ဗဟုသုတ

Hangover ဖြစ်ရင် အကျမနာစေဖို့

ကဲ…TGIF မှာ အပီကဲမယ်တွေးထားတဲ့ ဘီယာဇိုးလေးတွေအတွက် Hangover ဖြစ်ရင် အကျမနာအောင် ဘာတွေလုပ်မလဲ…

၁ ငှက်ပျောသီး
အရက်က သင့်ကိုယ်မှာရှိတဲ့ ရေဓါတ်ကို ဖြတ်တောက်နိုင်ပါတယ်။ ဒါ့ကြောင့် potassium ဓါတ်ကိုလည်းလျော့နည်းစေနိုင်ပါတယ်။ ငှက်ပျောသီးမှာ Potassium ဓါတ်ပါဝင်လို့ Hangover ဖြစ်ပြီဆိုရင် ငှက်ပျောသီးကို စားသုံးပေးနိုင်ပါတယ်။

၂ ကြက်ဥ
ကြက်ဥမှာ ပါဝင်တဲ့ cysteine ဓါတ်ကြောင့် Hangover ဖြစ်နေတဲ့ သင့်ကို ကောင်းကောင်းကြီး သက်သာစေမှာပါ။

၃ ဖရဲသီး
Hangover ဖြစ်ပြီဆိုရင် ရေဓါတ်ဆုံးရှုံးမှုကြောင့် တော်တော်များများ ခေါင်းကိုက်တတ်ကြပြီးတော့ သွေးခုန်နှုန်းလည်း ကျတတ်ပါတယ်။ အဲ့လိုမျိုးဖြစ်နေပြီဆိုရင်တော့ ဖရဲသီးတို့လို ရေဓါတ်များများပါဝင်တဲ့့ အသီးများကို စားသုံးပေးသင့်ပါတယ်။

၄ ပျားရည်
အရမ်းသောက်ပြီးလို့ နောက်နေ့ Hangover ဖြစ်ရင်တော်တော်များများက ပျားရည်လေးကို သောက်တတ်ကြပါတယ်။ ပျားရည်လေးနဲ့ တခြား ပေါ့ပေါ့ပါးပါးစားစရာတစ်ခုခုကို စားပေးမယ်ဆိုရင်တော့ Hangover ဖြစ်ပြီးခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ နိုးနိုးချင်းတော့ မစားပါနဲ့ဦး။ နိုးပြီး တအောင့်ကြာမှ အစားကိုစားပေးပါ။ 

၅ ကြက်စွပ်ပြုပ်
ကြက်စွပ်ပြုပ်ဆိုတာ နေမကောင်းဖြစ်တာ အားနည်းတာတွေအတွက်လည်းကောင်းသလိုHangover ဖြစ်တာတွေ အတွက်လည်း အရမ်းကောင်းတဲ့ ဆေးတစ်မျိုးပါ။ ကြက်စွပ်ပြုပ်ကိုသောက်ပြီး ကုန်ဆုံးသွားတဲ့ ရေဓါတ်ကိုလည်း ပြန်လည်ပြည့်ဝစေနိုင်ပါတယ်။

၆ ဂျင်း
Hangover ဖြစ်ထားတဲ့ အစာအိမ်လေးက ဂျင်းကိုစားပြီး ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။ ဂျင်းကို သူ့အတိုင်းစားနိုင်သလို၊ ရေနွေးလေးနဲ့လည်း စိမ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၇ ရေ
ရေသောက်ပေးတာက Hangover ဖြစ်တဲ့သူတစ်ယောက်အတွက် အကောင်းဆုံးနဲ့ အရေးအပါဆုံး ဆေးတစ်မျိုးပါ။ Hangover ဖြစ်ရင် ရေဓါတ်ဆုံးရှုံးတတ်တာမလို့ ဆုံံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်ဖြည့်ဖို့ ရေကို များများသောက်ပေးတာ ကောင်းပါတယ်။

