လမ်းကြောင်းသစ်

Ex နဲ့ အတူသွားဖူးတဲ့နေရာကို ရောက်သွားရင်

လူတိုင်းနည်းပါးမှာ ချစ်ရက်နဲ့ဖြစ်စေ၊ မုန်းရက်နဲ့ဖြစ်စေ၊ ရှင်ခြင်းနဲ့ဖြစ်စေ၊ သေခြင်းနဲ့ ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာခဲ့ရတဲ့ ချစ်သူ အနည်းဆုံး တစ်ယောက်တော့ ရှိကြမှာပါ။ အတူသွားခဲ့ဖူးတဲ့နေရာလေးတွေ အတူသောက်တဲ့ကော်ဖီဆိုင်လေးတွေဆိုသလို အတူတူသွားဖူးတဲ့နေရာတွေကို ပြန်ရောက်တဲ့အခါ ဘယ်လိုခံစားရမလဲ။

၁ အတူတူသွားဖူးတဲ့ နေရာကိုရောက်ရင်..
အော် ဒီနေရာလေးမှာ သူနဲ့ အတူတူ မုန့်စားဖူးပါလား။ အဲ့တုန်းက သူဘာမုန့်လေးစားတာအစ မှတ်မိတတ်ပါတယ်။ တချို့ကျတော့လည်း အော် စားဖူးတယ်ဆိုတဲ့ အနေအထားလေးမှာတင် ရပ်ပြီး ဘယ်လိုလေးစားခဲ့ဖူးတယ်ဆိုတာမျိုးကို ဆက်မတွေးဖြစ်ကြတော့ပါဘူး။ အတိတ်ကလူပဲဆိုပြီး မေ့နိုင်အောင် ကြိုးစားနေကြပါပြီ။

၂ အတူတူစားဖူးတဲ့ နေရာရောက်ရင်
ဥပမာ – အတူတူ မာလာရှမ်းကောစားတဲ့ နေရာလေးကို ရောက်ပြီဆိုရင် သူက ဘာလေးမစားတာ၊ ဘာနဲ့မတည့်တာ၊ ဒါလေးတော့ သူအရမ်းကြိုက်တယ်ဆိုတာမျိုးကို ပြန်သတိရနေတတ်ပါတယ်။ ဟော့ပေါ့ဆိုရင်လည်း  ဘာလေးကို အကြိုက်ဆုံးဆိုတာမျိုးကို မှတ်မိတတ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ဆို သင်္ဘောသီးထောင်းကြိုက်တဲ့ သူ့ကောင်မလေးနဲ့ လမ်းခွဲပြီး နောက်ပိုင်း သင်္ဘောသီးထောင်းကိုတောင် မမြင်ချင်တော့ဘူးတဲ့။ တစ်ချို့ကျတော့လည်း ပြန်လည် သတိရတတ်ပေမယ့် တစ်ချို့ကျတော့လည်း အဲ့အမှတ်တရတွေကို မုန်းတီးနေတတ်ပါတယ်။

၃ သီချင်းနားထောင်နေရင်
ဒီသီချင်းလေးကတော့ သူအရမ်းကြိုက်တာဆိုပြီး ပြန်လည်သတိရနေတတ်ပါတယ်။ တစ်ချို့ကလည်း သီချင်းကို ကျော်ကောင်းကျော်နိုင်ပါတယ်။ အရမ်းသတိရလာရင် ငိုတာမျိုးလည်း လုပ်ကောင်းလုပ်နိုင်ပါတယ်။

၎ စိတ်အပြောင်းအလဲဖြစ်အောင်
မိန်းကလေးတစ်ချို့ဆို အသဲကွဲပြီးနောက်ပိုင်း ဆံပင်ကို ညှပ်ပစ်တာတို့၊ ဆေးဆိုးပစ်တာတို့တောင် လုပ်တတ်ကြပါသေးတယ်။ အိမ်ရှင်းတာမျိုး၊ အိမ်မှာ မြင်နေကြမြင်ကွင်းတွေကို နေရာရွှေ့ပြီး မြင်ကွင်းကို  ပြောင်းကြတာမျိုးလည်း လုပ်တတ်ကြပါသေးတယ်။ ယောက်ျားလေးတွေဆိုရင်လည်း ဘော်ဒါတွေနဲ့ အရက်သောက် မူးရူးကွဲပြဲတတ်ကြပါသေးတယ်။ မူးအောင်သောက်ပြီး မေ့အောင်လုပ်ပေမယ့် မူးမှ ပိုသတိရတာမျိုးလည်း ရှိနိုင်ပါသေးတယ်။

၅ သူငယ်ချင်းတွေနဲ့ အတူတူ အချိန်ပေးပါ
အတူတူသွားဖူးတဲ့နေရာတွေ၊ အတူတူစားဖူးတဲ့ အစားအစာတွေကို တစ်ယောက်တည်း စားလို့ အတိတ်ကလူကို သတိရနေမယ်ဆိုရင် သူငယ်ချင်းတွေနဲ့ အတူတူသွားစားပါ။ သူငယ်ချင်းတွေနဲ့ memory ကို အစားထိုးပစ်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ အတူတူ လျှောက်သွားပါ။ အဲ့လိုမျိုးနေနိုင်ဖို့ သူငယ်ချင်းကောင်းတွေ ရှိဖို့လည်း လိုအပ်ပါသေးတယ်။

အတိတ်က လူတစ်ယောက်နဲ့ ပတ်သက်ပြီး အခုအချိန်မှာ မေ့ပစ်လိုက်ပါနော်။ အတိတ်က memory တွေကို မေ့ပစ်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင်နော်။ အဓိက ဘယ် ex ကြောင့်နဲ့မှ ချစ်ရတဲ့ အစားအသောက်တွေကို မစားတော့ဘူးမတွေးနဲ့နော်။ အစားက သစ္စာရှိတယ်လေ ဟုတ်တယ်ဟုတ်။

yathar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon ပြုလုပ်နည်း

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။