ဗဟုသုတ

သိသလိုလိုနဲ့ လွဲတတ်တဲ့ ဆေးနဲ့သောက်တဲ့ရေ

ရေဆိုတာ ဆေးသောက်ဖို့အတွက် အကောင်းဆုံး အထောက်အပံ့တစ်ခုပါပဲ။ ဆေးကို ရိုးရိုးရေနဲ့သောက်တာကလည်း အဆင်ပြေနိုင်ပါတယ်။ soft drink တို့လို drink မျိုး၊ Coffee ဒါမှမဟုတ် Tea၊ အရက်တို့နဲ့ သောက်သုံးပေးမယ်ဆိုရင် တချို့လူများအတွက် ဓါတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။

နွားနို့နဲ့ Calcium ဓါတ် ဒါမှမဟုတ် Vitamin D ဓါတ်ပါတဲ့ ဆေးတွေကို သောက်တဲ့အခါမှာ safe ဖြစ်ပေမဲ့ တခြားဆေးတွေကိုသောက်တဲ့အခါမှာတော့ safe မဖြစ်နိုင်ပါဘူး။

တကယ်လို့ ချောင်းဆိုးတာ လည်ချောင်းယားတာအတွက် ဆေးသောက်မယ်ဆိုရင် ရေနည်းနည်းနွေးနွေး ဒါမှမဟုတ် မအေးတဲ့ရေနဲ့သောက်ပေးတာကောင်းပါတယ်။ ရေနွေးနွေးလေးက လည်ချောင်းကို ပိုပြီးချောမွေ့စေပြီးတော့ မြန်မြန်သက်သာစေလာနိုင်ပါတယ်။

Capsules လို ဆေးတောင့်လေးတွေသောက်တဲ့အခါမှာတော့ ရေနွေးနဲ့ သောက်ပေးတာကို လုံးဝရှောင်ရှားသင့်ပါတယ်။ တကယ်လို့ရေနွေးနဲ့သောက်မိတဲ့အခါမှာ ဆေးက လည်ချောင်းဝမှာ အရည်ပျော်သွားနိုင်ပါတယ်။ ဒါ့ကြောင့် Capsules လေးတွေသောက်တဲ့အခါ ရေနွေးနဲ့ သောက်တာကို ရှောင်ရှားပေးသင့်ပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။