ဗဟုသုတ လမ်းကြောင်းသစ်
ခရီးမသွားခင် ဒါလေးဖတ်ထားဦးမှ…..
ခရီးသွားရင်း sunglass တပ်ရတာ ကြိုက်လား။ ခရီးသွားရာသီဖြစ်တာနဲ့ အညီ ခရီးသွားတိုင်း မဖြစ်မနေ သယ်သွားသင့်တဲ့ အရာတစ်ခုက sunglass ဆိုရင်လည်း မမှားဘူးနော်။
ဒါဆိုရင်တော့ ဘယ်လို sunglass တပ်ရတာ အကြိုက်ဆုံးလဲ။ Sunglass ရွေးချယ်မယ်ဆိုရင်ရော Polarized နဲ့ UV ဘယ်လို အမျိုးအစားကို ရွေးချယ်ဖြစ်မှာလဲ။ Polarized နဲ့ UV sunglass တို့ကြား ဘာတွေကွာခြားလဲ ဆိုတာ ပြောပြပေးပါမယ်။
Polarized Sunglasses
Polarized lens တွေမှာ နေရောင်ခြည်ရဲ့ စူးရှတဲ့အလင်းတွေကို လျှော့ချပေးနိုင်တဲ့ ထူးခြားတဲ့ chemical တွေပါတယ်။ စူးရှတဲ့အလင်းတွေဆိုတာ နေရောင်ခြည်က ရေကိုထိတဲ့ အချိိန်နဲ့ အရာဝတ္ထုတစ်ခုခုကို ထိပြီး အလင်းပြန်တဲ့အချိန်မှာ ဖြစ်ပေါ်တတ်ကြပါတယ်။ ဥပမာ – ရေကူးကန်၊ ရေကန်တို့နဲ့ ပင်လယ်တို့ကို သွားရင် နေရောင်ခြည်ရဲ့ အလင်းပြန်တာကို အလွယ်တကူသိနိုင်ပါတယ်။ အဲ့အလင်းပြန်တာကနေဖြစ်ပေါ်လာတဲ့ စူးရှတဲ့အလင်းတွေက သင့်မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ Polarized sunglass ကို အသုံးပြုပေးတာက အဖက်ဖက်ကနေ ဝင်လာနိုင်တဲ့ စူးရှတဲ့အလင်းတွေကို Sunglass ရဲ့ Len မှာ ပါတဲ့ Polarized တွေစစ်ထုတ်ပေးတာကြောင့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်စေပါတယ်။ တကယ်လို့သာ Polarized မပါခဲ့ရင် အလင်းပြန်တာကြောင့် မျက်လုံးက ခဏတဖြုတ် ဘာမှမမြင်ရနိုင်ပါဘူး။ Polarized ပါတဲ့ မျက်မှန်ကို အသုံးပြုတာက အပြင်ထွက်တဲ့အချိန်၊ ငါးမျှားတဲ့အချိန်၊ ကားမောင်းတဲ့အချိန်၊ ရေကစားတဲ့အချိန်တို့ဆိုရင် အရမ်းအသုံးဝင်ပါတယ်။
UV Protection Sunglasses
နေရောင်ခြည်မှာပါတဲ့ UV ဓါတ်တွေက မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။
မျက််လုံးအတွင်းတိမ်ဖြစ်ခြင်း နှင့် မျက်ကြည်လွှာကိုပါ နေလောင်စေနိုင်ပါတယ်။
UV ပါတဲ့မျက်မှန်ကို တပ်ခြင်းက အလှအတွက်သာမကပဲ မျက်လုံးကိုပါကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မျက်လုံးကို ဂရုစိုက်တဲ့အနေနဲ့ အပြင်သွားရင် UV sunglass ကို ရွေးချယ်လိုက်ပါ။
အခုဆိိုရင် Polarized Sunglass နဲ့ UV protection sunglass ကြား ကွာခြားချက်တွေကို သိပြီဆိုတော့ သင်ရော ဘယ်လို မျက်မှန်မျိုးကို ရွေးချယ်မှာလဲ။
Yathar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon အသုံးပြုနည်း
Zawgyi Version ဖြင့်ဖတ်ရန်
Polarized Sunglasses
မျက်လုံးအတွင်းတိမ်ဖြစ်ခြင်း နှင့် မျက်ကြည်လွှာကိုပါ နေလောင်စေနိုင်ပါတယ်။
အခုဆိုရင် Polarized Sunglass နဲ့ UV protection sunglass ကြား ကွာခြားချက်တွေကို သိပြီဆိုတော့ သင်ရော ဘယ်လို မျက်မှန်မျိုးကို ရွေးချယ်မှာလဲ။
Booking ပြုလုပ်နည်း
Discount Coupon အသုံးပြုနည်း
About the author
Hsu Labb Wai
Hsu Labb Wai
yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။