အင်တာဗျူး
မန္တလေးမှာ မသိသူ မရှိလောက်အောင် နာမည်ကြီးတဲ့ ကီးမားတင်ဝင်းရဲ့ ပဲ့ကိုင်ရှင် ဦးတင်ဝင်းပြောပြတဲ့ ကီးမားတင်ဝင်း အကြောင်း တစေ့တစောင်း…..
Unicode
မန္တလေးမှာ မသိသူမရှိတဲ့ ကီးမားတင်ဝင်းအကြောင်း
Q1 မင်္ဂလာပါ။ ဦးရဲ့ နာမည်လေးနဲ့ ဒီ ကီးမားတင်ဝင်းကို တည်ထောင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ ဆိုတာလေး ပြောပြပေးပါဦး။
Ans – ဦးနာမည်က ဦးတင်ဝင်းပါ။ လူသိများတာကတော့ ကီးမားတင်ဝင်းလို့ လူသိများပါတယ်။ ဒီဆိုင်ဖွင့်တာက ၁၉၅၀ ခုနှစ်ကတည်းက စဖွင့်တာပါ။ ဦးမမွေးခင် တစ်နှစ်အလိုက စဖွင့်ခဲ့တာပါ။
This image has an empty alt attribute; its file name is TSwz429XzExDHpWuPUGIUvVTgSdFePFlJZ3Crr7DfKECbvcIVOzB8GYqP8EW_ab2tFZ7KJ371RcJuToDM7CgjKfOg9kMLIXfkMBTShaBBG-M8piAnxNRJgCBwctUxstePPmNnaBc
Q2 – ဒီဆိုင်မှာ အဓိက ရတာက ဘာ menu လေးတွေ အဓိက ရလဲဆိုတာလေး ပြောပြပေးပါဦး။
Ans – ဒီဆိုင်မှာ အဓိက ရတာက ကီးမားပလာတာပေါ့နော်။ နောက်ပိုင်း ဒန်ပေါက်ရောင်းတယ်။ ပဲထမင်းရောင်းတယ်။ အုန်းထမင်းရောင်းတယ်။ နောက်ပိုင်း ထမင်းပေါင်း၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်တို့ တိုးလာတယ်။ မန္တလေးမှာ ဒီဆိုင်တည်းရတဲ့ ပလာတာသုပ်လည်းရတယ်။
Q3 – ညဘက်တွေ ၂ နာရီ၊ ၃ နာရီအထိဖွင့်တယ်ဆိုတော့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိဖွင့်လဲ။
Ans – အဓိကက ဒီဆိုင်က ညဆိုင်ပေါ့။ အရင်ကတော့ ညနေ ၄ နာရီကနေ မနက် ၄ နာရီလောက်ထိဖွင့်တယ်။
နောက်ပိုင်းတော့ နေ့ပိုင်းပါတိုးပြီး ဖွင့်ဖြစ်တယ်။ အခုဆို မနက် ၁၀ နာရီလောက်ကနေ စဖွင့်တယ်။ မနက်တစ်ဆိုင်း ညတစ်ဆိုင်းဖွင့်ဖြစ်တယ်။ ညရောင်းတဲ့ အစားအစာနေ့မှာ မရနိုင်ဘူး။ ညနေပိုင်းမှာဆို menu စုံစုံလင်လင်ပိုရတယ်။
Q4 – ဒီဆိုင်မှာ Customer တွေရော ဘယ်လို service မျိုးတွေ လုပ်ပေးလဲရှင့်။
Ans – ဒီဆိုင်မှာ ကလေးတွေကို Train ပေးထားတယ်။ လာစားတဲ့ customer တွေကို ဘယ်လိုဆက်ဆံရမလဲ။ ဘယ်လို ကြိုဆိုနှုတ်ခွန်း ဆက်သရမလဲ။ ပြန်ရင်ရော ဘယ်လို နှုတ်ဆက်ရမလဲ သေချာလေးပြောပြပေးထားပါတယ်။
Q5 – ဒီဆိုင်က ဖွင့်တာကြာပြီဆိုတော့ ဟိုးအရင်ကတည်းက အခုချိန်ထိ အားပေးတဲ့ customer တွေနဲ့ Customer အသစ်တွေကိုရော ဘာတွေပြောပြချင်လဲ။
Ans – ကျွန်တော့မိဘလက်ထက်ကတည်းက အားပေးလာတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေလည်းတော်တော်များပါတယ်။ ကျောင်းနေဘက် သူငယ်ချင်းတွေ လာပြီးအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဟိုးအရင်စဖွင့်ကတည်းက အခုချိန်ထိ နှစ်ပေါင်း ရ၀ ကျော်တာတောင် ဒီနေရာမှာပဲ စဖွင့်ခဲ့တယ်။ မန္တလေးကို ဘုရားဖူးလာတဲ့သူတွေရော အလည်လာတဲ့သူတွေရော ကီးမားတင်ဝင်းကို လာရောက် အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
This image has an empty alt attribute; its file name is B8xO0EvJFnmFLlHqbfF1o9BKyScLDIpA2OKlO1N4LnjEpHDGRTFtp6ryoJekvXWGLgR0rmPQNWnQ05vNCxoAVnOa_FyRVT2XCY4vNgHgKeG0fUvFOqYHCno-yo7tzQIkeQxmhcw2
“ ကီးမားထဲမှာ နံပါတ် ၁ ကီးမားတင်ဝင်းစားတဲ့ခေတ် “ ဆောင်ပုဒ်လိုပဲ ဘယ်ခေတ်ပဲရောက်ရောက် ကီးမားကို စားကြပါတယ်။
Q6 – ဦးတို့အနေနဲ့ Yathar နဲ့ လက်တွဲတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။
Ans – ဦးတို့ အနေနဲ့ Yathar နဲ့ လက်တွဲတဲ့အပေါ်မှာ စိတ်ကျေနပ်မှုရှိပါတယ်။ ပိုပြီးထင်ပေါ်ကျော်ကြားလာတယ်။ ခေတ်ကိုကလည်း Digital ခေတ်ဆိုတော့ ကလေးကအစ ဖုန်းကိုင်ကြတော့ Customer တွေလည်း ပိုရတယ်။
အခုလိုဖြေကြားပေးပါသော ကီးမားတင်ဝင်းရဲ့ ပဲ့ကိုင်ရှင် ဦးတင်ဝင်းကိုလည်း Yathar Team မှ ကျေးဇူးအများကြီးတင်ပါတယ်။
Yathar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon အသုံးပြုနည်
About the author
Hsu Labb Wai
Hsu Labb Wai
yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။