ဗဟုသုတ

မိုက်ခဲရင် အသံဆိုးလို့ စိတ်ညစ်နေစရာမလိုတော့ပါဘူး

သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် အသံသွားစစ်တိုင်း အသံမကောင်းလို့ စိတ်ညစ်ဖူးကြပါတယ်။ ကိုယ့်အသံမကောင်းလို့ သူငယ်ချင်းတွေ ဝိုင်းစကြတာလည်း ခံကြဖူးမယ် ထင်ပါတယ်။ ဒီတော့ နောက်ဆို အဲ့လိုမျိုးမဖြစ်အောင် ဒါမှမဟုတ် အစမခံရအောင် ဘယ်လိုလုပ်မလဲ။

ရေများများသောက်ပါ
အသံကောင်းဖို့အတွက်ဆို အရေးကြီးဆုံးကရေသောက်ခြင်းပါ။ မိုက်ခဲတတ်တဲ့ မိုက်ခဲလေးတွေအတွက် hydrate လိုအပ်လို့ ရေကိုကောင်းကောင်းသောက်ပေးဖို့ လိုအပ်ပါတယ်။

ပျားရည်
အသံကောင်းဖို့အတွက် နောက်ထပ်အရေးကြီးဆုံးအချက်က ပျားရည်ပါ။ ပျားရည်ကို ရေနွေးနှင့် သံပုရာသီးထည့်ပြီး သီချင်းမဆိုခင်သောက်ပေးပါက လည်ချောင်းကိုရှင်းစေပြီး အသံကို ကြည်လင်စေပါတယ်။

ရေဓါတ်များများပါတဲ့ အသီးများ
ဖရဲသီး၊ ပန်းသီးတို့လို အရည်ရွှမ်းတဲ့အသီးတွေက လည်ချောင်းကို ရှင်းလင်းစေပြီးတော့ ရေဓါတ်ပေးပါတယ်။ နောက်ထပ် မီဆိုစွပ်ပြုတ်ကို သောက်ပေးတာကလည်း အသံကောင်းစေပါတယ်။

ချောကလက် မစားပါနဲ့
မိုက်ခဲခါနီး ချောကလက်တွေမစားပါနဲ့။ ချောကလက်မှာပါတဲ့ အချိုဓါတ်တွေက ချွဲ၊ သလိပ်တွေကို ဖြစ်စေနိုင်လို့ မိုက်ခဲတဲ့အချိန်မှာ အခက်တွေ့နိုင်ပါတယ်။

ဆီအရမ်းများတာနဲ့ စပ်တာကို ရှောင်ပါ။
ဆီများတဲ့ Asia အစားအစာတွေကို စားပြီးရင် လည်ချောင်းမှာ ဆီတွေကပ်ပြီး လည်ချောင်းမရှင်းဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မိုက်ခဲတော့မယ်ဆို ဆီအရမ်းများပြီး စပ်တဲ့အစားအစာတွေကို ရှောင်ပါနော်။

မိုက်ခဲခါနီး ဘာတွေစားသင့်တယ် ဘာတွေရှောင်သင့်တယ် ဆိုတာ သိပြီဆိုရင်တော့ သင့်သူငယ်ချင်းတွေထဲမှာ အသံသိပ်မကောင်းတတ်တဲ့ သူငယ်ချင်းတွေကို မန်းရှင်းခေါ်ပြီး ဒီနည်းလေးတွေကို ပြောပြလိုက်ရအောင်။

athar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon အသုံးပြုနည်း

Zawgyi Version ဖြင့် ဒီမှာ ဖတ်ပါ



ရေများများသောက်ပါ။

ပျားရည်


ချောကလက် မစားပါနဲ့



Yathar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon အသုံးပြုနည်း

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။