အင်တာဗျူး
Unicode
အစားအသောက်ကို စေတနာအပြည့်နဲ့ လုပ်ပေးတယ်
မန္တလေးမှာ လက်ဖက်ရည်ဆိုင်ကောင်းကောင်းလို့ ပြောလိုက်တာနဲ့ Yadanarpon Tea Bar လို့ ပြောရလောက်အောင် နာမည်ကြီးတဲ့ Yadanarpon Tea Bar ကို ဘယ်လိုတည်ထောင်ခဲ့လဲ။ customer တွေအပေါ်ဘယ်လို စေတနာထားလဲ ဆိုတာကို သိဖို့ ဖတ်ကြည့်လိုက်ကြရအောင်…
Q1 အစ်မနာမည်လေးနဲ့ အစ်မ ဒီ Yadanarpon Tea Bar ကို ဘယ်လိုစိတ်ကူးနဲ့ စတင်တည်ထောင်ဖြစ်တာလဲ။
Ans အစ်မနာမည်က မဆွေဆွေမြင့်ပါ။ အစ်မတို့ သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင်း စိတ်ကူးတစ်ခုရလိုက်တာပါ။ အစ်မက Traditional Food တွေကို foreigner တွေကအစ သူတို့ မန္တလေးလာလည်လို့ လက်ဖက်ရည်ဆိုင်ထိုင်ချင်ရင် Hygiene ဖြစ်တဲ့ဆိုင်မျိုးရွေးချယ်လို့ ရအောင်ရယ် ပြီးတော့ ဒီလို great မျိုးနဲ့ လက်ဖက်ရည်ဆိုင်ဆိုတာ မန္တလေးမှာရှားသေးတယ်။ အဲ့ဒါနဲ့ မြန်မာဆန်ဆန် ဗိုလ်ဆန်ဆန်နာမည်လေးလည်းဖြစ်အောင် အကြံပေးနဲ့တိုင်ပင်ပြီး ဒီနာမည်လေး ပေးဖြစ်တာပါ။
Q2 ဒီဆိုင်မှာ ဘယ်လို အစားအစာမျိုးတွေ ရလဲ။
Ans ဒီဆိုင်မှာ အစ်မက မြန်မာ့အစားအစာကိုရောင်းတာ။ လက်ဖက်ရည်ဆိုင်မှာ ရတဲ့ အစားအစာမျိုးကိုပဲ ဒီလို great မြင့်မြင့်ရောင်းတယ်။ မန္တလေးမြို့ရဲ့ အစားအစာဖြစ်တဲ့ မုန့်ရေပါးတွေဘာတွေ အဲ့လိုမျိုးရောင်းတယ်။
Q3 customer တွေအတွက်ရော ဘယ်လို service မျိုးပေးလဲ။
Ans အစ်မက customer အတွက် ၁၀၀၀ ဖိုးစားရင် ၁၀၀၀ ဖိုး အပြည့်အဝ service ပေးချင်တာ။ အဓိကက service ပိုင်း ဝန်ဆောင်မှု၊ Kitchen ပိုင်း သန့်ရှင်းမှု၊ အစားအသောက်လုပ်တာက အစပေါ့နော်။ ဥပမာ အစ်မတို့ဆို ရှမ်းခေါက်ဆွဲ တစ်ပွဲကို နည်းတယ်များတယ်မဟုတ်ပဲ ဒီလောက် gram ပါတယ်ဆို ဒီလောက် gram သူပေးရတာနဲ့ တန်တဲ့ဟာမျိုး အစ်မတို့ အပြည့်အဝပေးတယ်။ ယုတ်စွအဆုံး customer စားပြီးလို့ သိမ်းရင်တောင် သူကျန်တဲ့ဟာကို အကုန်လွှင့်ပစ်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူ ၁၀၀၀ ပေးပြီးသား ဒါအားလုံးပါပြီးသား။ အစ်မတို့က အစားအသောက်ကို စေတနာနဲ့လုပ်ရတယ်။ စေတနာနဲ့ မလုပ်ဘူးဆိုရင် အဲ့ဆိုင်က သွားမှာပဲ။ အစ်မတို့က quality control ကောင်းကောင်းလုပ်တယ်။ Maintainance ကောင်းကောင်းလုပ်တယ်။ service ပိုင်းမှာလည်း Customer ကိုဘယ်လိုပြောရမယ်ဆိုတာက အစပေ့ါ။ customer တစ်ယောက်ပဲဝင်လာဝင်လာ၊ ဘယ်လိုပဲ အဝတ်အစားစုတ်စုတ် ဒီဆိုင်ထဲဝင်လာပြီဆို သူစားနိုင်လို့ ဝင်လာတယ်။ အဲ့ဒီအတွက်လည်း သူပေးထားတဲ့ ပိုက်ဆံနဲ့ တန်တဲ့ ဝန်ဆောင်မှုကို အစ်မတို့က ပြန်ပေးတယ်။
