စားသောက်ဆိုင် လမ်းကြောင်းသစ်

[အခန်းဆက်] နောက်ဆုံးအကြိမ် ! စမ်းချောင်းကအမြင်ဆန်းတဲ့ဆူရှီဘား

မိတ်ဆွေ မင်္ဂလာပါ !

လစာ၂လစာတန်ဖိုးရှိတဲ့ဘေ့စ်ဂီတာကိုဝယ်ပြီးသကာလတစ်နေ့ကိုထမင်းတစ်နပ်ပဲစားပြီးအသက်ဆက်နေတဲ့ အရှည်ကြီး ဖြစ်ပါတယ်ဗျာ။

ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ စမ်းချောင်းကလူကြိုက်များနေတဲ့ဆူရှီဆိုင်

NORI sushi bar !

ဒါဆိုရင်ဖြင့်ဘာကြောင့်ဒီဆိုင်ကလူကြိုက်များနေတာလဲ?ဆူရှီစားကြည့်ရအောင်။ဘာလျှို့ဝှက်ချက်များရှိနေလဲရှာကြည့်ရအောင်ဗျာ။

ပထမဆုံးက နံပါတ်(၁)အရေးကြီးဆုံးက ဆိုင်ပတ်ဝန်းကျင်အနေအထားကောင်းတယ် !
Sushi bar ဆိုတဲ့နာမည်နဲ့ အံ့သြစရာကောင်းအောင်လှပတဲ့ဆိုင်တွင်းပြင်ဆင် !
အရေးကြီးတဲ့သူဒါမှမဟုတ်ဒိတ်အတွက်အရမ်းကိုအဆင်ပြေနေပြီမဟုတ်လားဗျ !

မဆိုင်းမတွ ဟင်းပွဲ(၂)ပွဲရောက်လာပါပြီ !

Fried Crab Cream Roll
၄၅၀၀ ကျပ်

Shishamo Tempura
၃၀၀၀ ကျပ်

ဘယ်လိုမြင်လဲ ? အရမ်းအရသာရှိမယ်ပုံပဲ ?

အရင်ဆုံး Fried Crab Cream Roll အတိုချုပ်ရှင်းပြဖို့ ! စားကြည့်မယ် !

အံ့သြစရာပဲ ! ဂဏန်း နဲ့ ချိစ် ကိုဆူရှီလိပ်လိုလိပ်၊တန်ပူရာလိုကြော်ထားတာဗျ ! ဒါ့အပြင် မရိုးနစ်ကိုအခြေခံတဲ့ဆော့စ်ကိုဆမ်းထားလို့ အရသာကကောင်းဗျာ !

ဆက်ပြီး Shishamo Tempura စားမယ် !
ကြော်ပြီးခါစရှယ်ပဲ ! ဂျပန်က Shishamo ထပ်ကြီးလို့ စားရတာပိုလို့ကောင်း !
တစ်ပွဲကို ၃၀၀၀ ကျပ်ဆိုတော့ တန်မှတန် !

NORI sushi bar အရမ်းကောင်းဗျာ !

ဒီမှာတင်မပြီးသေးဘူးနော်။
နောက်ထပ် ၂ပွဲထပ်လာအုံးမယ်ဆိုပဲ !

၁နေ့ကိုထမင်း၁ကြိမ်စားပြီးဆင်းရဲစွာဖြတ်သန်းနေတဲ့အရှည်ကြီးအတွက်တော့ကယ်တင်ရှင်ပဲဗျာ။ အများကြီးစားပစ်လိုက်မယ် အ၀ အပြဲဗျာ !

နောက်ထပ်တည်ခင်းလာတဲ့ဟင်းလျာတွေက Saba Shioyaki ပြီးတော့ ဆူရှီလိပ် ၂မျိုး !ဒါကိုပဲနားထောင်ပြီး စာဖတ်ပရိသတ်တွေက

Saba Shioyaki ကဘယ်ဆိုင်မှာစားစားအတူတူပဲမဟုတ်ဘူးလား ?

