ဗဟုသုတ

ရေခဲသေတ္တာထဲ လုံးဝမထားသင့်တဲ့ အစားအစာများ

အိမ်ရှင်မတော်တော်များက အလုပ်တွေများကြပါတယ်။ တစ်ချို့အရာတွေက သိနိုင်ပမေယ့် တစ်ချို့အရာတွေကျတော့ သိသလိုလိုနဲ့ မေ့တတ်ကြပါတယ်။ အဲ့လိုမေ့တတ်ကြတဲ့အထဲမှာ လုံးဝမလုပ်သင့်တဲ့အရာတွေလည်း လုပ်မိတတ်ကြပါတယ်။ မီးဖိုချောင်ထဲမှာ လုံးဝမလုပ်သင့်တဲ့အကြောင်းအရာတွေထဲ ရေခဲသေတ္တာထဲကို လုံးဝမထည့်သင့်တဲ့ အစားအစာတွေအကြောင်းလည်း ပါပါတယ်။

အဲ့တော့ ရေခဲသေတ္တာထဲ ဘာတွေထည့်လို့မရတဲ့ အစားအစာတွေကိုပြောပြပေးပါမယ်။

Melon
ဖရဲသီး၊ သခွားမွှေးသီးတို့လို အသီးမျိုးတွေဆိုရင် အလုံးအတိုင်းကို အခန်းအပူချိန်အတွင်းပဲထားတာကောင်းပါတယ်။ တကယ်လို့ ခွဲပြီး စိတ်ပြီးပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှာပဲထားတာကောင်းပါတယ်။

အာလူး
အအေးဓါတ်က အာလူးမှာရှိတဲ့ အစေးဓါတ်ကို ဖျက်ဆီးဖြစ်တာကြောင့် အချိုဓါတ်ကို ပိုပြီးလွန်ကဲစေပါတယ်။ အဲ့ဒါကြောင့် အာလူးကို အေးပြီးခြောက်သွေ့တဲ့နေရာမှာထားတာကောင်းပါတယ်။

ပျားရည်
ပျားရည်က အေးတဲ့အပူချိန် အထူးသဖြင့်ရေခဲသေတ္တာထဲမှာဆိုရင် crystal ဆန်ဆန်ခဲသွားတတ်ပါတယ်။ ပျားရည်ကို ပုံမှန်အခန်းအပူချိန်မှာပဲထားမယ်ဆိုရင် သူ့ရဲ့ သဘာဝအချိုကို ပိုပြီးရရှိနိုင်တာကြောင့် ရေခဲသေတ္တာထဲမှာ ပျားရည်ကို မထားတာပိုပြီးတော့ကောင်းပါတယ်။

Coffee
ကော်ဖီအမှုန့်ကို ရေခဲသေတ္တာထဲထည့်မယ်ဆိုရင် အစိုဓါတ်တွေပိုပြီးများလာနိုင်တာကြောင့် ကော်ဖီမှုန့်အတွက်လည်း ခဲစေနိုင်သလို ကော်ဖီရဲ့ အရသာကိုလည်း ပျက်စေနိုင်ပါတယ်။ အဲ့ဒီ့အစား ပုလင်းတစ်ခုခုထဲမှာထည့်ပြီး ပုံမှန်အပူချိန်မှာ သိမ်းထားတာက အရသာအတွက်ရော ကော်ဖီမှုန့်အတွက်ပါ ပိုကောင်းစေပါတယ်။

ခရမ်းချဉ်သီ
ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲမှာထည့်ထားမယ်ဆိုရင် ခရမ်းချဉ်သီးက ပျော့ပြီး မဲလာတတ်ပါတယ်။ခရမ်းချဉ်သီးကို သိမ်းမယ်ဆိုရင် ရိုးရိုးဗန်းလေးထဲမှာပဲ သိမ်းထားတာကောင်းပါတယ်။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးတွေဆိုရင်လည်း နေရောင်ရတဲ့ ပြတင်းပေါက်မှာထားပေးမယ်ဆို ပိုပြီးမှည့်လာနိုင်ပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီက မအေးတဲ့နေရာမှာထားရင် ကောင်းပါတယ်။ ရေခဲသေတ္တာထဲမှာထားမယ်ဆိုရင် မှိုတက်တတ်ပါတယ်။ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းမှလည်း ရှောင်သင့်ပါတယ်။ တကယ်လို့ကြက်သွန်နီကိုလှီးပြီး ကျန်တာကိုသိမ်းချင်တယ်ဆိုရင် အိတ်တစ်အိတ်ထဲထည့် လုံအောင်ပိတ်ပြီး ဟင်းသီးဟင်းရွက် box ထဲမှာတော့ သိမ်းလို့ရပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို အေးမြခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပေးပါ။ တကယ်လို့ ခွာပြီးသားဆိုရင်လည်း ၁၀ ရက်အတွင်းစားသုံးပေးတာကောင်းပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။