အင်တာဗျူး

သင္ Golden Myanmar Airlines စီးေနၾကလား?

မြန်မာပြည်တွင်း ခရီးစဉ်တွေကို ပြေးဆွဲလျှက်ရှိတဲ့ Golden Myanmar Airlines မှ မြန်မာပြည်တွင်း ဘယ်ခရီးစဉ်တွေ ပြေးဆွဲနေလဲ ခရီးသည်တွေအပေါ် ဘယ်လို စေတနာထားပြီး ဘယ်လို service မျိုးတွေပေးနေလဲ ဆိုတဲ့အကြောင်းကို အင်တာဗျူးလေး မေးမြန်းထားပါတယ်။

Q1 အစ်ကို့နာမည်လေးနဲ့ အစ်ကို အဓိက တာဝန်ယူထားတဲ့ အပိုင်းလေးကို တစ်ချက်လောက်ြပောပြပေးပါဦးရှင့်
Ans မင်္ဂလာပါ။ ကျွန်တော်က နေလင်းကိုကိုပါ။ ကျွန်တော်က Golden Myanmar လေကြောင်းလိုင်းမှာ cabin crew manager ရာထူးနဲ့ လုပ်ကိုင်နေပါတယ်။ ကျွန်တော် အဓိက တာဝန်ယူထားတဲ့အပိုင်းကတော့ On-Board Service နဲ့ ပတ်သက်ပြီးတော့ လေယာဉ်မောင်မယ်တွေကို သင်တန်းပေးရပါတယ်။ flight တစ်ခု operate လုပ်တဲ့အခါမှာ on-board ရဲ့ Safety ရော Service ရော ကျွန်တော့်အနေနဲ့ တာဝန်ယူထားရပါတယ်။

Q2 Golden Myanmar Airlines မှာ ဘယ်ခရီးစဉ်တွေ ပြေးစွဲလျှက်ရှိပါသလဲ။
Ans လက်ရှိ Golden Myanmar Airlines က ရန်ကုန်ကနေ ညောင်ဦး၊ မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို၊ ဟဲဟိုး၊ တာချီလိတ်၊ လားရှိုး၊ သံတွဲ၊ စစ်တွေ တို့ကို ပျံသန်းနေပါတယ်။

Q3 Golden Myanmar Airlines မှာ ခရီးသည်တွေကို ဘယ်လို service မျိုးတွေပေးပါသလဲ။
Ans ကျွန်တော့်တို့ လေကြောင်းလိုင်းက လက်မှတ်ဝယ်တဲ့အချိန်ကနေစပြီး လေဆိပ်ကိုရောက်လို့ Check-in ကောင်တာကို ရောက်လာပြီဆိုရင် ခရီးသည်ရဲ့ စိတ်တိုင်းကျ စိတ်ချမ်းသာစေရပါမယ်။ On-Board ကိုရောက်ပြီဆိုရင်လည်း လေယာဉ်မောင်မယ်တွေရဲ့ ချိုသာတဲ့အပြုံးနဲ့ သွားတဲ့ ခရီးစဉ်တစ်လျှောက် စိတ်သက်တောင့်သက်သာ၊ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ခရီးစဉ်ကို ရောက်သွားဖို့ကတော့ သေချာပါတယ်။

Q4 အစားအသောက်ပိုင်းမှာရော ဘယ်လို service မျိုးတွေ ပေးလဲ။
Ans အစားအသောက်ပိုင်းမှာဆိုရင် ကျွန်တော်တို့က ပုံမှန်အားဖြင့် Refreshment တွေ Snack တွေကျွေးပါတယ်။ ကျွန်တော်တို့က sector တိုင်းမှာ Refreshment တွေပါပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က circle ၄ ခုနဲ့ နှစ်ပတ်တစ်ခါ menu ချိန်းပေးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပုံမှန်ခရီးသည်တွေ ဒီလေယာဉ်ပေါ်ရောက်တာနဲ့ မုန့်တွေကို စားချင်စဖွယ်ဖြစ်အောင် menu တွေကို အပြောင်းအလဲလုပ်ပေးထားပါတယ်။ catering ကိုတော့ အခုလက်ရှိ Life Bakery ကယူနေပါတယ်။ ၂၀၂၀ မှာတော့ နောက်ထပ် Catering တစ်ခုနဲ့ ချိတ်ဖို့ လုပ်ထားတာရှိပါတယ်။

Q5 ဘာ့ကြောင့် ဒီ Catering ကို ရွေးဖြစ်သွားတာလဲ။
Ans Catering ကိုကျတော့ ရုံးချုပ်ကနေ ဒီ Catering နဲ့ ဒီလို contract ရှိတဲ့အကြောင်းရောက်လာတော့မှ ကျွန်တော်တို့ cabin crew ဘက်နေ Catering ဘက်ကနေ Orientation သွားရတယ်။ ကျွန်တော်တို့ရဲ့ criteria တွေနဲ့လည်း ညီတယ်။ On-Board safety နဲ့လည်းညီတယ်ဆိုရင်တော့ ကျွန်တော်တို့က catering ကို စတင်ပါတယ်။

