံ ရေဘ၀ဲ အသားချောင်း) ကို မဖြစ်မနေစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ဒီမှာပြောပြထားတဲ့ အစားအသောက်တွေက အဲ့နေရာလေးတွေရဲ့ နာမည်ကြီးတဲ့ အဓိကအစားအစာလေးတွေဖြစ်ပြီးတော့ နောက်ကိုအဲ့နေရာလေးတွေရောက်ရင် အဲ့မုန့်လေးတွေကိုစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။