လမ်းကြောင်းသစ်
အလုပ်ခွင်မှာ မအိပ်ငိုက်အောင် ဘယ်လိုလုပ်မလဲ
၁ Dark Chocolate
၂ Nuts
၃ Berries
၎ Protein Bars
၅ Citrus Fruits
၆ Whole-grain Bread
၇ ကီဝီသီး
၈ ဒိန်ချဉ်
၉ Green tea
၁၀ ကြက်ဥ
Yathar Application Download Link့ 
Booking ပြုလုပ်နည်း
Discount Coupon အသုံးပြုနည်း
Unicode
သင်ဟာ Computer ကို အသုံးပြုပြီး အလုပ်လုပ်ရတဲ့သူတစ်ယောက်ဆိုရင် တစ်နေ့ကို ရ နာရီ ကနေ ၈ နာရီကြာအောင် တစ်နေကုန် စားပွဲကုန်မှာထိုင်ပြီး အလုပ်လုပ်ရတဲ့ lifestyle တစ်ခုကို ပိုင်ဆိုင်ထားမှာပါ။ နေ့လည်နေ့ခင်းကျရင်တော့ ကော်ဖီတစ်ခွက်က သင့်ကို အချိန်အနည်းငယ်တော့ လန်းဆန်းစေမှာ သေချာပါတယ်။ တစ်နေ့တစ်နေ့ အစာအိမ်ထဲကို ထည့်တဲ့ အစားအစာရဲ့ အကျိုးသက်ရောက်မှုက Weight နဲ့ ကျန်းမာရေးအတွက်တင် မဟုတ်ပဲ အလုပ်ခွင်အတွင်း စွမ်းဆောင်ရည်ကိုပါ အကျိုးသက်ရောက်စေနိုင်ပါတယ်။ အစားအသောက်အလေ့အကျင့်ကလည်း လူတစ်ယောက်ရဲ့ energy level ကိုအကျိုးသက်ရောက်စေနိုင်ရုံမက အလုပ်ရဲ့ Productivity ကိုပါ သက်ရောက်စေနိုင်ပါတယ်။
ဘယ်အစားအစာတွေက အလုပ်ခွင်အတွင်း active ဖြစ်စေနိုင်တာလဲ။
၁ Dark Chocolate
Dark Chocolate မှာ အဆီနဲ့ သကြားတွေပါဝင်နေရင်တောင်မှ ခန္ဓာကိုယ်အတွက် အကျိုးအာနိသင်အများကြီးရှိပါတယ်။ Dark Chocolate ရဲ့ ကျန်းမာရေးအကျိုးအာနိသင်က ကျန်းမာရေးကုန်ကျငွေထက် အများကြီးအကျိုးများပါတယ်။ Dark Chocolate မှာ တက်ကြွအောင် အထောက်အပံ့ပေးတဲ့ဓါတ်အပြင် Blood Pressure ကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရုံးမှာ Dark Chocolate ကို snack အနေနဲ့ စားပေးမယ်ဆို ရုံးမှာ တခြားသူတွေထက်ပိုပြီး လန်းဆန်းတက်ကြွနေနိုင်ပါတယ်။
၂ Nuts
အခွံမာသီးတွေ ရုံးမှာ လွယ်လွယ်ကူကူနဲ့ စားလို့ရတဲ့ အစားအစာဖြစ်ပြီးတော့ ကျန်းမာရေးကိုလည်းများစွာ အထောက်အကူပြုပါတယ်။ Almond နဲ့ သစ်ကြားသီးက ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို အချိန်တော်တော်ကြာတဲ့အထိ ထိန်းသိမ်းထားနိုင်ပါတယ်။ မနက်စာမှာ Almond ရ စေ့ကနေ ၈ စေ့အထိစားပေးမယ်ဆိုရင် တစ်နေ့တာလုံး အလုပ်လုပ်တဲ့အခါ လန်းဆန်းတက်ကြွစေမှာပါ။
၃ Berries
Berries သီးတော်တော်များများမှာ fiber မျှင်လေးတွေနဲ့ Vitamin ဓါတ်လေးတွေ ပါဝင်ပါတယ်။ Berries သီးတွေက တခြားချိုတဲ့အသီးတွေထက်တောင် ကျန်းမာရေးကို ပိုပြီး အထောက်အကူပြုပါသေးတယ်။ နေ့လည်စာစားပြီးရင် berries သီးစားပေးတာက ရုံးမှာ တစ်နေ့တာအတွက် ပိုပြီး Active ဖြစ်စေပါတယ်။
၄ Protein Bars
