ဆေးစာ

သာမာန်ထိုင်းစတိုင်နဲ့ မတူတဲ့ ခေါက်ဆွဲကြော်က ဘယ်လိုမျိုးလဲ

ထိုင်းစတိုင်ကို ကြိုက်လှပါချည်ရဲ့ ဆိုသူတွေအတွက် သာမာန်ထိုင်းစတိုင်နဲ့ ကွဲပြားတဲ့ ထိုင်းစတိုင်မြေပဲခေါက်ဆွဲကြော်ကို လုပ်စားကြည့်ကြမလား။ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့အပြင် ခေါက်ဆွဲကို ပုံစံပြောင်းစားချင်သူတွေအတွက် ဒီမြေပဲခေါက်ဆွဲနည်းလေးက အံကိုက်ပဲနော်။ဘယ်လိုလဲ စလိုက်ကြတော့မလား….

ပါဝင်ပစ္စည်း
ဂျင်း – ခြစ်ထားပြီးသား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ – ၂ မွှာ
Peanut Butter – ၁/၄ ခွက်
ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
Vinegar – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ရေ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြားညို – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သား – အနည်းငယ်
ငရုပ်ကောင်း – အနည်းငယ်
မြေပဲစေ့ – အနည်းငယ်
မုန်လာဥ – ၁ လုံး
ကြက်သွန်နီ – ၁ လုံး

ပြုလုပ်နည်း
ကြက်သားများကို လှီးပြီးအရသာမှုန့်များထည့်ကာနယ်ထားပါ။ ပြီးလျှင် အိုးထဲထည့်ပြီး အနည်းငယ်ကျက်အောင်ကြော်ပါ။ ခေါက်ဆွဲခြောက်များကို ၃-၄ မိနစ်ခန့်ပြုတ်ပြီး ရေစစ်ထားပါ။အနှစ်ပြုလုပ်ဖို့အတွက် ဂျင်း၊ ကြက်သွန်ဖြူ၊ Peanut Butter၊ ပဲငံပြာရည်၊ Vinegar၊ ရေ တို့ကိုရောပြီး Blander ဖြင့်သေချာမွှေပါ။ ပြီးလျှင်သကြားနည်းငယ်ထည့်လိုက်ပါ။အိုးကို မီးပူပူလေးပေးပြီး ဆီကိုထည့်ပါ။ မုန်လာဥနီ၊ ငရုပ်ကောင်းတို့ကိုထည့်ပါ။ ၂-၃ မိနစ်ခန့်ထားပြီး Peanut အနှစ်နှင့် ကြက်သားကိုထည့်ပါ။ မီးအပူကိုလျော့ပြီး ခေါက်ဆွဲကြော်ကို ပန်းကန်ထဲထည့်ပါ။ ခေါက်ဆွဲအပေါ်တွင် မြေပဲစေ့၊ ကြက်သွန်မြိတ်တို့ကို တင်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်မြေပဲခေါက်ဆွဲကြော်ကို ရပါပြီ။

ဒီခေါက်ဆွဲကြော်နည်းလေးကို မေ့မသွားရအောင် မိမိ wall ထဲမှာ share ထားဖို့ မမေ့နဲ့ဦးနော်။