လမ်းကြောင်းသစ်

စာမေးပွဲအပြီးမှာ ဘော်ဒါတွေနဲ့ ဒိတ်လို့ ရမယ့် ဘတ်ဂျတ်ဆိုင်များ

စာမေးပွဲပြီးရင် ဘယ်သွားမယ် ဘာလုပ်မယ်ဆိုပြီး ခုကတည်းက စဉ်းစားနေကြပြီမလား…

ဒါဆိုစာမေးပွဲအပြီး ဈေးလေးလည်းသက်သာရမယ် …စားလို့လည်းကောင်းရမယ်…နေရာလေးလည်းfine ရမယ်…

သူငယ်ချင်းတွေ အုပ်စုလိုက်အေးအေးဆေးဆေး ပျော်ပျော်ပါးပါးလည်းနေလို့ကောင်းရမယ်…

အဲ့ဒီလိုဆိုင်လေးတွေကို ပြောပြမယ်….

ပထမဆုံး ဆူရှီကြိုက်တဲ့သူတွေအတွက် အရင်ဆုံး sushi ဆိုင်လေးတစ်ဆိုင်ပြောပြမယ်နော်..
အနည်းဆုံး ၁၀၀၀ ကျပ်ကနေ စပြီးစားလို့ရလို့ အရမ်းကို အဆင်ပြေတယ်။အစားအစာတွေကလည်း ဈေးတန်တယ်လို့ အရသာမကောင်းလောက်ဘူးမထင်နဲ့ အရသာလည်းကောင်းတယ်။ အသားတွေကလည်း လတ်ဆတ်တယ်။စမ်းချောင်းလမ်းနဲ့ အနီးဆုံးမှာရှိတဲ့ မင်းလမ်းထဲမှာမလို့ သွားရလာရလွယ်ကူတယ်။ဆိုင်နာမည်လေးက “ Nori Sushi “…Lunch Box တွေလည်းရှိတယ်။ ငါးဥဆိုရင်လည်း အစုံရှိတယ်။ဆူရှီကြိုက်တဲ့သူတွေကတော့ သွားပီးစားသင့်တဲ့ဆိုင်လေးတစ်ဆိုင်မို့ အလင်းပြလိုက်တယ်နော်။
https://www.facebook.com/YatharGourmet/posts/2657545381008095
နောက်ထပ်တစ်ဆိုင်က ခေါက်ဆွဲဆိုင်..သူကတော့ သာကေတ capital မှာရှိတာ…သူ့ဆီမှာ အဓိကက ဖက်ထုပ်နဲ့ လက်လုပ်ခေါက်ဆွဲနာမည်ကြီးတယ်…ဈေးလေးတွေလည်းတန်တယ်…အရသာလည်းတကယ်ကောင်းတာမို့ သွားစားကြည့်ကြနော်…၃၅၀၀တန်တစ်ပွဲဆိုနှစ်ယောက်လောက်ကောင်းကောင်းစားလို့ရတယ်။Link လေးပေးထားတယ်နော်…

ထပ်ပြီးပြောပြမယ့်ဆိုင်လေးက မြစ်ကြီးနားအစားအစာတွေရောင်းတဲ့ဆိုင်လေး
ဆိုင်နာမည်က ရွှေမြတ်မနောတဲ့…သင်္ကန်းကျွန်း ပြည်သာယာလမ်းထဲမှာဖွင့်ထားတာ…
ဆိုင်မှာရှိတဲ့ menu တွေကို ကြက်သား၊ ဝက်သား အပြင် ကြက်ပေါင်း၊ဘဲပေါင်း၊ နံရိုးပေါင်း၊ ဝက်သားလုံး၊ ကြက်သားလုံး၊ ငါးဖယ်လုံးတို့နဲ့လည်း စားလို့ရနိုင်တယ်။ ဈေးကလည်း အနည်းဆုံး ၅၀၀ ကျပ်ကနေ အများဆုံး ၃၈၀၀ ကျပ်အထိပဲရှိတယ်။ Juice တွေလည်းရှိတယ်။😋စားစရာတွေက ရှယ်ကောင်းတယ်…
https://www.facebook.com/YatharGourmet/posts/2629653453797288?tn=K-R

အခု၄ဆိုင်မြောက်ကို ဘယ်ဆိုင်လေးကိုခေါ်သွားရင်ကောင်းမလဲဆိုတော့….
စမ်းချောင်းတစ်ဝိုက်မှာ…ညနေဘက်အေးအေးဆေးဆေးChillလို့ရတဲ့နေရာလေးတစ်ခု😍ဘယ်ဆိုင်လည်းခန့်မှန်းကြည့်?🤔 London Pub ပေ့ါ..ပဒုမ္မာလမ်းထဲမှာနော်…အစားသောက်ကတော့ရေမီး အပြည့်အစုံ…အကင်တွေလည်းရတယ် ဈေးတွေက ၅၀၀ကနေ ၁၈၀၀အတွင်းပဲရှိတယ်…ဈေးလေးတွေတန်ပြီး စားစရာတွေလည်းအတော်မိုက်တယ်…Link လေးထဲဝင်ကြည့်ကြည့်နော်…
https://www.facebook.com/YatharGourmet/posts/2644316562330977?tn=K-R

ကဲကဲ…အခုကနောက်ဆုံးတစ်ဆိုင်…
ဒီတစ်ခါတော့ မြောက်ဒဂုံဘက်ကိုခြေဦးပြန်လှည့်မယ်…
အဲ့ဒီဆိုင်လေးက Unpluggedလဲရှိတယ်…သူငယ်ချင်းတွေအုပ်စုလိုက် Chill လို့ရတဲ့နေရာတစ်ခုပဲ…ဆိုင်ကအတော်လေးကိုကျယ်တယ်…Rooftopလည်းပါတယ်…အပေါ်ထပ်မှာပဲကဲကဲ…အောက်မှာပဲ ကဲကဲ အဆင်ပြေတယ်…အစားအသောက်တွေလဲ ဈေးတန်တယ်…အရသာဆိုလဲ လုံးဝကို ထိုင်းစတိုင်စစ်စစ်ကို စားရတာ…ဆိုင်နာမည်လေးက Summit Music Pubတဲ့ မန္တလေးလမ်းနဲ့ စစ်တောင်းလမ်း မှတ်တိုင်နှစ်ခုကြားမှာရှိတာ…အောင်သပြေ ကော်ဇောဆိုင်ရဲ့ အပေါ်ထပ်မှာနော်….

https://www.facebook.com/search/top/?q=smuit%20music&epa

အခု အစားအစာတွေလည်းကောင်း ဈေးလေးတွေလည်းတန်တဲ့ ဘက်ဂျက်ဆိုင်လေးတွေကိုပြောပြပေးပြီးပြီဆိုတော့… ခေးလေးတို့ကိုယ်တိုင်သွား Join ဖို့ပဲလိုတော့တယ်…

အခုပြောပြခဲ့တဲ့ဆိုင်လေးတွေကို yathar app ထဲမှာဝင်ကြည့်လို့ရတယ်နော်
Yathar application Download link – https://s.yathar.com/apps