အင်တာဗျူး

နှစ် ၃၀ တိုင်အောင် နာမည်ကြီးတဲ့ မယ်ဆိုင် အကြောင်း

မန္တလေးမှာဆို မသိသူမရှိလောက်အောင် နာမည်ကြီးတဲ့ မယ်ဆိုင်စားသောက်ဆိုင်ရဲ့ နှစ် ၃၀ တိုင်အောင် ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတာနဲ့ customer တွေအပေါ် ဘယ်လိုစေတနာမျိုးနဲ့ ဝန်ဆောင်မှုပေးနေလဲ ဆိုတာ မေးမြန်းထားပါတယ်။

Q1 အစ်မရဲ့ မယ်ဆိုင် ဆိုင်လေးကို ဘယ်လိုစိတ်ကူးမျိုးနဲ့ စတင်ဖွင့်လှစ်ဖြစ်တာလဲ။
Ans မယ်ဆိုင်က ဖွင့်တာ နှစ် ၃၀ ကျော်ပြီ။ ဟိုးအရင် အဒေါ်လက်ထက်မှာကတည်းက ဖွင့်ခဲ့တာပါ။

Q2 မယ်ဆိုင်ကို အစ်မစတင်လက်ခံရရှိပြီးကတည်းက ဒီအချိန်ထိ ဘယ်လိုမျိုးကြိုးစားခဲ့ရလဲ။
Ans မယ်ဆိုင်က ကြားထဲမှာ ၂ နှစ်လောက်ပိတ်လိုက်သေးတယ်။ အစ်မ ကျောင်းပြီးတာနဲ့ ပြန်ဖွင့်ခဲ့တာပါ။ ၁၃ နှစ်လောက်တော့ရှိပြီ။

Q3 ၁၃ နှစ်ကြာတဲ့အချိန် အတွင်းမှာဆိုရင် ဘယ်လို အခက်အခဲမျိုးတွေ့ရလဲ။
Ans ပိတ်ထားတဲ့ ၂ နှစ်အတွင်းမှာ ပျောက်သွားတဲ့ customer တွေကို ပြန်ဆွဲခေါ်ရပါတယ်။
အစ်မတို့ဆိုင်က စျေးသက်သာတယ်။ စျေးသက်သာတော့ Customer တွေကို ပြန်ဝင်လာအောင်လုပ်ရပါတယ်။

Q4 စျေးသက်သာတယ်ဆိုတော့ ဘယ်စျေးကနေဘယ်စျေးအထိရှိလဲ။
Ans အနည်းဆုံး ကြက်ဥ၊ငုံးဥ ၄၀၀၊ ၆၀၀ ကနေ အများဆုုံး ရ၀၀၀ အထိရှိပါတယ်။

Q5 Customer တွေကို ဘယ်လို service မျိုးတွေပေးလဲ။
Ans လူအများနဲ့ ပွဲတွေမှာရင်လည်း လုပ်ပေးတယ်။ ပွဲတွေဘာတွေရှိရင်လည်း လုပ်ပေးတယ်။ပွဲဘယ်လောက်ကနေ ဘယ်လောက် ဆိုပြီးမှာလို့ရပါတယ်။

Q6 နောက်ထပ်ရော ဘာတွေလုပ်ဖို့ရှိလဲ။ menu တွေကိုရော ထပ်တိုးဖို့ရှိလား။
Ans နောက်ထပ်ဆိုင်ခွဲထပ်ဖွင့်ဖို့တော့ မရှိဘူး။ menu တွေကိုတော့ ထပ်တိုးဖို့ရှိတယ်။

Q7 Customer တွေကိုရော ဘာတွေပြောချင်သေးလဲ။
Ans အစ်မတို့ဆိုင်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင်လို့ ကိုယ်စားသလိုမျိုး ဧည့်သည်ကို သေချာလေးလုပ်ပေးပါတယ်။ အဓိက ကိုယ်စားသလိုမျိုး customer တွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် လုပ်ပေးပါတယ်။

Q8 အစ်မအနေနဲ့ Yathar နဲ့လက်တွဲတာ စိတ်ကျေနပ်မှုရှိလား။
Ans အစ်မတို့အနေနဲ့ Yathar နဲ့ လက်တွဲပြီးနောက်ပိုင်း ဆိုင်ကို customer အသစ်တွေဝင်ပါတယ်။ Facebook က review ကိုကြည့်ပြီး ထမင်းကြော်မှာတဲ့သူတွေလည်း ရှိပါတယ်။

Customer တွေကို စေတနာကောင်းကောင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျှာတွေကိုပဲ ရောင်းချပေးနေတဲ့ မယ်ဆိုင်ဆိုင်လေးအကြောင်းကို အားလုံးသိအောင် ပြောပြပြီးပြီဆိုတော့ နောက်ထပ် ဘယ်ဆိုင်လေးကို ပြောပြပေးဦးမလဲဆိုတာကို သိဖို့ Yathar Page လေးကို like လုပ်ထားဖို့ မမေ့နဲ့ဦးနော်။

Zawgyi Version





အစ်မတို့ဆိုင်က ဈေးသက်သာတယ်။ ဈေးသက်သာတော့ Customer တွေကို ပြန်ဝင်လာအောင်လုပ်ရပါတယ်။

Q4 ဈေးသက်သာတယ်ဆိုတော့ ဘယ်ဈေးကနေဘယ်ဈေးအထိရှိလဲ။
Ans အနည်းဆုံး ကြက်ဥ၊ငုံးဥ ၄၀၀၊ ၆၀၀ ကနေ အများဆုံး ၇၀၀၀ အထိရှိပါတယ်။






About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။