Q6 Golden Myanmar Airlines ရဲ့ ခရီးသည်တွေကိုရော ဘာပြောပြချင်သေးလဲရှင့်။
Ans Golden Myanmar Airlines ကို ကျွန်တော်တို့က 2012 ခုနှစ်က စတင်တည်ထောင်ထားတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ အခုဆက်ပြီးတော့ ကြိုးစားနေကြပါတယ်။ ခရီးသည်တွေအကုန်လုံးသည် ယုံကြည်စိတ်ချစွာနဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးစဉ်တွေဖြစ်စေမယ်လို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော်တို့က high season မှာ schedule တွေ ထပ်တိုးဖို့လည်းရှိပါတယ်။

အခုလို ဖြေကြားပေးပါသော Golden Myanmar Airlines မှ cabin crew manager နေလင်းကိုကို ကိုလည်း ညီမတို့ Yathar Team မှ ကျေးဇူးအထူးတင်ရှိပါတယ်။

စာဖတ်သူအပေါင်းလည်း ခရီးသွားရာသီ ရောက်လာပြီမလို့ ခရီးစဉ်တွေကို Golden Myanmar Airlines မှာ လက်မှတ်တွေ ဝယ်ယူနိုင်ပြီဆိုတဲ့ အကြောင်းလေးလည်း မေတ္တာလက်ဆောင်အနေနဲ့ ပြောကြားလိုက်ပါတယ်နော်။
Yathar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon အသုံးပြုနည်း

Zawgyi Version ျဖင့္ ဖတ္ရန္

ျမန္မာျပည္တြင္း ခရီးစဥ္ေတြကို ေျပးဆြဲလွ်က္ရွိတဲ့ Golden Myanmar Airlines မွ ျမန္မာျပည္တြင္း ဘယ္ခရီးစဥ္ေတြ ေျပးဆြဲေနလဲ ခရီးသည္ေတြအေပၚ ဘယ္လို ေစတနာထားၿပီး ဘယ္လို service မ်ိဳးေတြေပးေနလဲ ဆိုတဲ့အေၾကာင္းကို အင္တာဗ်ဴးေလး ေမးျမန္းထားပါတယ္။

Q1 အစ္ကို႔နာမည္ေလးနဲ႔ အစ္ကို အဓိက တာဝန္ယူထားတဲ့ အပိုင္းေလးကို တစ္ခ်က္ေလာက္ျေပာျပေပးပါဦးရွင့္
Ans မဂၤလာပါ။ ကၽြန္ေတာ္က ေနလင္းကိုကိုပါ။ ကၽြန္ေတာ္က Golden Myanmar ေလေၾကာင္းလိုင္းမွာ cabin crew manager ရာထူးနဲ႔ လုပ္ကိုင္ေနပါတယ္။ ကၽြန္ေတာ္ အဓိက တာဝန္ယူထားတဲ့အပိုင္းကေတာ့ On-Board Service နဲ႔ ပတ္သက္ၿပီးေတာ့ ေလယာဥ္ေမာင္မယ္ေတြကို သင္တန္းေပးရပါတယ္။ flight တစ္ခု operate လုပ္တဲ့အခါမွာ on-board ရဲ႕ Safety ေရာ Service ေရာ ကၽြန္ေတာ့္အေနနဲ႔ တာဝန္ယူထားရပါတယ္။

Q2 Golden Myanmar Airlines မွာ ဘယ္ခရီးစဥ္ေတြ ေျပးစြဲလွ်က္ရွိပါသလဲ။
Ans လက္ရွိ Golden Myanmar Airlines က ရန္ကုန္ကေန ေညာင္ဦး၊ မႏၱေလး၊ ျမစ္ႀကီးနား၊ ပူတာအို၊ ဟဲဟိုး၊ တာခ်ီလိတ္၊ လားရိႈး၊ သံတြဲ၊ စစ္ေတြ တို႔ကို ပ်ံသန္းေနပါတယ္။

Q3 Golden Myanmar Airlines မွာ ခရီးသည္ေတြကို ဘယ္လို service မ်ိဳးေတြေပးပါသလဲ။
Ans ကၽြန္ေတာ့္တို႔ ေလေၾကာင္းလုိင္းက လက္မွတ္ဝယ္တဲ့အခ်ိန္ကေနစၿပီး ေလဆိပ္ကိုေရာက္လို႔ Check-in ေကာင္တာကို ေရာက္လာၿပီဆိုရင္ ခရီးသည္ရဲ႕ စိတ္တိုင္းက် စိတ္ခ်မ္းသာေစရပါမယ္။ On-Board ကိုေရာက္ၿပီဆုိရင္လည္း ေလယာဥ္ေမာင္မယ္ေတြရဲ႕ ခ်ိဳသာတဲ့အၿပံဳးနဲ႔ သြားတဲ့ ခရီးစဥ္တစ္ေလွ်ာက္ စိတ္သက္ေတာင့္သက္သာ၊ ေဘးအႏၱရာယ္ကင္းရွင္းစြာနဲ႔ ခရီးစဥ္ကို ေရာက္သြားဖို႔ကေတာ့ ေသခ်ာပါတယ္။

