ဗဟုသုတ

ဒီကာလအတွင်း အလုပ်သွားရင် ဘာတွေ ရှောင်မလဲ

Covid-19 ကာလအတွင်း အလုပ်သွားနေရပြီလား။
အလုပ်သွားရင် အလုပ်ပြန်ရင် စိတ်ရှင်းရှင်းဖြစ်အောင် ဘယ်လိုနေမလဲ။

ဖြစ်နိုင်ရင် ဝတ်စုံအပိုယူသွားပါ။ ရုံးရောက်မှ တစ်စုံလဲပြီး အဟောင်းကို အိတ်ကျွတ်တစ်ခုထဲထည့်ပြီး လုံအောင် စည်းထားပါ။
ပုံမှန် Bus စီးနေကြသူတွေအနေနဲ့ ဖြစ်နိုင်ရင် Bus ကားတိုးဝှေ့မစီးပါနဲ့။
ရုံး ferry မရှိတဲ့သူတွေအနေနဲ့ လမ်းကြောင်းနီးစပ်သူအချင်းချင်း စုပေါင်းပြီး Taxi ငှားစီးပါ။
Mask ကို မဖြစ်မနေတပ်ပါ။
တစ်ဦးနဲ့ တစ်ဦး ၆ ပေ အကွာမှာနေပါ။
ဖြစ်နိုင်ရင် အိမ်က ထမင်းဗူးကို ပါအောင် သယ်သွားပါ။
ထမင်းဗူးကို အိမ်မှာကတည်းက ကျွတ်ကျွတ်အိတ် တစ်ထပ်နှစ်ထပ်လောက်နဲ့ လုံအောင် ထည့်ထားပါ။
ရုံးရောက်တာနဲ့ အိတ်ကျွတ်ကို အမှိုက်ပုံးထဲ ထည့်ပြီး ထမင်းဗူးကို အပြင်ကနေ ဆပ်ပြာဖြင့်ဆေးပါ။
ရုံးကို စရောက်ကတည်းက လက်ဆေးပါ။
နောက်ဆုံးတစ်ခုက တစ်ဦးနဲ့ တစ်ဦး မအားနာပါနဲ့။ ကျန်းမာရေးက အဓိကကျတာမို့လို့ ရင်းနှီးတဲ့သူရှေ့လည်း ခပ်ခွာခွာနေပြီး လိုအပ်ပါက ပိုးသတ်ဆေးဖြန်းပါ။

အထူးတလည်အနေနဲ့ Ministry of Health and Sports, Myanmar ရဲ့ သတင်းတွေကို မဆက်မပြတ်စောင့်ကြည့်ပါ။

အစားအသောက်နဲ့ ပတ်သက်တဲ့ information တွေ သိဖို့အတွက်ကိုလည်း yathar page ကို like or see first လုပ်ထားပေးပါ။ ဒါမှမဟုတ်လည်း yathar application ကို download လုပ်ပြီး စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ information ကို တစ်နေရာတည်းမှာ ရှာဖွေနိုင်ပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။