လမ်းကြောင်းသစ်



ကိုကြီး


မောင်လေး
မောင်လေးတွေနဲ့ဆို
– အားကြီး အရိုခံရမှာပါ။
– အစားစားရင်လည်း ခွံ့ကျွေးခံရဖို့ မစဉ်းစားပါနဲ့ ကိုယ်ပဲ ခွံ့ကျွေးလိုက်ပါ။
– အဲ….. အရက်သောက်တဲ့ နေရာမှာတော့ မောင်လေးလည်း သူတစ်ခွက် ကိုယ်တစ်ခွက်ပါပဲ။



Unicode Version

မောင်လေးလား? ကိုကြီးလား?

အစားအသောက်နဲ့ ပတ်သက်ပြီး ကိုကြီးနဲ့ မောင်လေးကွာခြားချက်တွေကို သိကြလား?
ကိုကြီးတွေနဲ့ဆိုဘယ်လိုလဲ? မောင်ကြီးတွေနဲ့ဆို ဘယ်လိုလဲ?

ကိုကြီး
ကိုကြီးတွေနဲ့ အတူတူစားမယ်ဆို

  • နေကြာစေ့လေးလည်း ခွာကျွေးခံရနိုင်ပါတယ်။
  • Hot Pot ပူပူလေးသောက်ရင်လည်း အသားဖတ်လေးတွေက ကိုယ့်အတွက် ဖြစ်နိုင်ပါတယ်။
  • ကိုကြီးတွေနဲ့ဆိုရင် ဗိုက်ဆာတယ်ပြောတာနဲ့ အိမ်ရှေ့ကို ပါဆယ်ထုပ်လေးနဲ့ ကိုယ်ကြိုက်တာတွေ လာပို့နိုင်ပါတယ်။
  • ကိုကြီးတွေက အရမ်းကို ဂရုစိုက်တတ်ပါတယ်။
  • အလုပ်မအားလို့ အချိန်ပြည့် ဂရုမစိုက်နိုင်တာမျိုးတော့ သည်းခံပေးနိုင်မှ ဖြစ်ပါမယ်။
  • တစ်ခုခုဆို ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်ပါတယ်။
  • မွေးနေ့မှာ ဘာလိုချင်လဲ တစ်ခုခုအလိုရှိတာမျိုးဆို ဟောခနဲ ဝယ်ပေးနိုင်ပါတယ်။
  • ကိုယ့်မျက်နှာလေး တစ်ချက်အငြိုးမခံပါဘူး။
  • ကိုယ်စိတ်ကောက်လည်းသူချော့ပါ…သူစိတ်ကောက်လည်း သူချော့ပါ။
  • အရက်သောက်ပြီဆိုရင်လည်း သူတစ်ခွက် ကိုယ်တစ်ခွက်သောက်ဆိုပေမဲ့ ကိုကိုက မူးရင်ထိန်းပါလိမ့်မယ်။

မောင်လေး
မောင်လေးတွေနဲ့ဆို

  • အားကြီး အရိုခံရမှာပါ။
  • မောင်လေးတွေက ချစ်တတ်သူကြီးမို့ အချိန်ရှိတိုင်း အရိုခံရမှာပါ။
  • တစ်ခုခုဆို မောင်လေးတွေက ချွဲတတ်လွန်းလို့ ရုံးပတေသီးလေးတွေက ဆရာတင်စားခံရမှာပါ။
  • အစားစားရင်လည်း ခွံ့ကျွေးခံရဖိို့ မစဉ်းစားပါနဲ့ ကိုယ်ပဲ ခွံ့ကျွေးလိုက်ပါ။
  • မောင်လေးတွေနဲ့ဆို ကိုယ်စိတ်ကောက်ဖို့ထက် သူစိတ်ကောက်တာက ပိုများနေပါလိမ့်မယ်။
  • ဒါပေမဲ့လည်း မောင်လေးတွေကလည်း ကိုယ်ချစ်တဲ့သူကိုထိရင် အရာရာကို ရင်ဆိုင်ရဲတဲ့ အချစ်သူရဲကောင်းတွေပါ။
  • ရုပ်ရှင်ကြည့်ရင် ကိုယ်စားချင်တဲ့ မုန့်ထက် သူစားချင်တဲ့မုန့်ပဲ ကိုယ်စားရမှာပါ။
  • အဲ….. အရက်သောက်တဲ့ နေရာမှာတော့ မောင်လေးလည်း သူတစ်ခွက်် ကိုယ်တစ်ခွက်ပါပဲ။

အဲ့တော့ အချွဲသန်ပါတယ်ဆိုတဲ့ မောင်လေးတွေကို ရွေးမလား?

အားကိုးလို့ရနိုင်တဲ့ ကိုကြီးတွေကိုရွေးမလား?

Yathar Application Download Link
Booking လုပ်နည်း
Discount Coupon အသုံးပြုနည်း




About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။