လမ်းကြောင်းသစ်

၂၀၁၉ တုန်းက ခေတ်စားခဲ့တာတွေ ၂၀၂၀ မှာရော ဘယ်လိုဖြစ်မလဲ

၂၀၁၉ လည်း ကုန်ခါနီးပြီဆိုတော့ အစားအသောက်နဲ့ ပတ်သက်ရင် တစ်နှစ်လုံး ဘာတွေအများဆုံး စားဖြစ်ကြလဲ။ ဘာတွေက trends ဖြစ်ခဲ့ကြလဲဆိုတာ အနှစ်ချုပ်ကြည့်ပြီးတော့ ၂၀၂၀ မှာရော သူတို့ ထပ်ပြီး trends ဖြစ်လာနိုင်သေးလားဆိုတာ ဖတ်ကြည့်လိုက်ရအောင်…

၁ Hot Pot 
ဘယ်တော့မှလည်း မရိုးနိုင်သလို အသစ်အသစ်ထပ်ထွက်လာတဲ့ menu တွေနဲ့တင် စားရတာလည်း ဘယ်တော့မှ မရိုးတဲ့ အစားအစာတစ်မျိုးအဖြစ် ရပ်တည်ခဲ့ပါတယ်။ Side dish ပုံစံတွေ၊ Buffet ပုံစံတွေနဲ့ ပုံစံအမျိုးမျိုးအရှိတဲ့အပြင် sauce၊ menu  နဲ့ အရည်ပုံစံ အမျိုးမျိုးကြောင့် တစ်ဆိုင်နဲ့ တစ်ဆိုင်လည်းကွဲပြားကြပါတယ်။ ၂၀၂၀ မှာလည်း မရိုးနိုင်တဲ့ အစားအစာတစ်မျိုးအဖြစ်နဲ့ ထပ်ပြီး Trends ဖြစ်ဦးမယ့် အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။

၂ Mala Xiang Guo 
မာလာရှမ်းကောကလည်း ယောက်ျားလေးရော မိန်းကလေးရော တော်တော်များများကြိုက်ကြတဲ့ အစားအစာတစ်မျိုးပါ။ အစပ်ကြိုက်တဲ့သူတွေအတွက် နတ်သုဒ္ဓါလေးလိုပါပဲ။ ဒီ မာလာရှမ်းကောကလည်း ၂၀၂၀ မှာလည်း ထပ်ပြီး trends ဖြစ်နေဦးမယ့် အစားအစာတစ်မျိုးပါပဲ။

၃ Keto Foods
အခု ၂၀၁၉ မှာ ခေတ်စားလာတဲ့ Diet နည်းတစ်မျိုးဖြစ်ပြီးတော့ သာမာန် Diet နည်းတွေနဲ့ မတူတဲ့ နည်းတစ်မျိုးမလို့ အခုနောက်ပိုင်း တော်တော်များများ လုပ်လာကြပါတယ်။ ဒီနည်းလမ်းနဲ့ အစားစားနည်းကတော့ ၂၀၂၀ မှာ ပိုပြီး Trends ဖြစ်လာဦးမှာပါ။

၎ Healthy foods

၂၀၁၉ နောက်ပိုင်းမှာ လူတော်တော်များများက ကျန်းမာရေးကို ပိုပြီး အလေးပေးလာကြပါတယ်။ ပိုက်ဆံပေးရတာချင်းအတူတူ ၅၀၀၊ ၁၀၀၀ လောက်ကွာရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်မျိုးကို ပိုပြီးစားသုံးလာကြပါတယ်။ ၂၀၂၀ မှာဆိုရင်တော့ အခုထက်ပိုပြီးတော့ ကျန်းမာရေးကို ပိုပြီး အလေးပေးလာကြမှာပါ။ အချိုမှုန့်အစားထိုး တခြားဟင်းခတ်မှုန့်တွေကိုလည်း ပိုပြီးအသုံးပြုလာကြမှာပါ။

၅ seafood များ
Seafood ဆိုတာ ဟိုးအရင်ကတည်းက လူကြိုက်များပေမဲ့ အခု ၂၀၁၉ နောက်ပိုင်းမှာ ပိုပြီး trends ဖြစ်လာပါတယ်။ ရေဘဝဲလက်ချောင်းအကြီးကြီးတွေကိုတောင် ဈေးအမျိုးမျိုးနဲ့ ရောင်းချနေတာကိုလည်း တွေ့နိုင်ပါတယ်။ ၂၀၂၀ မှာရော ဘယ်လို Seafood မျိုးတွေက ပိုပြီး Trends ဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ 

၆ Collagen
Collagen ဆိုတာ မိန်းကလေးတော်တော်များများသိကြပါတယ်။ မိန်းကလေးတော်တော်များများက အခုနောက်ပိုင်း ကျန်းမာရေး၊ အလှအပအပြင် ကိုယ်တွင်းကနေ အလှအပအတွက် အားဖြည့်ပေးမယ့် Collagen တို့လို အရာမျိုးတွေကိုလည်း သောက်သုံးလာကြပါတယ်။ မိန်းကလေးတွေက အလုပ်၊ ကျန်းမာရေးနဲ့ အလှအပကို Balance ညီအောင် ထိန်းနိုင်လာကြတာ အရမ်းဂုဏ်ယူဖို့ကောင်းပါတယ်။ အဲ့ဒါကြောင့် 2020 မှာလည်း အခုထက်ပိုပြီး trends ဖြစ်လာဦးမယ့် အရာတစ်ခုပါ။

အခုဆို ၂၀၁၉ မှာ ဘာတွေ trends ဖြစ်ခဲ့လဲဆိုတာသိပြီးပြီဟုတ် ၂၀၂၀ မှာ ဆက်ပြီး trends ဖြစ်နေမယ့် အစားအစာတွေကိုရော စားဖြစ်မှာလား။ အစားတလိုင်းလေးတို့ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ပြောပြပေးပါဦး။

Yathar Application Download Link
Discount coupon အသုံးပြုနည်း
Booking ပြုလုပ်နည်း

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။