Saba Shioyaki တဲ့သာမာန်ပဲမဟုတ်ဘူးလား ?

「ဒါလေးကိုပဲအရေးတယူလုပ်နေတာလား ?」

လို့ထင်နေပြီမဟုတ်ဘူးလား ?

မိတ်ဆွေတို့ကြည့်လိုက်ပါအုံး ! ဒါကတော့ NORI sushi bar ရဲ့ Saba Shioyaki !

ဘယ်လိုလဲ? မိတ်ဆွေတို့ ဒီလောက်လှတဲ့ Saba ကိုမြင်ဖူးစားကြည့်ဘူးလား ?

ကျွန်တော့ကတော့ဒီလိုလှပတဲ့Sabaကိုမြင်ဖူးတာပထမဆုံးပဲ။
Sabaကိုလှလှပပအကွက်လေးလှီးပြီးပြင်ဆင်ထားတာလှနေရုံမဟုတ်ပဲစားရတာလဲလွယ်ကူတယ်။ပြီးတော့အထူးခြားဆုံးကဆော့စ် ! ဒီတိုင်းစားရင်တောင်ပြည့်စုံနေတာ ဆော့စ်ပါထပ်ဖြည့်လိုက်တော့ ထူးခြားတဲ့အရသာကိုခံစားရတယ်ဗျာ !

အကင်အနေအထားကအနေတော် ! လုံးဝလက်မလွှတ်သင့်တဲ့ဟင်းတစ်ပွဲ ! ၅၀၀၀ကျပ် ! တန်တယ်နော် !

နောက်ဆုံးတစ်ပွဲ NORI sushi bar ရဲ့ ထူးခြားတဲ့ဟင်းတစ်ပွဲ။

ဟင်းပွဲနာမည်က NORI SPECIAL ! !

ပြိုင်ဖက်တွေကိုအလဲထိုးမယ့်နာမည်လေးမဟုတ်ဘူးလားဗျာ !
NORI sushi bar ရဲ့ မူလလက်ရာဆူရှီလိပ်ပါ ! ဒီလေးကလည်း စားချင်စဖွယ်ပဲ !
NORI SPECIAL ကို စားကြည့်မယ် !

တကယ်ပဲ SPECIAL အရသာ !
တွဲဖက်စားရတဲ့ဆော့စ်ရဲ့အရသာကလည်းအရမ်းအရသာရှိဗျာ !

အစပ်အရသာမရိုးနစ်ဆိုတော့ စပ်စပ်လေးနဲ့ပြောမပြနိုင်လောက်အောင်အရသာနက်ရှိုင်းတယ် !

ပုံမှန်စားပွဲက ၅၀၀၀ကျပ်၊ အခုပြထားတာက တ၀က်ပွဲ ၂၅၀၀ကျပ် ! Special ဈေးနှုန်း !
NORI SUSHI BAR ကိုရောက်ရင် NORI SPECIAL ကိုမှာစားဖို့မမေ့ကြနဲ့နော် !

 အခြားမီနူးတွေလည်းအများကြီးရှိတယ်ဗျ !

ဟင်းပွဲအားလုံးအရမ်းကိုအရသာရှိလို့အရမ်းစိတ်ကျေနပ်မိတယ်ဗျာ !

ဒီလိုအာရုံစိုက်မှု၊တီထွင်မှုတွေရှိနေတာကြောင့်လူကြိုက်များတဲ့ဆိုင်လေးဖြစ်နေတာမထူးဆန်းပါဘူးဗျာ!

NORI sushi barရဲ့ဆိုင်ဝန်ထမ်းတွေကအရမ်းကိုနွေးထွေးပျူငှာစွာဧည့်ခံပေးတဲ့အတွက်အရမ်းကိုကျေးဇူးတင်ပါတယ် !