၈ မုန့်ဟင်းခါး
အပေါ်က အချက်တွေက တော်တော်များများကြိုက်ကြမဲ့ အချက်တွေဆိုတာ သေချာမပြောပြနိုင်ပေမဲ့ ဒီမုန့်ဟင်းခါးစားပေးတာကို မြန်မာတော်တော်များများ ကြိုက်ကြလိမ့်မယ်ထင်ပါတယ်။ မုန့်ဟင်းခါးကို သံပုရာသီးနဲ့ ငရုပ်သီးများများထည့်စားပြီး ရေနွေးကြမ်း ပူပူလေး သောက်ပေးတာကလည်း Hangover ဖြစ်တာကို သက်သာစေနိုင်ပါတယ်။

၉ နောက်ဆုံးအချက်အနေနဲ့ အိပ်ရေးဝဝအိပ်ပေးပါ။
အိပ်တာက ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြည့်လာစေနိုင်တာမလို့ အိပ်ရေးဝဝအိပ်ပြီး Hangover ဖြစ်တာကို ကျော်ဖြတ်နိုင်ပါတယ်။

သောက်တော့မယ် တွေးထားသူတွေအတွက် ဖတ်သင့်တဲ့စာလေးမလို့ wall ပေါ်မှာ share ထားပြီး အမူးသောက်မယ့်သူအချင်းချင်း ရိုင်းပင်းကူညီလိုက်ကြရအောင်..

Zawgyi

ကဲ…TGIF မွာ အပီကဲမယ္ေတြးထားတဲ့ ဘီယာဇိုးေလးေတြအတြက္ Hangover ျဖစ္ရင္ အက်မနာေအာင္ ဘာေတြလုပ္မလဲ…

၁ ငွက္ေပ်ာသီး
အရက္က သင့္ကိုယ္မွာရွိတဲ့ ေရဓါတ္ကို ျဖတ္ေတာက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ potassium ဓါတ္ကိုလည္းေလ်ာ့နည္းေစႏိုင္ပါတယ္။ ငွက္ေပ်ာသီးမွာ Potassium ဓါတ္ပါဝင္လို႔ Hangover ျဖစ္ၿပီဆိုရင္ ငွက္ေပ်ာသီးကို စားသံုးေပးႏိုင္ပါတယ္။

၂ ၾကက္ဥ
ၾကက္ဥမွာ ပါဝင္တဲ့ cysteine ဓါတ္ေၾကာင့္ Hangover ျဖစ္ေနတဲ့ သင့္ကို ေကာင္းေကာင္းႀကီး သက္သာေစမွာပါ။

၃ ဖရဲသီး
Hangover ျဖစ္ၿပီဆိုရင္ ေရဓါတ္ဆံုးရံႈးမႈေၾကာင့္ ေတာ္ေတာ္မ်ားမ်ား ေခါင္းကိုက္တတ္ၾကၿပီးေတာ့ ေသြးခုန္ႏႈန္းလည္း က်တတ္ပါတယ္။ အဲ့လိုမ်ိဳးျဖစ္ေနၿပီဆုိရင္ေတာ့ ဖရဲသီးတို႔လို ေရဓါတ္မ်ားမ်ားပါဝင္တဲ့့ အသီးမ်ားကို စားသံုးေပးသင့္ပါတယ္။

၄ ပ်ားရည္
အရမ္းေသာက္ၿပီးလို႔ ေနာက္ေန႔ Hangover ျဖစ္ရင္ေတာ္ေတာ္မ်ားမ်ားက ပ်ားရည္ေလးကို ေသာက္တတ္ၾကပါတယ္။ ပ်ားရည္ေလးနဲ႔ တျခား ေပါ့ေပါ့ပါးပါးစားစရာတစ္ခုခုကို စားေပးမယ္ဆိုရင္ေတာ့ Hangover ျဖစ္ၿပီးေခါင္းကိုက္တာကို သက္သာေစႏိုင္ပါတယ္။ႏိုးႏိုးခ်င္းေတာ့ မစားပါနဲ႔ဦး။ ႏိုးၿပီး တေအာင့္ၾကာမွ အစားကိုစားေပးပါ။ 

