အင်တာဗျူး

ခရီးသည်တွေကို စေတနာအပြည့်နဲ့ ဝန်ဆောင်မှုတွေ အမြဲပေးနေတဲ့ AIR KBZ

ခရီးသည်တွေ အတွက် အမြဲတမ်းစေတနာကို ရှေ့ထားပြီး ၀န်ဆောင်မှုတွေပေးနေတဲ့ AIR KBZ ကို ဒီတစ်ခေါက်တော့ Yathar Team က သွားရောက် interview လုပ်ထားပါတယ်။
AIR KBZ က ခရီးသည်တွေအပေါ်ဘယ်လို စေတနာတွေနဲ့ ဘယ်လို ၀န်ဆောင်မှုပေးနေတယ်ဆိုတာကို သိဖို့ ဆက်ဖတ်ကြည့်လိုက်ရအောင်…

Q1 – အစ်မနာမည်လေးနဲ့ အစ်မရဲ့ တာဝန်ယူရတဲ့အပိုင်းလေးကို တစ်ချက်ပြောပြပေးပါဦး။       အစ်မနာမည်က ဒေါ်ခင်စိုးဝင်းပါ။ အစ်မက AirKBZ မှာ General Manager ပါ။  တာဝန်ယူရတဲ့ အပိုင်းလေးက မြေပြင်ဝန်ဆောင်မှုပါ။ မြေပြင်ဝန်ဆောင်မှုဆိုတာ AirKBZ နဲ့ သွားတဲ့ ခရီးသည်တွေကို counter မှာ counter checking လုပ်ပါတယ်။ checking လုပ်ပြီးတော့ ပစ္စည်းအပ်၊ ပစ္စည်းလေးတွေ လက်ခံတယ်။ အဲ့ကနေမှ Boeing gate ထိသွားတယ်။ Boeing gate ကနေမှ လေယာဉ်ပေါ်တင်ပေးတဲ့အထိ လုပ်ပေးပါတယ်။

Q2 – ဒီ Air KBZ လိုင်းမှာ ဘယ်ခရီးစဉ်တွေကို ပြေးဆွဲနေလျှက်ရှိပါသလဲ။       
အစ်မတို့က station 15 ခုပြေးဆွဲတယ်။ ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ လားရှိုး၊ မြစ်ကြီးနား၊ တာချီလိတ်၊ ခန္တီး၊ လွိုင်ကော်၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း ကိုပြေးဆွဲလျက်ရှိပါတယ်။

Q3 – Air KBZ မှာ ခရီးသည်တွေကို သူများနဲ့မတူတဲ့ ဘယ်လို service မျိုးတွေပေးလဲ။
       အစ်မတို့က ခရီးသည်တွေကို အစ်မတို့ရဲ့ KNK member ဆိုပြီးလုပ်ထားတယ်။  ကန္နရီ၊ ကန္နရာ ပေါ့။ အဲ့လို member လေးလုပ်ထားတယ်။ member ထဲမှာ စီးလာလို့ mild list တက်လာရင် silver ပေးတယ်။  silver ကနေမှ Gold ပေးတယ်။ အဲ့ခရီးသည်တွေကို building ကနေ လေယာဉ်နားသွားရင် VIP ကားလေးနဲ့ အမြဲလိုက်ပို့ပေးတဲ့ ၀န်ဆောင်မှုပေးတယ်။

Q4 – အစားအသောက်ပိုင်းမှာရော ဘယ်လို service မျိုးတွေပေးလဲ။
       အစ်မတို့က AirKBZ Box လေးနဲ့ ပေးတယ်။ အဲ့ထဲကမှ meal ကို တစ်လတစ်ခါ rotate လေးနဲ့ လုပ်ပေးတယ်။ croissant ပါတယ်။ sandwich  ပါတယ်။ Cheese နဲ့လုပ်ထားတဲ့ မုန့်တွေလည်းပါတယ်။ တစ်မျိုးနဲ့ တစ်မျိုး မတူအောင် rotate လေးနဲ့ လုပ်ပေးတယ်။ 

Q5 – Air KBZ customer တွေကိုရော ဘာတွေပြောပြချင်သေးလဲ။
Air KBZ ကို အမြဲတမ်းအားပေးပါ။ Air KBZ ကနေမှ ၀န်ဆောင်မှုအပြည့်အ၀ ပေးပါ့မယ်လို့။  အခုဆို ATR 72600 လေယာဉ်အသစ်တွေနဲ့လည်း ပြေးဆွဲပေးနေလို့ Air KBZ ကို ခရီးသွားတိုင်း၊ ရွေးချယ်ပေးပါဦး။ နောက်ဆိုရင်လည်း နိုင်ငံခြားခရီးစဉ်တွေကို တိုးချဲ့ပြီး ပြေးဆွဲသွားပါမယ်။

အခုလိုမျိုး AIR KBZ ရဲ့ ၀န်ဆောင်မှုတွေကို သိပြီးပြီဆိုတော့ AIR KBZ စီးတုန်းက စားခဲ့တဲ့ ဘယ်မုန့်လေးတွေကို အကြိုက်ဆုံးလဲဆိုတာ ပြောပြပေးသွားပါဦး။


About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။