အရသာရှိရှိစားခဲ့ရတယ်ဗျာ ! မိတ်ဆွေတို့လည်း NORI sushi bar ကိုသွားစားဖို့တိုက်တွန်းပါရစေ။

ဒါနဲ့ ရုတ်တရက်ဆိုပေမယ့်

လေးလေးနက်နက်ကြေညာချက်။

ဘာလိုလိုနဲ့ ဒီအကြိမ်က TOKYO ODEN BOYS ရဲ့ အခန်းဆက်ကပြီးဆုံးမှာဖြစ်ပါတယ်။ စာဖတ်ပရိသတ်အပေါင်း နှစ်တစ်ဝက်ကြာဖတ်ရှုအားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် !

အခန်းဆက်ကတခန်းရပ်သွားပြီဆိုပေမယ့် ကျွန်တော်တို့TOKYO ODEN BOYSနဲ့ yatharတို့ရဲ့ကြိုးစားအားထုတ်မှုအသစ်တွေကိုစီစဉ်နေတဲ့အတွက်စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ပါတယ် !

နောက်ဆုံးအနေနဲ့TOKYO ODEN BOYSအဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ကျေးဇူးတင်စကားတွေကိုဖော်ပြပေးသွားပါမယ်။

ဖက်တီးနင်ဂျာ
ဆက်လက်ပြီးဝိတ်ချသွားဖို့စဉ်းစားထားပါတယ်။ နောက်တစ်ကြိမ်ဆုံးတဲ့အချိန်မှာပိန်ပြီးစမတ်ကျနေတဲ့ ဖက်တီးနင်ဂျာကိုမြင်တွေ့ရအောင်ဗျာ။ အားလုံးပဲကျန်းမာချမ်းသာပါစေ !

အားကီ
ဒီအခန်းဆက်မှာဖော်ပြခွင့်ရလို့ကျွန်တော့်ကြွက်သားအလှတွေကိုပြသနိုင်ခဲ့တဲ့အတွက်ပျော်ရွှင်မိတယ်။ နောက်ပုံစံတစ်မျိုးနဲ့ကျွန်တော့်ကြွက်သားတွေကိုဖော်ပြခွင့်ရမှာဖြစ်လို့ စောင့်မျှော်အားပေးပါအုံးဗျာ !

မျက်မှန်ဆူရှီ
မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်ဗျာ။
အခုထိပေါ်ပြူလာမဖြစ်သေးတော့အဆုံးသတ်မဟုတ်သေးဘူးနော်။ အခုထိ။

Kitty
Kitty နဲ့ဒိတ်လုပ်ပေးလို့ကျေးဇူးနော် ! နောက်ထပ်ဒိတ်ဆိုရင်သူတို့ဖြစ်နေမလား ? ! နောက်ထပ်တွေ့ဆုံဖို့စောင့်နေပါ့မယ် ! တာ့တာနော် !

အရှည်ကြီး
အရမ်းကိုပျော်ရွှင်စရာကောင်တဲ့ရိုက်ကူရေးဖြစ်ခဲ့ပါတယ် ! ရန်ကုန်ကအရသာရှိတဲ့ဆိုင်တွေကိုမိတ်ဆက်ပေးခွင့်ရလို့ ၀မ်းသာမိတယ်ဗျာ ! နောက်ထပ်တွေ့ဆုံးမယ့်နေ့စောင့်မျှော်ရင်း !

About the author

A Shay Gyi (trigers)

A Shay Gyi (trigers)

အမည် - Tigers noppo no komuro aka (အရှည်ကြီး)
အလုပ်အကိုင် - ဟာသလူရွှင်တော်
အသက် - ၃၀ နှစ်
ဂျပန်နိုင်ငံchibaပြည်နယ်မှာမွေးဖွားပြီးအနုပညာသက်တမ်း(၁၂)နှစ်အတွင်း၂၀၁၈ခုနှစ်၁၀လပိုင်းတွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး အနုပညာလုပ်ငန်းများကိုစတင်လုပ်ကိုင်ခဲ့ပါသည်။