ကျန်းမာ & အလှအပ

ခြေထောက်လေးတွေဖွေးအောင် ဘယ်လို ဂရုစိုက်မလဲ

အခုလို ကာလမျိုးမှာ အိမ်မှာနေရင်း သဘာဝနည်းနဲ့ skin care တာက အကောင်းဆုံးပါပဲ။ မိန်းကလေးတော်တော်များများက skincare ပြီဆိုရင် မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရည်ကိုပဲ ဂရုစိုက်ကြတာ များပါတယ်။ ခြေထောက်လေးတွေကလည်း ဂရုစိုက်ပေးသင့်တဲ့အပြင် အိမ်တွင်းမှာပဲ ဘယ်လို scrub လေးတွေလုပ်ကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်…..

၁ Coconut Oil and Salt Foot Scrub
 ဆား           – ၁ ခွက်
Coconut oil – ¼ ခွက်
Any essential oil – ၃-၄ စက်
Vitamin E oil – ¼ ခွက် (မထည့်လည်းရ)

ပါဝင်ပစ္စည်းအားလုံးကို ရောမွှေလိုက်ပြီး ရက်အနည်းငယ်ထားလိုက်ပါ။ ရလာတဲ့ scrub ကို ခြေထောက်ပေါ်မှာလိမ်းပြီး မိနစ် ၂၀ ခန့်ထားလိုက်ပါ။

ဒီနည်းလေးနဲ့ ပြုလုပ်ထားတဲ့ scrub က ကွဲအက်နေတဲ့ ခြေဖနောင့်တွေအတွက် အကောင်းဆုံး scrub တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီ scrub လေးက အသားအရည်အားလုံးအတွက် အသုံးပြုလို့ရပါတယ်။ 

၂ သကြားနှင့် သံလွင်ဆီ foot scrub
သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
သံလွင်ဆီ   စားပွဲတင်ဇွန်း ၁ ဇွန်း
Essential oil ၂ စက်
Baking soda စားပွဲတင်ဇွန်း ၁ ဇွန်း

သကြားညို၊ သံလွင်ဆီနှင့် Baking Soda အားလုံးကို ရောပြီးမွှေပါ။
Essential oil ထည့်ပြီး ခြေထောက်ပေါ်မှာ လိမ်းပေးပါ။

၃ ကော်ဖီမှုန့် foot scrub
ကော်ဖီကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
Coconut oil စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး မွှေပါ။ အနှစ်လေးဖြစ်လာပါက ခြေထောက်ပေါ်တင်ပြီး ၁၅-၂၀ မိနစ်လောက် massage လုပ်ပေးပါ။ ပြီးလျှင်ရေဆေးချပါ။ 

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။