Q4 customer တွေကိုရော ဘာတွေပြောပြချင်သေးလဲ။
Ans အစ်မတို့က တကယ်ကို အပြောနဲ့ လက်တွေ့ညီတယ်လို့ ပြောချင်တယ်။ ဒါတွေကိုလာပြီးစားစေချင်တယ်။ အစ်မက ဘာလုပ်လုပ် Hygiene ဖြစ်အောင်လုပ်တယ်။ Kitchen ကိုဝင်ကြည့်ချင်လည်း ကြည့်လို့ရတယ်။ နေ့တိုင်း Maintenance လုပ်တယ်။ Kitchen သန့်ရှင်းရေးကို နေ့တိုင်းလုပ်တယ်။ အစ်မတို့က ဒီဆီကို သုံးပါတယ်ပြောပြီး တခြားဆီပြောင်းသုံးထားတာမရှိဘူး။ ဒီနေ့ Kitchen ပိတ်လို့ ပစ္စည်းတွေကျန်တယ်ဆိုရင်တောင် အစ်မတို့ ဝန်ထမ်းတွေ စားရင်စား၊ မစားရင်လည်း မိဘမဲ့ကလေးကျောင်းကိုသွားလှူတယ်။ အစ်မက ကိုယ့်လိပ်ပြာကိုယ်လုံပြီးတော့ customer တွေအကုန်လုံးကို ကောင်းကောင်းပေးချင်တယ်။ အစ်မက customer တွေပြောချင်တာက အစ်မတို့ လက်ရာက ဘယ်တော့မှ လက်ရာမပြောင်းဘူး အမြဲတမ်း ဒီလက်ရာပဲ။ နောက်နှစ်လာစားလည်း ဒီအရသာပဲ။ အဲ့လိုမျိုး customer တွေကို သားစဉ်မြေးဆက် လာစားကြည့်ပါ။ Yadanarpon Tea Bar မှာ ဘယ်တော့မှ လက်ရာမပြောင်းဘူး။
Q5 နောက်ဆုံးမေးခွန်းအနေနဲ့ ညီမတို ့ Yathar နဲ့ ချိတ်ဆက်တော့ စိတ်ကျေနပ်မှုရှိလား။
Ans အစ်မက Customer တွေကို အစ်မတို့ဆို်င်က ဒီလိုမျိုးရှိတယ်ဆိုတာ သိစေချင်တာ။ ညီမတို့ Yathar က Quality control ကောင်းတယ်လို့ ပြောလို့ရတယ်။ ဘာတွေလုပ်ပေးမယ် လုပ်ပေးမယ်ဆိုပြီးပြောတဲ့အတိုင်း လုပ်ပေးတယ်။ ညီမတို့နဲ့ လက်တွဲတဲ့အတွက် အစ်မအတွက် အကျိုးကျေးဇူးတွေအများကြီးရှိတယ်။ အစ်မက တခြားဟာတွေထက် ညီမတို့ Yathar ကို ရွေးချယ်လိုက်ရတဲ့အတွက် အစ်မမှာ Profit ရှိတယ်။ ညီမတို့နဲ့ လက်တွဲရတာ အစ်မစိတ်ကျေနပ်တယ်။ အစ်မ ယုံကြည်စိတ်ချရမယ်လို့လည်းထင်တယ်။
အခုလိုဖြေကြားပေးပါသော Yadanarpon Tea Bar ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
Yadanarpon Tea Bar နဲ့ ပတ်သက်တဲ့ information ပြည့်ပြည့်စုံစုံကို https://yathar.com/shop/2792 ဒီ Link လေးထဲမှာ ကြည့်လို့ရပါတယ်။
Yathar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon ပြုလုပ်နည်း
About the author
Hsu Labb Wai
Hsu Labb Wai
yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။