၅ ၾကက္စြပ္ျပဳပ္
ၾကက္စြပ္ျပဳပ္ဆုိတာ ေနမေကာင္းျဖစ္တာ အားနည္းတာေတြအတြက္လည္းေကာင္းသလိုHangover ျဖစ္တာေတြ အတြက္လည္း အရမ္းေကာင္းတဲ့ ေဆးတစ္မ်ိဳးပါ။ၾကက္စြပ္ျပဳပ္ကိုေသာက္ၿပီး ကုန္ဆံုးသြားတဲ့ ေရဓါတ္ကိုလည္း ျပန္လည္ျပည့္ဝေစႏိုင္ပါတယ္။

၆ ဂ်င္း
Hangover ျဖစ္ထားတဲ့ အစာအိမ္ေလးက ဂ်င္းကိုစားၿပီး ျပန္လည္ေကာင္းမြန္လာေစႏိုင္ပါတယ္။ ဂ်င္းကို သူ႔အတိုင္းစားႏိုင္သလို၊ ေရေႏြးေလးနဲ႔လည္း စိမ္ၿပီး ေသာက္သံုးေပးႏုိင္ပါတယ္။

၇ ေရ
ေရေသာက္ေပးတာက Hangover ျဖစ္တဲ့သူတစ္ေယာက္အတြက္ အေကာင္းဆံုးနဲ႔ အေရးအပါဆံုး ေဆးတစ္မ်ိဳးပါ။ Hangover ျဖစ္ရင္ ေရဓါတ္ဆံုးရံႈးတတ္တာမလို႔ ဆံံုးရံႈးသြားတဲ့ ေရဓါတ္ကို ျပန္ျဖည့္ဖို႔ ေရကို မ်ားမ်ားေသာက္ေပးတာ ေကာင္းပါတယ္။

၈ မုန္႔ဟင္းခါး
အေပၚက အခ်က္ေတြက ေတာ္ေတာ္မ်ားမ်ားႀကိဳက္ၾကမဲ့ အခ်က္ေတြဆိုတာ ေသခ်ာမေျပာျပႏိုင္ေပမဲ့ ဒီမုန္႔ဟင္းခါးစားေပးတာကို ျမန္မာေတာ္ေတာ္မ်ားမ်ား ႀကိဳက္ၾကလိမ့္မယ္ထင္ပါတယ္။ မုန္႔ဟင္းခါးကို သံပုရာသီးနဲ႔ ငရုပ္သီးမ်ားမ်ားထည့္စားၿပီး ေရေႏြးၾကမ္း ပူပူေလး ေသာက္ေပးတာကလည္း Hangover ျဖစ္တာကို သက္သာေစႏိုင္ပါတယ္။

၉ ေနာက္ဆံုးအခ်က္အေနနဲ႔ အိပ္ေရးဝဝအိပ္ေပးပါ။
အိပ္တာက ကုန္ဆံုးသြားတဲ့ အားအင္ေတြကို ျပည့္လာေစႏိုင္တာမလို႔ အိပ္ေရးဝဝအိပ္ၿပီး Hangover ျဖစ္တာကို ေက်ာ္ျဖတ္ႏိုင္ပါတယ္။

ေသာက္ေတာ့မယ္ ေတြးထားသူေတြအတြက္ ဖတ္သင့္တဲ့စာေလးမလို႔ wall ေပၚမွာ share ထားၿပီး အမူးေသာက္မယ့္သူအခ်င္းခ်င္း ရိုင္းပင္းကူညီလုိက္ၾကရေအာင္..

Application Download Link
Booking ျပဳလုပ္နည္း
Discount Coupon ျပဳလုပ္နည္း

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တြင္ျပဳလုပ္ခဲ့ေသာ Yathar Launching မွာကတညး္က charter member တစ္ေယာက္အေနနဲ႔ စတင္ပါ၀င္ခဲ့ပါသည္။
Digital Marketing ကို အထူးျပဳထားေသာ္လည္း တစ္ခါတစ္ရံ media အတြက္ Restuarant မ်ားစီသို႔သြားၿပီး review ေရးရန္ interview မ်ားလည္း ျပဳလုပ္ပါသည္။ သူမသည္ သူမရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အစားအစားျခင္း၊ သီခ်င္းညည္းတြားျခင္းမ်ားႏွင့္ ကုန္ဆံုးတတ္ပါေသးတယ္။