ပင်ပန်းနေပြီလား နွမ်းနေပြီလား? Stress တွေ အပိမခံပါနဲ့ Protein Bars ကိုစားပါ။ Protein Bar ဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ Protein Bars ကို အလုပ်လုပ်ချိန်အတွင်း စားပေးရင် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အချိုဓါတ်ကို အားဖြည့်ပေးတဲ့အတွက် ခန္ဓာကိုယ်ရဲ့စွမ်းအင်ကို မလျော့အောင်ထိန်းထားပေးနိုင်ပါတယ်။
၅ Citrus Fruits
ရှောက်အမျိုးအစားတွေဖြစ်တဲ့ ရှောက်သီး၊ လိမ္မော်သီး၊ သံပုရာသီးတို့လို အသီးမျိုးတွေက လူကိုအရမ်း active ဖြစ်စေတဲ့အသီးလေးတွေပါ။ သူတို့မှာဆို Vitamin C အပြည့့်အဝပါဝင်လို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ဖြည့်ပေးပါတယ်။ သူ့မှာပါဝင်တဲ့ သဘာဝ သကြားဓါတ်က ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို Boost လုပ်ပေးလို့ အလုပ်ခွင်မှာစားမယ်ဆိုရင် လန်းဆန်းနေနိုင်ပါတယ်။
၆ Whole-grain Bread
ပုံမှန် ပေါင်မုန့်အဖြူကနေ ပေါင်မုန့်အညိုကိုပြောင်းပြီးစားပေးတာနဲ့တင် ကျန်းမာရေးအတွက် အများကြီးအကျိုးရှိပါတယ်။ ပေါင်မုန့်ညိုမှာ fiber ဓါတ်လေးတွေအများကြီးပါဝင်တဲ့အပြင် ဝိတ်ကိုတောင်ကျစေနိုင်ပါတယ်။ ပေါင်မုန့်ညိုမှာပါတဲ့ fiber ဓါတ်လေးတွေက ဗိုက်ဆာတဲ့နှုန်းကိုလည်းလျော့ကျစေနိုင်လို့ ခဏခဏဗိုက်ဆာလို့ အလုပ်ပျက်တာမျိုးကိုလည်း လျော့ချပေးပါတယ်။
၇ ကီဝီသီး
ကီဝီသီးမှာ Vitamin Cနဲ့ Vitamin D အပြင် တခြား ဓါတ်တွေပါတဲ့အတွက်ကြောင့် နေ့လည်နေ့ခင်းထမင်းစားပြီးလို့ အိပ်ငိုက်တတ်တာမျိုးကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် ကီဝီသီးကို စားပေးရင်လည်း ဝိတ်ကျစေနိုင်ပါတယ်။
၈ ဒိန်ချဉ်
ဒိန်ချဉ်က အစာကြေလွယ်ပြီး တစ်နေ့တာ လှုပ်ရှားမှုတွေကို သွက်လက်စေပါတယ်။ မနက်စာ ဒါမှမဟုတ် နေ့လည်စာစားပြီးချိန်ဆို ဒိန်ချဉ်လေးထဲကို အသီးတစ်မျိုးမျိုးကိုထည့်ပြီး စားပေးပါက တစ်နေ့လုံး အလုပ်လုပ်နိုင်စွမ်းကိုတိုးလာစေပြီး အိပ်ငိုက်ပြေစေပါတယ်။
၉ Green tea
Green Tea က coffee ထက်ပိုပြီးတော့ ကဖိန်းဓါတ်နည်းပါတယ်။ ကဖိန်းဓါတ်က လူကိုလန်းဆန်းစေလို့ ကဖိန်းဓါတ်အများကြီးမသောက်ချင်တဲ့သူတွေအတွက် Green tea ကိုသောက်ပေးတာက လူကိုလန်းဆန်းစေပပါတယ်။
၁၀ ကြက်ဥ
ကြက်ဥမှာ ပါဝင်တဲ့ Protein ဓါတ်တွေက တစ်နေ့တာလုံးကို လန်းဆန်းစေပါတယ်။ ကြက်ဥကို မနက်စာအဖြစ်စားပေးရင်တော့ တစ်နေ့တာလုံးက လန်းဆန်းစေမှာ အသေအချာပါပဲ။ Keto diet လုပ်တဲ့သူတွေတော့ နေ့တိုင်း လန်းဆန်းနေမှာပဲနော်။
About the author
Hsu Labb Wai
Hsu Labb Wai
yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။