ဆေးစာ

Cola သုံးပြီး ဘာတွေချက်မလဲ?

Coca Cola ကိုသုံးပြီး ဘာတွေချက်လို့ရလဲ? ပုံမှန်ဆိုရင် Cola ကိုသောက်လို့ကောင်းလို့သောက်ကြတယ်ဆိုပေမဲ့ Cola ကိုသုံးပြီးဟင်းလည်းချက်လို့ရပါတယ်။ Cola သုံးပြီး ချက်လို့ရတဲ့ ဟင်းတွေအများကြီးထဲက အလွယ်ကူဆုံး ချက်လို့ရတဲ့ အစားအစာ ၃ မျိုးကိုပြောပြပေးပါမယ်။

Coca Cola ကြက်ကြော်
ရွှဲပြောင်ပြီးတော့ စားလို့ကောင်းတဲ့ ကြက်ကြော်လေးက Coca Cola ကိုသုံးပြီးချက်ထားတာပါတဲ့။ ဒါလေးကို ကလေးတော်တော်များများကကြိုက်ပြီးတော့ လူကြီးတွေလည်းစားကြပါတယ်။

Coca Cola cup-cake
Coca Cola နဲ့ ကိတ်လေးတွေလုပ်လို့ရတယ်ဆိုတာ အရင်က ယုံပါသလား။ ဒါပေမယ့် အခုတော့ ယုံလိုက်ပါ။ ဟုတ်ပါတယ်။ ထူးထူးဆန်းဆန်းလေးတွေဖန်တီးတတ်တဲ့ Cozy Kitchen လေးက ဒါလေးကို ဖန်တီးခဲ့ပါတယ်။

Coca Cola သုံးထားတဲ့ ကြက်သွန်နီကင်
ကြက်သွန်နီက ငိုစေတယ်မလား။ ဒါပေမယ့် ကြက်သွန်နီကို ဗီနီကာရယ် ကိုလာရယ်ရောပြီး တစ်ညစိမ်ပြီးမှ grill လုပ်မယ်ဆိုရင် steak တစ်ပွဲအတွက် တစ်ကယ့်ကိုကောင်းမွန်တဲ့ grill onion လေးရရှိနိုင်မှာ ဖြစ်ပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။