ဗဟုသုတ

ရာသီမတိုင်ခင် စိတ်ခက်ထန်မှုအကြောင်း

ရာသီမတိုင်ခင် စိတ်ခက်ထန်မှု ( တစ်နည်းအားဖြင့် အာဝုစိတ် )ဟာ မိန်းကလေးတော်တော်များများမှာ ဖြစ်တတ်ကြပါတယ်။ အဲ့လိုအချိန်မျိုးမှာဆိုရင် Depression ဝင်တာမျိုး၊ အခုရယ်နေပေမဲ့ ချက်ချင်းငိုချင်လာတာမျိုးနဲ့ ထစ်ခနဲရှိ ဒေါသကြီးလာတတ်တာမျိုး ဖြစ်တတ်ကြပါတယ်။ သေးသေးလေးကအစ ဆန်းဆန်းတင့်ဖြစ်ပြီး သမီးရည်းစားချစ်သူတွေအပေါ်မှာ ပုံမှန်အချိန်ထက် ပိုဆိုးမိတတ်ကြပါတယ်။ အဲ့လိုအချိန်မျိုးကျရင် မိန်းကလေးအနေနဲ့ ကိုယ့်ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြထားပြီး ချစ်သူကောင်လေးအနေနဲ့လည်း ကိုယ့်ကောင်မလေးကို အရင်က ပိုဂရုစိုက်ပြီး တစ်ခုခုဆို စိတ်မထိခိုက်အောင် ထားပေးသင့်ပါတယ်။ မိန်းကလေးတွေအနေနဲ့ ဒီလိုမျိုးဖြစ်လာပြီဆိုရင် မိန်းကလေးတွေအနေနဲ့ ဘာတွေလုပ်သင့်လဲ ဘာတွေရှောင်သင့်လဲဆိုတာ ဖတ်ကြည့်ကြပါစို့။

အဲ့လိုအချိန်မျိုးမှာဆို မိန်းကလေးတွေအနေနဲ့ Vitamin ဓါတ်ပါတဲ့ အစားအစာတွေက စိတ်ခက်ထန်မှုတွေကို သက်သာစေပါတယ်။ ကယ်လ်စီယမ်ဓါတ်ပါတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

ဥပမာ
နွားနို့
ဒိန်ချဉ်
Cheese
အစိမ်းရောင် အသီးအရွက်များ ကိုစားပေးသင့်ပါတယ်။

Vitamin B-6 ဓါတ်ပါတဲ့ ငါး၊ ကြက်သား၊ အသီးများကလည်း စိတ်ခက်ထန်မှုတွေကို သက်သာအောင်ကူညီပေးပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ အဟာရမျှတအောင်စားပေးခြင်း၊ ကောင်းမွန်စွာ အိပ်စက်စေခြင်း၊ stress မဖြစ်အောင်နေခြင်းက ဒီလိုမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဖြည့်စွက်စာအနေနဲ့ Evening Primrose Oil ကိုသောက်ပေးသင့်ပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။