စားသောက်ဆိုင်

ရှိန်းရဲ့ Fan တွေနဲ့ Spicy Talk ဖွင့်ပွဲ

Hot Pot မှ Hot Pot ဆိုတဲ့ အစားတလိုင်းလေးတွေ စံရိပ်ငြိမ်မှတ်တိုင်နားမှာ Spicy Talk Hot Pot Buffet ဆိုင်လေး အသစ်ဖွင်လိုက်ပါပြီ။ ဆိုင်ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့က နေ့လည် ၁၁:၀၀ နာရီကနေ ၁:၀၀ နာရီ အထိ သူစိမ်းအိမ်က “ ရှိန်းတင်ထူး “ နဲ့ အတူတူ ကျင်းပခဲ့ပါတယ်။ 

Spicy Talk Hot Pot က Buffet အမျိုးအစား ဖြစ်ပြီးတော့ Tax ပါအပါ အပြီးအစီး 12800 ကျပ်တည်းနဲ့ စားသုံးနိုင်ပါတယ်။

Buffet အမျိုးအစားထဲမှာ 
Seafood၊ အသားလုံး၊ အသားလွှာများ၊ အသီးအရွက်များ၊ မှိုအမျိုးမျိုးနှင့် တခြား အရံဟင်းများ၊ အအေးနှင့် ရေခဲမုန့်တွေလည်းပါဝင်လို့  အမျိုးအစား စုံစုံလင်လင်နဲ့ စားသုံးနိုင်ပါတယ်။ 

အရံဟင်းတွေထဲမှာ မာလာရှမ်းကောနဲ့ ဘဲကင်ကတော့ အမြဲတမ်းထားရှိပေးမှာပါ။ ကျန်တဲ့ အရံဟင်းတွေကတော့ အလှည့်ကျပါဝင်မှာဖြစ်လို့ သွားစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ 

အခုဆို ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ 
၁၁:၀၀ နာရီကနေ   – ၄:၀၀ နာရီအတွင်းဆို ၄၀% off
၎:၀၀ နာရီ ကနေ    – ၁၁:၀၀ နာရီအတွင်းဆို ၂၀% off တို့ကို Promotion အနေနဲ့ ပြုလုပ်ပေးထားပါတယ်။Promotion ကို ဇန်နဝါရီလ ၅ ရက်နေ့အထိ ပြုလုပ်မှာဖြစ်လို့ အမြန်ဆုံးအပြေးသွားဖို့ မမေ့နဲ့နော်။

သူစိမ်းအိမ်ထဲက ရှိန်းတင်ထူး fan လေးတွေနဲ့ Spicy Talk  Fan လေးတွေ အတူတူ ဆိုင်ဖွင့်ပွဲအချိန်တုန်းက ပျော်ရွှင်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆိုင်လိပ်စာ 
အမှတ် ၇၆၊ စံရိပ်ငြိမ် မှတ်တိုင်အနီး၊ အင်းစိန်လမ်းမ၊ လှည်းတန်း၊ ကမာရွတ်။

ဖုန်းနံပါတ်
09400979792

ဆိုင်ဖွင့်ချိန် 
နေ့လည် ၁၁:၀၀ နာရီ မှ ည  ၁၁:၀၀ နာရီ အထိ

အစားတလိုင်းနှင့်  Resturant Owner တို့ အတွက် တစ်ခုတည်းသော မြန်မာနိုင်ငံ၏ Platform (yathar.com)

Yathar application download link( https://s.yathar.com/apps )

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။