Q4 အစားအေသာက္ပိုင္းမွာေရာ ဘယ္လို service မ်ိဳးေတြ ေပးလဲ။
Ans အစားအေသာက္ပိုင္းမွာဆိုရင္ ကၽြန္ေတာ္တို႔က ပံုမွန္အားျဖင့္ Refreshment ေတြ Snack ေတြေကၽြးပါတယ္။ ကၽြန္ေတာ္တို႔က sector တိုင္းမွာ Refreshment ေတြပါပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔က circle ၄ ခုနဲ႔ ႏွစ္ပတ္တစ္ခါ menu ခ်ိန္းေပးပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ပံုမွန္ခရီးသည္ေတြ ဒီေလယာဥ္ေပၚေရာက္တာနဲ႔ မုန္႔ေတြကို စားခ်င္စဖြယ္ျဖစ္ေအာင္ menu ေတြကို အေျပာင္းအလဲလုပ္ေပးထားပါတယ္။ catering ကိုေတာ့ အခုလက္ရွိ Life Bakery ကယူေနပါတယ္။ ၂၀၂၀ မွာေတာ့ ေနာက္ထပ္ Catering တစ္ခုနဲ႔ ခ်ိတ္ဖို႔ လုပ္ထားတာရွိပါတယ္။

Q5 ဘာ့ေၾကာင့္ ဒီ Catering ကို ေရြးျဖစ္သြားတာလဲ။
Ans Catering ကိုက်ေတာ့ ရံုးခ်ဳပ္ကေန ဒီ Catering နဲ႔ ဒီလို contract ရွိတဲ့အေၾကာင္းေရာက္လာေတာ့မွ ကၽြန္ေတာ္တို႔ cabin crew ဘက္ေန Catering ဘက္ကေန Orientation သြားရတယ္။ ကၽြန္ေတာ္တို႔ရဲ႕ criteria ေတြနဲ႔လည္း ညီတယ္။ On-Board safety နဲ႔လည္းညီတယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔က catering ကို စတင္ပါတယ္။

Q6 Golden Myanmar Airlines ရဲ႕ ခရီးသည္ေတြကိုေရာ ဘာေျပာျပခ်င္ေသးလဲရွင့္။
Ans Golden Myanmar Airlines ကို ကၽြန္ေတာ္တို႔က 2012 ခုႏွစ္က စတင္တည္ေထာင္ထားတဲ့ ေလေၾကာင္းလိုင္းျဖစ္ပါတယ္။ အခုဆက္ၿပီးေတာ့ ႀကိဳးစားေနၾကပါတယ္။ ခရီးသည္ေတြအကုန္လံုးသည္ ယံုၾကည္စိတ္ခ်စြာနဲ႔ ေဘးအႏၱရာယ္ကင္းကင္းနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ခရီးစဥ္ေတြျဖစ္ေစမယ္လို႔ ဖိတ္ေခၚခ်င္ပါတယ္။ ကၽြန္ေတာ္တို႔က high season မွာ schedule ေတြ ထပ္တုိးဖို႔လည္းရွိပါတယ္။

အခုလို ေျဖၾကားေပးပါေသာ Golden Myanmar Airlines မွ cabin crew manager ေနလင္းကိုကို ကိုလည္း ညီမတို႔ Yathar Team မွ ေက်းဇူးအထူးတင္ရွိပါတယ္။

စာဖတ္သူအေပါင္းလည္း ခရီးသြားရာသီ ေရာက္လာၿပီမလို႔ ခရီးစဥ္ေတြကို Golden Myanmar Airlines မွာ လက္မွတ္ေတြ ဝယ္ယူႏိုင္ၿပီဆိုတဲ့ အေၾကာင္းေလးလည္း ေမတၱာလက္ေဆာင္အေနနဲ႔ ေျပာၾကားလိုက္ပါတယ္ေနာ္။
Yathar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon အသုံးပြုနည်း

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တြင္ျပဳလုပ္ခဲ့ေသာ Yathar Launching မွာကတညး္က charter member တစ္ေယာက္အေနနဲ႔ စတင္ပါ၀င္ခဲ့ပါသည္။
Digital Marketing ကို အထူးျပဳထားေသာ္လည္း တစ္ခါတစ္ရံ media အတြက္ Restuarant မ်ားစီသို႔သြားၿပီး review ေရးရန္ interview မ်ားလည္း ျပဳလုပ္ပါသည္။ သူမသည္ သူမရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အစားအစားျခင္း၊ သီခ်င္းညည္းတြားျခင္းမ်ားႏွင့္ ကုန္ဆံုးတတ္ပါေသးတယ္။